သိုး၊ ဆိတ်များပေါ်က သွေးစုပ်ကောင်များကို ကာကွယ်နှိမ်နင်းနည်း
သိုး၊ ဆိတ်များတွင် အဖြစ်များသော ရောဂါတစ်မျိုးဖြစ်သည့် သန်းရောဂါ(Lice) အကြောင်းကို သိုး၊ ဆိတ်မွေးမြူသူများအနေဖြင့် သိရှိထားရန်လိုသဖြင့် ကာကွယ်ကုသနည်းကို ဖော်ပြပေးလိုက်ပါသည်။

ရောဂါဖြစ်ပွားစေသော အကြောင်းရင်းမှာ...
- သန်းများသည် လက်ခံကောင်တိရစ္ဆာန်၏ ခန္ဓာကိုယ်ပေါ်တွင် ဘဝတစ်လျှောက်လုံး နေထိုင်လေ့ရှိကြပြီး ပြင်ပတွင် ကြာရှည်မရှင်သန်နိုင်ပါ။
- တိရစ္ဆာန်၏အရေပြားကို ကိုက်သည့်အခါ ၎င်းတို့၏တံတွေးကြောင့် တိရစ္ဆာန်၏ခန္ဓာကိုယ်မှ ဓာတ်မတည့်မှု(allergic reaction)များ ဖြစ်ပေါ်ကာ ယားနာများ ဖြစ်ပေါ်စေပါသည်။
ရောဂါဖြစ်ပွားစေသည့် သန်းအမျိုးအစား
- သန်းအမျိုးအစား(၂)မျိုးရှိပြီး သွေးစုပ်သောသန်းအမျိုးအစားနှင့် အရေပြားကို ကိုက်ဖြတ်စားသောက်သော သန်းအမျိုးအစားတို့ ဖြစ်ပါသည်။
- အမများသည် အမွေးအမှင်များပေါ်တွင် ဥများဥချကြပါသည်။
- ဥမှပေါက်လာသော သားလောင်းများသည် သက်ကြီးကောင်များနှင့် ဆင်တူသော်လည်း ဥမဥနိုင်သေးပါ။
- သားလောင်းအဆင့်ဆင့်ကို ၂ - ၃ ပတ်အတွင်း ဖြတ်သန်းပြီးနောက် သက်ကြီးကောင်ဖြစ်လာပြီး ဥများပြန်လည်ဥချကြပါသည်။
ရောဂါလက္ခဏာများ
- အမွေးကျွတ်ခြင်းကို တောက်လျှောက်တွေ့ရနိုင်ပါသည်။
- အရေပြားပေါ်တွင် သန်းများကို တွေ့နိုင်ပါသည်။
- သွေးစုပ်သောသန်းများ အမြောက်အများရှိနေပါက သွေးအားနည်းခြင်းနှင့် သွေးတွင်းမှ ပရိုတင်းနည်းပါးသွားခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။
ရောဂါကူးစက်ပုံ
- များသောအားဖြင့် တိုက်ရိုက်ထိတွေ့မှုမှ ကူးစက်ပါသည်။
- သန်းရှိသောတိရစ္ဆာန် ပွတ်ထားသောမျက်နှာပြင်တစ်ခုခုအား ခဏအတွင်း အခြားတစ်ကောင်က ပွတ်တိုက်မိပါကလည်း ကူးစက်နိုင်ပါသည်။
- တိရစ္ဆာန်များတွင်တွေ့ရသောသန်းများမှာ ရောဂါများကိုတော့ ကူးစက်စေခြင်းမရှိပါ။
အသေကောင်ခွဲစိတ်စစ်ဆေးမှု
- သန်းများကြောင့်သေဆုံးမှုမှာ အလွန်ရှားပါးပါသည်။ သို့သော် သွေးစုပ်သောသန်း များပါက သွေးအားနည်းကာ သေဆုံးနိုင်ပါသည်။
- သေဆုံးချိန်တွင် အမွေးများပြင်ပသို့ သန်းများထွက်လာကြသည်ကို တွေ့ရနိုင်ပါသည်။
ရောဂါအားစစ်ဆေးခြင်း
