ဝက်ကလေးတွေ ကျန်းမာနေစေလိုလျှင်...
ဝက်မွေးမြူရေးတွင် ကျန်းမာရေးစောင့်ရှောက်ခြင်းနှင့် စီမံခန့်ခွဲမှုကောင်းမွန်ပါက ရောဂါဖြစ်ပွားမှုအန္တရာယ်မှ အလိုအလျောက်ကာကွယ်ထားပြီးဖြစ်သည်။ ကျန်းမာရေးစောင့်ရှောက်မှုညံ့ဖျင်းမည်ဆိုပါကမူ ဝက်များ၏ ကိုယ်ခံစွမ်းအားကျဆင်းပြီး ရောဂါကျရောက်ဖြစ်ပွားရန် အခွင့်အလမ်းပိုများမည်ဖြစ်သည်။

ထို့ကြောင့် ရောဂါဖြစ်ပွားမှုနည်းပါးစေရန် အောက်ပါအချက်များကို လိုက်နာဆောင်ရွက်သင့်ပါသည်။
စနစ်တကျ မွေးမြူထားရှိခြင်း
- ၁။ ဝက်ခြံအတွင်း၌ လေဝင်လေထွက်ကောင်းမွန်ရန် စီမံထားရပါမည်။ လေဝင်လေထွက် မကောင်းပါက ခြံအဆောက်အဦထဲ၌ ရောဂါပိုးမွှားများ ခိုအောင်းနေပြီး အသက်ရှူလမ်းကြောင်းရောဂါ ဖြစ်ပွားသည့်အန္တရာယ် ရှိနိုင်ပါသည်။
- ၂။ ဝက်အစာခွက်နှင့် ရေခွက်များ အမြဲသန့်ရှင်းနေရန် လိုအပ်ပါသည်။
- ၃။ အစာခွက်ထဲ၌ ဝက်ကလေးများဝင်အိပ်၍ မရအောင် စီမံဆောင်ရွက်ထားရပါမည်။
- ၄။ ဝက်တစ်သုတ်ထုတ်ပြီး နောက်တစ်သုတ် မထည့်မီကာလ၌ ခြံသန့်ရှင်းရေးနှင့် ပိုးမွှားသန့်စင်ရေး ဆောင်ရွက်ရန် လိုအပ်ပါသည်။
- ၅။ ဝက်ခြံတစ်ခြံတည်းအတွင်း၌ အရွယ်စုံဝက်များကို မမွေးမြူသင့်ချေ။
- ၆။ ဝက်တစ်ကောင်ချင်း၏ အသက်အရွယ်နှင့် ခန္ဓာကိုယ်အလေးချိန်အတွက် သတ်မှတ်ထားသော ခြံအကျယ်အဝန်းအတိုင်း နေရာသတ်မှတ်ပေးရပါမည်။
- ၇။ ခြံကျပ်နေပါက ရောဂါဝင်ရောက်ကူးစက်နိုင်သည့် အခွင့်အလမ်းသာပါသည်။
ကြိုတင်ကာကွယ်ဆေးထိုးပေးခြင်း
ရောဂါကို မဖြစ်မီကြိုတင်ကာကွယ်ခြင်းသည် အကောင်းဆုံးနည်းလမ်းဖြစ်သည်။ ထို့ကြောင့် ကာကွယ်ဆေးကို ပုံမှန်ထိုးနှံပေးရပါမည်။
ကာကွယ်ဆေးထိုးရမည့်အစီအစဉ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ukoop
လွန်ခဲ့သော ၇ လ ကဝက်များအတွက် ကပ်ပါးရောဂါ ကုသမှုကိုမည်သို့လုပ်ဆောင်ရမည်နည်း
U Aung Ba
လွန်ခဲ့သော ၂ နှစ် ကဝက် မကိုယ်ဝန်းရှိမရှိ ဘယ်လိုစန်သက်မလဲ
ကိုကျော်စိုး
လွန်ခဲ့သော ၃ နှစ် ကဝက်ကလေးခွာနာရယ်ဘာဆေးသုံးလဲဗျ
toetoe
လွန်ခဲ့သော ၃ နှစ် ကအင်တာစပက်တင်း၁စီစီတနေ့တကြိမ်ထိုးပေးပါ၃ရက်ထိုးပီးစောင့်ကြည့်ပေးမပျောက်ရင်သုံးရက်ဆက်ထိုးအဲလိုဆေးပတ်လည်အောင်သုံးရက်ခြားသုံးကြိမ်ထိုးပျောက်တယ်ဝက်ကိုတော့အအေးမမိအောင်ဂရုစိုက်ပါ
