အစိမ်းရောင်လမ်း
တိရစ္ဆာန်အားလန်းဆန်းစေပြီး “ဝ” စေသော ဆေးဖော်စပ်နည်း

တိရစ္ဆာန်အားလန်းဆန်းစေပြီး “ဝ” စေသော ဆေးဖော်စပ်နည်း

Green Way
Green Way 27/09/2022

မွေးမြူရေး တိရစ္ဆာန်များ အလေးချိန်တိုး ဝစေပြီး အမြဲလန်းဆန်းနေဖို့သည် မွေးမြူရေးတောင်သူများ၏ ရည်မှန်းချက်ပင်ဖြစ်ပါသည်။ ဒါ့ကြောင့် တိရစ္ဆာန်များ လန်းဆန်းစေနည်းနှင့် အလေးချိန်တိုးစေနည်းအားဖော်ပြပေးလိုက်ပါသည်။

တိရစ္ဆာန်အား အလေးချိန်တိုး "ဝ" စေရန်

မယ်ဇလီရွက် - လက်တစ်ဆုပ်

ဆင်တုံးမနွယ် - လက်တစ်ဆုပ်

ရဲယိုရွက် - လက်တစ်ဆုပ်

အုန်းသီးတစ်လုံး - ခြစ်သား

ဆား - လက်တစ်ဆုပ် အားလုံးကို ရေ ၁၀ လီတာနှင့်ရောပြီး (၂) ရက်စိမ်ပါ။

တိရစ္ဆာန်အား နေ့စဉ် နံနက်တိုင်း တစ်လီတာထည့်ပါ။ ပြီးလျှင်ရေများများတိုက်ပါ။

တိရစ္ဆာန်လန်းဆန်းတက်ကြွရန်

ဆင်တုံးမနွယ် - (၇) ကျပ်သား

ဂုံမင်း - (၇) ကျပ်သား ရောထောင်းပြီး ၊ ထမင်း ၁၅ ကျပ်သားပါ ရောထောင်းပါ။ လောက်စာလုံးအရွယ်အလုံးငယ်များ ပြုလုပ်ပြီး တိရစ္ဆာန်အား တစ်ရက်တစ်ကြိမ် (၃) ရက်ဆက်ကျွေးပါ။

ဦးဖရတ်သိန်းဖေရေးသားသော "ကျွဲ၊ နွား၊ သိုး၊ ဆိတ် ရောဂါ ရိုးရာကုထုံးများ" စာအုပ်တွင် ပါဝင်သည့် ဆောင်းပါးကောင်းတစ်ပုဒ်အား ကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။

တခြားဆောင်းပါးကောင်းများကို ဖတ်ရှုလို၍ စာအုပ်ကို ဝယ်ယူလိုပါက အစိမ်းရောင်လမ်းရဲ့  ဈေးတန်းကြီးကဏ္ဍမှာရှိတဲ့ ဗွေဆော်ဦးစာအုပ်ဆိုင်မှာ အော်ဒါတင်နိုင်သလို page chat box မှာအမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်လေးပေးပြီး လာရောက်ဝယ်ယူနိုင်ပါတယ်ရှင့် )

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

6
ကျော်ဇင်လတ်

ကျော်ဇင်လတ်

လွန်ခဲ့သော ၂ နှစ် က

တစ်နေတလီသာထည့်ပြီးတိုက်တယ်ဗျာစိမ်ထားတဲ့ရေကုန်သွားရင်အဖတ်တွေးလွန်မပစ်ဘယ်ရေပြန်ထည့်ရမလား

