အသားစားကြက်များကို ရုတ်တရက်သေဆုံးစေသည့် SMS ရောဂါကို ကာကွယ်ကုသနည်း
ယခုတလော အသားစားကြက်များ ရုတ်တရက်သေဆုံးသည်ကို ခပ်စိတ်စိတ် တွေ့နေရသည်။ Field Vet (ကွင်းဆင်းတိ/မွေးကုဆရာဝန်) တစ်ဦးအနေဖြင့် လွန်ခဲ့သော နှစ် ၂၀ ဝန်းကျင် နွေရာသီကာလများတွင် များစွာတွေ့ခဲ့ရဖူးသလို ယခုလည်း ထပ်မံတွေ့ရသည့် ယခုရောဂါမှာ Spiking Mortality Syndrome ရောဂါဖြစ်သည်။ ထို့ကြောင့် Avian pathologist (ပညာရှင်) များ ဖော်ပြသော Spiking Mortality Syndrome ဆောင်းပါးများကို ကြက်မွေးမြူသူများ အထောက်အကူဖြစ်စေရန် ကောက်နုတ်ဖော်ပြလိုက်ပါသည်။
Spiking Mortality Syndrome ကို အတိုကောက်အားဖြင့် SMS ဟု ခေါ်လေ့ရှိသည်။ ၁၉၈၈ နှင့် ၁၉၉၀ အစပိုင်းတွင် ဖြစ်ပွားနေပြီး အမေရိကန်နိုင်ငံ ဒယ်မာဗာဒေသတွင် စတင်ဖော်ထုတ်နိုင်ခဲ့သောရောဂါဖြစ်သည်။ နောက်ပိုင်းတွင် ကမ္ဘာ့နေရာ အနှံ့အပြား၌လည်း တွေ့လာရသည်။
ရောဂါဖြစ်စေသောအကြောင်းများစွာရှိပြီး Arneavirus (အာရီနာဗိုင်းရပ်စ်) ပိုးကြောင့်ဖြစ်ရသည်ဟု အတည်ပြုထားပါသည်။ (Dr. James Davis of the Georgia Poultry Laboratory, together with other researchers)

ဤရောဂါသည် အသက် ၈ ရက်မှ ၂၀ ရက်သားကြက်များတွင် အဖြစ်များပြီး ၃၀-၃၅ ရက်အရွယ်ထိ ဖြစ်ပွားတတ်ပါသည်။
ရောဂါကို ဖြစ်ပွားသည့်လက္ခဏာများပေါ်မူတည်၍ Type A, Type B ဟု ခွဲခြားထားပါသည်။
Type A တွင် တွေ့ရသည့်လက္ခဏာများမှာ..
- မှောက်လျက်ခြေထောက်ကို ရှေ့သို့ဆန့်အိပ်ခြင်း
- ခန္ဓာကိုယ်တုန်ခြင်း
- အာရုံကြောလက္ခဏာပြခြင်း၊ ဒယီးဒယိုင်လမ်းလျှောက်ခြင်း (Encephalomyelitis ရောဂါနှင့်ဆင်တူသည်)
- အချို့ မျက်စိကောင်းစွာ မမြင်ရခြင်း
- တက်ခြင်း၊ ကြက်ငယ်များတွင် သွေးတွင်းသကြားဓာတ်ကျခြင်း (ပုံမှန် 137mg/cc ရှိသော်လည်း ယင်းရောဂါဖြစ်ပွားချိန်တွင် 30mg/cc သာရှိ)
- ပြန်ကောင်းသောကြက်တို့ ကြီးထွားမှု သိသာစွာနည်းသွားခြင်း
- အသံကျယ်လောင်စွာ တကျီကျီမြည်လျက် ပတ်ပြေးကာ သေဆုံးခြင်း
- ရောဂါလက္ခဏာစတင်တွေ့ရပြီး ၂-၆ နာရီအတွင်း သေဆုံးတတ်ခြင်း
- သေနှုန်း ၁ ရာခိုင်နှုန်းခန့်ရှိပြီး ၃ ရက်ထက်ပိုပြီး မဖြစ်ပွားတတ်ပါ။
သေဆုံးချိန်တွင် မှောက်လျက်နှင့်ခြေထောက်များ ရှေ့သို့ဆန့်တန်းနေခြင်းကို တွေ့နိုင်သည်။
Type B တွင်မူ..