Moe Zaw
လွန်ခဲ့သော ၃ နှစ် ကဝက်ငယ်1လခွဲသားအရွယ်ေ ချာင်းဆိုးနေပါတယ်ဘယ်လိုကုသလို့ရပါသလဲ ကျေးဇူးပြု၍လမ်းညွန်ပေးပါမိတ်ဆွေတို့ခမျာ
ဆက်စပ်မေးခွန်းများ
နွားကခြောက်လသားပါ။နားအထဲမှာပြည်ရှိပါတယ်။ပုပ်ဆော်နံပါတယ်။ နားအစပ်နားမှာလည်းအပေါက်ကလေးဖြစ်ပြီးပြည်ရှိပါတယ်။နားရွက်မလှုပ်နိုင်ပါ။အစာလည်းအနည်းငယ်စား။နို့လည်းဆို့။စမြုံ့လည်းပြန်ပါတယ်။ အချိန်တိုင်းအိပ်နေတာပါ။အသက်ရှူရင်လည်း လည်ပင်းက တဂွီဂွီအသံမြည်ပါတယ်။နှာရည်ကအဖြူရောင်တွေကျတာလည်းရှိပါတယ်။တခါတလေအစာဖတ်ကလေးတွေပါပါလာတတ်ပါတယ်။ dexa genta procaine penicillin ညွှန်ကြားမှူနဲ့ထိုးပါတယ်။ အနည်းငယ်ပဲဆင်ပြေပါတယ်။ နွားမလန်းပါ။ ဘာများဆက်လုပ်ရမလဲခင်ဗျာ။ဖြစ်နေတာကဆယ်ရက်လောက်ရှိပါပီ။ဆေးထိုးတာကတော့ 3ရက်လောက်ပဲကြာပါသေးတယ်။ဖြေကြားပေးပါခင်ဗျာ
အုန်းကျော် • ဖြေကြားချက် 1 ခု
မဂင်လာပါဆရာတို့ခင်ဗျာ။ နွားက 6လသားအရွယ်ပါ။နားတဖက်မှာ အထဲမရောက်ပဲ အ၀နားမှာအပေါက်ကလေးဖြစ်ပြီးပြည်တည်ပါတယ်။နားအထဲမှာပဲ အဲနေရာကနေပဲစီးကျသလားမသိပါ ပြည်စတွေရှိပါတယ်။နားရွက်မလှူပ်နိုင်ပါ။ဖျားပါတယ်။အဖျားကျဆေးထိုးပြီးလည်းနားကမသက်သာပါ။gentamycin dexa procaine penicillin ကိုလည်းကျွမ်းကျင်သူရဲ့ပြောကြားမှုနဲ့ထိုးပါတယ်။ သက်သာမှူသိပ်မရှိပါ။ အစာစားပါတယ်။နို့စို့ပါတယ်။စာမြုံ့အနည်းငယ်ပြန်ပါတယ်။ ခုတခါထပ်ဖြစ်နေတာက နှားခေါင်းကအဖြူရောင်အနှစ်တွေကျပါတယါ။အသက်ရှုတဲ့အခါ လည်ပင်းမှာတဂွီဂွီအသံတွေမြည်ပါတယ်။အစာမစားတဲ့အချိန်အိပ်နေတာများပါတယ်။ ဘာများဆက်လုပ်ရမလဲခင်ဗျာ။ဖြေကြားပေးပါခင်ဗျာ။
အုန်းကျော် • ဖြေကြားချက် 1 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 1 ခု
နွားထီး၂နှစ်ခွဲးအရွယ်ဝမ်းပျော့တေသွားနေတာ၁ပတ်လောက်ရှိနေပီခုထိမရပ်သေးလို့ကာကွယ်ကုသနည်းလေးညွှန်ပြပေးပါဆရာတို့
tinwinesein • ဖြေကြားချက် 2 ခု
ဆေးကို ဘယ်မှာဝယ်လို့ရနိုင်ပါသလဲ ကျိုက်လတ် မအူပင်နဲ့နီးပါတယ်
အောင် ကောင်းပြည့် • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from ဦးဇော်(dof)
အားလုံး