U Pyone Cho

U Pyone Cho

လွန်ခဲ့သော ၃ နှစ် က

druduvjhvhjguigfu

Aung Bo

Aung Bo

လွန်ခဲ့သော ၃ နှစ် က

ဝက််ဝမ််းရောဂါအတွက်ဆေးနည်းတင်ပေးပါ

ကိုဇင်နိုင်ဝင်း

ကိုဇင်နိုင်ဝင်း

လွန်ခဲ့သော ၃ နှစ် က

ဝက်တွေအတွက်ရောရလား

မောင်​ ​ဇွဲညီ

မောင်​ ​ဇွဲညီ

လွန်ခဲ့သော ၃ နှစ် က

ကျေးဇူး

You

ဆက်စပ်မေးခွန်းများ

နွားကခြောက်လသားပါ။နားအထဲမှာပြည်ရှိပါတယ်။ပုပ်ဆော်နံပါတယ်။ နားအစပ်နားမှာလည်းအပေါက်ကလေးဖြစ်ပြီးပြည်ရှိပါတယ်။နားရွက်မလှုပ်နိုင်ပါ။အစာလည်းအနည်းငယ်စား။နို့လည်းဆို့။စမြုံ့လည်းပြန်ပါတယ်။ အချိန်တိုင်းအိပ်နေတာပါ။အသက်ရှူရင်လည်း လည်ပင်းက တဂွီဂွီအသံမြည်ပါတယ်။နှာရည်ကအဖြူရောင်တွေကျတာလည်းရှိပါတယ်။တခါတလေအစာဖတ်ကလေးတွေပါပါလာတတ်ပါတယ်။ dexa genta procaine penicillin ညွှန်ကြားမှူနဲ့ထိုးပါတယ်။ အနည်းငယ်ပဲဆင်ပြေပါတယ်။ နွားမလန်းပါ။ ဘာများဆက်လုပ်ရမလဲခင်ဗျာ။ဖြစ်နေတာကဆယ်ရက်လောက်ရှိပါပီ။ဆေးထိုးတာကတော့ 3ရက်လောက်ပဲကြာပါသေးတယ်။ဖြေကြားပေးပါခင်ဗျာ

အုန်းကျော် • ဖြေကြားချက် 1 ခု

မဂင်လာပါဆရာတို့ခင်ဗျာ။ နွားက 6လသားအရွယ်ပါ။နားတဖက်မှာ အထဲမရောက်ပဲ အ၀နားမှာအပေါက်ကလေးဖြစ်ပြီးပြည်တည်ပါတယ်။နားအထဲမှာပဲ အဲနေရာကနေပဲစီးကျသလားမသိပါ ပြည်စတွေရှိပါတယ်။နားရွက်မလှူပ်နိုင်ပါ။ဖျားပါတယ်။အဖျားကျဆေးထိုးပြီးလည်းနားကမသက်သာပါ။gentamycin dexa procaine penicillin ကိုလည်းကျွမ်းကျင်သူရဲ့ပြောကြားမှုနဲ့ထိုးပါတယ်။ သက်သာမှူသိပ်မရှိပါ။ အစာစားပါတယ်။နို့စို့ပါတယ်။စာမြုံ့အနည်းငယ်ပြန်ပါတယ်။ ခုတခါထပ်ဖြစ်နေတာက နှားခေါင်းကအဖြူရောင်အနှစ်တွေကျပါတယါ။အသက်ရှုတဲ့အခါ လည်ပင်းမှာတဂွီဂွီအသံတွေမြည်ပါတယ်။အစာမစားတဲ့အချိန်အိပ်နေတာများပါတယ်။ ဘာများဆက်လုပ်ရမလဲခင်ဗျာ။ဖြေကြားပေးပါခင်ဗျာ။

အုန်းကျော် • ဖြေကြားချက် 1 ခု

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 1 ခု

နွားထီး၂နှစ်ခွဲးအရွယ်ဝမ်းပျော့တေသွားနေတာ၁ပတ်လောက်ရှိနေပီခုထိမရပ်သေးလို့ကာကွယ်ကုသနည်းလေးညွှန်ပြပေးပါဆရာတို့

tinwinesein • ဖြေကြားချက် 2 ခု

ဆေးကို ဘယ်မှာဝယ်လို့ရနိုင်ပါသလဲ ကျိုက်လတ် မအူပင်နဲ့နီးပါတယ်

အောင် ကောင်းပြည့် • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။