- Type A ကဲ့သို့ ရောဂါလက္ခဏာများမပြပါ။
- ၁-၂ ပတ်သားအရွယ်တွင် သေနှုန်း သိသာစွာများတတ်သည်။
- ၃ ရက်ထက်ပို၍ ရောဂါဖြစ်နိုင်သည်။ သို့သော် သေနှုန်းမှာမူ ၀.၅ ရာခိုင်နှုန်းသာရှိသည်။
အသေကောင် ခွဲစိတ်စစ်ဆေးစဉ် တွေ့နိုင်သောအနာ
- အူနောက်ပိုင်းနှင့် ချေးအိမ်(caecum) ပတ်လည်တွင် လိမ္မော်ရောင်အရည်များရှိခြင်း
- အချို့တွင် အူရောင်ခြင်း (mild-sever enteritis)
- ကြက်ချေးထဲတွင် အချွဲမြှေးများပါဝင်ကာ အမြှုပ်ထနေခြင်း
- ရေဓာတ်ခန်းခြောက်ခြင်း (ခြေထောက်တွင်မြင်သာ)
- အတောင်ပံတွင် ထိခိုက်ဒဏ်ရာတွေ့ခြင်း
- အချို့တွင် အသည်းသွေးယိုထွက်ခြင်း၊ အဝါရောင်ကဲ့သို့ ဖျော့သောအကွက် (necrosis) ငယ်များ တွေ့ရခြင်း
တို့တွေ့နိုင်ပါသည်။
ကုသခြင်းနှင့်ကာကွယ်ခြင်း
- သွေးတွင်း ရုတ်တရက်သကြားဓာတ်လျော့ကာ သေဆုံးတတ်သောကြောင့် Glucose 2% (သောက်ရေတစ်ဂါလံလျှင် ၉၀ ဂရမ်နှုန်း) ၂ ရက်ဆက်တိုက်ပါ။
- နောက်ဆက်တွဲရောဂါထိန်းနိုင်ရန် Enrofloxacin (EN) ကို သောက်ရေ တစ်ဂါလံလျှင် ၂.၅ ဂရမ်နှုန်း ၃ ရက်ဆက်တိုက်ပါ။ (Quinolone antibiotics in the water)
- ကြက်ငယ်အသက်ရက်အလိုက် အပူချိန်ညီအောင် အနွေးပေးပါ။
- ဗီတာမင် E နှင့် Selenium ဆေးတိုက်ပါ။ ဗီတာမင်အားဆေးများပေးပါ။
- ခြံတွင်းကြွက်၊ darking beetle (ပိုးအမဲကောင်) များ ဝင်ရောက်မှုကို ထိန်းချုပ် နှိမ်နင်းပါ။
- ညအချိန် အလင်းရောင် ကန့်သတ်ပေးပါ။ ၁-၂ နာရီ မီးပိတ်ခြင်းသည် Growth Hormone level ကို မြင့်စေပြီး သွေးတွင်းသကြားဓာတ်နည်းမှုကို သက်သာစေသည်။
Spiking Mortality Syndrome ရောဂါသည် သေနှုန်းမများသော်လည်း ကြီးထွားနှုန်း ထိခိုက်စေခြင်းကြောင့် ကြက်မွေးမြူသူတို့ သိရှိနားလည်ကာ ကာကွယ်ကုသနိုင်ပါရန် တင်ပြလိုက်ရပါသည်။
Ref; Spiking Mortality Syndrome of Chicken by Dr.John Schleifer
Spiking Mortality Syndrome (The Poultry Site)
Spiking Mortality Syndrome in Broiler. Part 2&3. 2015
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Hein Wunna Aung
လွန်ခဲ့သော ၃ နှစ် ကကြက်တွေ့တာနေလိုဆေးနည်းလေး
Hein Wunna Aung
လွန်ခဲ့သော ၃ နှစ် ကမဂ်လာပ့ဗျာ
ကိုကျော်စိုး
လွန်ခဲ့သော ၃ နှစ် ကနောက်ထပ် ဆေးဝါရည် ကြက်ငယ်တွေ့အတွက်ဘာဆေးတွေ့သုံးသင်ပါသေးလဲဆရာတို့
ဆက်စပ်မေးခွန်းများ
နွားကခြောက်လသားပါ။နားအထဲမှာပြည်ရှိပါတယ်။ပုပ်ဆော်နံပါတယ်။ နားအစပ်နားမှာလည်းအပေါက်ကလေးဖြစ်ပြီးပြည်ရှိပါတယ်။နားရွက်မလှုပ်နိုင်ပါ။အစာလည်းအနည်းငယ်စား။နို့လည်းဆို့။စမြုံ့လည်းပြန်ပါတယ်။ အချိန်တိုင်းအိပ်နေတာပါ။အသက်ရှူရင်လည်း လည်ပင်းက တဂွီဂွီအသံမြည်ပါတယ်။နှာရည်ကအဖြူရောင်တွေကျတာလည်းရှိပါတယ်။တခါတလေအစာဖတ်ကလေးတွေပါပါလာတတ်ပါတယ်။ dexa genta procaine penicillin ညွှန်ကြားမှူနဲ့ထိုးပါတယ်။ အနည်းငယ်ပဲဆင်ပြေပါတယ်။ နွားမလန်းပါ။ ဘာများဆက်လုပ်ရမလဲခင်ဗျာ။ဖြစ်နေတာကဆယ်ရက်လောက်ရှိပါပီ။ဆေးထိုးတာကတော့ 3ရက်လောက်ပဲကြာပါသေးတယ်။ဖြေကြားပေးပါခင်ဗျာ
အုန်းကျော် • ဖြေကြားချက် 1 ခု
မဂင်လာပါဆရာတို့ခင်ဗျာ။ နွားက 6လသားအရွယ်ပါ။နားတဖက်မှာ အထဲမရောက်ပဲ အ၀နားမှာအပေါက်ကလေးဖြစ်ပြီးပြည်တည်ပါတယ်။နားအထဲမှာပဲ အဲနေရာကနေပဲစီးကျသလားမသိပါ ပြည်စတွေရှိပါတယ်။နားရွက်မလှူပ်နိုင်ပါ။ဖျားပါတယ်။အဖျားကျဆေးထိုးပြီးလည်းနားကမသက်သာပါ။gentamycin dexa procaine penicillin ကိုလည်းကျွမ်းကျင်သူရဲ့ပြောကြားမှုနဲ့ထိုးပါတယ်။ သက်သာမှူသိပ်မရှိပါ။ အစာစားပါတယ်။နို့စို့ပါတယ်။စာမြုံ့အနည်းငယ်ပြန်ပါတယ်။ ခုတခါထပ်ဖြစ်နေတာက နှားခေါင်းကအဖြူရောင်အနှစ်တွေကျပါတယါ။အသက်ရှုတဲ့အခါ လည်ပင်းမှာတဂွီဂွီအသံတွေမြည်ပါတယ်။အစာမစားတဲ့အချိန်အိပ်နေတာများပါတယ်။ ဘာများဆက်လုပ်ရမလဲခင်ဗျာ။ဖြေကြားပေးပါခင်ဗျာ။
အုန်းကျော် • ဖြေကြားချက် 1 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 1 ခု
နွားထီး၂နှစ်ခွဲးအရွယ်ဝမ်းပျော့တေသွားနေတာ၁ပတ်လောက်ရှိနေပီခုထိမရပ်သေးလို့ကာကွယ်ကုသနည်းလေးညွှန်ပြပေးပါဆရာတို့
tinwinesein • ဖြေကြားချက် 2 ခု
ဆေးကို ဘယ်မှာဝယ်လို့ရနိုင်ပါသလဲ ကျိုက်လတ် မအူပင်နဲ့နီးပါတယ်
အောင် ကောင်းပြည့် • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Dr.ညွန့်ရွှေ(မွေးမြူဆေးကု)
အားလုံး
ကြက်နှလုံးဖုံးမြှေးအတွင်း အရည်စုခြင်းရောဂါ (Hydropericardial Syndrome in Chicken)
12/09/2022
ဝက်ဝမ်းလျှောသေဆုံးရခြင်းအကြောင်းများနှင့် ကာကွယ်ကုသနည်းများ
15/08/2022
ဝက်ဆားအဆိပ်သင့်ခြင်း(သို့) ဝက်ရေငတ်ရောဂါ
03/08/2022
မိုးရာသီတွင် အဖြစ်များသည့် ကြက်သွေးဝမ်းရောဂါ ကာကွယ်ကုသနည်း
22/07/2022
သေဆုံး၊ ထိခိုက်မှု မြင့်မားသည့် ကြက်ကိုယ်တွင်းအင်္ဂါ ဂေါက်ရောဂါ
15/07/2022
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....