- သွေးအားနည်းလက္ခဏာများ၊ အရေပြားယားယံမှုများနှင့် အရေပြားပေါ်တွင် သန်းများတွေ့ရှိခြင်းတို့ဖြင့် ရောဂါအမည် တပ်နိုင်ပါသည်။
ကာကွယ်ခြင်း
- ခြံတွင် သန်းများကိုရှင်းလင်းပြီးပါက အခြားတိရစ္ဆာန်များနှင့် အထိအတွေ့မရှိအောင် ခွဲခြားထားရန် လိုအပ်ပါသည်။
ကုသခြင်း
- Ivermectin ထိုးနှံနိုင်ပြီး ၂ ပတ်ခြား၍ နောက် ၁ ကြိမ် ထိုးနှံပေးရပါမည်။
- အရေပြားကို ကိုက်ဖြတ်စားသောက်သော သန်းများအတွက်မူ အင်းဆက်ပိုးသတ်ဆေးများကို ၂ ပတ်ခြား လိမ်းပေးနိုင်ပါသည်။ ထိုသို့ကုသသည့်အခါ တစ်ခြံလုံးကို ကုသပေးရပါမည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ukoop
လွန်ခဲ့သော ၇ လ ကဆိတ်များတွင်ကျရောက်တတ်သောရောဂါများ
ဦးဇော်(dof)
လွန်ခဲ့သော ၃ နှစ် ကဆိတ်ကလေးကို ပဋိဇီဝဆေးတွေနဲ့ ကုသရမှာမို့ နီးစပ်ရာတိမွေးကုဆရာဝန်နဲ့ပြသပေးပါ။ ဆိတ်ငယ်အသက် ၂လသားအရွယ်ရောက်ရင်လည်း ကာကွယ်ဆေး ထိုးပေးပါခင်ဗျ
ဦးဇော်(dof)
လွန်ခဲ့သော ၃ နှစ် ကသိုးက အအေးပိုင်းဒေသမှာ ပိုပြီး ဖြစ်ထွန်းအောင်မြင်ပါတယ်
May
လွန်ခဲ့သော ၃ နှစ် ကဆိတ်ကလေး ရက်25 သားလေး၀မ်းအရမ်းသွားနေတာ ဘာလုပ်ရမလဲ။ အမေကြီးက သေသွားတော့ မိခင်နို့မရပါဘူး
အငယ်လေး
လွန်ခဲ့သော ၃ နှစ် ကသိုးကအမူပိုင်ဒေသမာမွေးလိုရလား
ဆက်စပ်မေးခွန်းများ
နွားကခြောက်လသားပါ။နားအထဲမှာပြည်ရှိပါတယ်။ပုပ်ဆော်နံပါတယ်။ နားအစပ်နားမှာလည်းအပေါက်ကလေးဖြစ်ပြီးပြည်ရှိပါတယ်။နားရွက်မလှုပ်နိုင်ပါ။အစာလည်းအနည်းငယ်စား။နို့လည်းဆို့။စမြုံ့လည်းပြန်ပါတယ်။ အချိန်တိုင်းအိပ်နေတာပါ။အသက်ရှူရင်လည်း လည်ပင်းက တဂွီဂွီအသံမြည်ပါတယ်။နှာရည်ကအဖြူရောင်တွေကျတာလည်းရှိပါတယ်။တခါတလေအစာဖတ်ကလေးတွေပါပါလာတတ်ပါတယ်။ dexa genta procaine penicillin ညွှန်ကြားမှူနဲ့ထိုးပါတယ်။ အနည်းငယ်ပဲဆင်ပြေပါတယ်။ နွားမလန်းပါ။ ဘာများဆက်လုပ်ရမလဲခင်ဗျာ။ဖြစ်နေတာကဆယ်ရက်လောက်ရှိပါပီ။ဆေးထိုးတာကတော့ 3ရက်လောက်ပဲကြာပါသေးတယ်။ဖြေကြားပေးပါခင်ဗျာ
အုန်းကျော် • ဖြေကြားချက် 1 ခု
မဂင်လာပါဆရာတို့ခင်ဗျာ။ နွားက 6လသားအရွယ်ပါ။နားတဖက်မှာ အထဲမရောက်ပဲ အ၀နားမှာအပေါက်ကလေးဖြစ်ပြီးပြည်တည်ပါတယ်။နားအထဲမှာပဲ အဲနေရာကနေပဲစီးကျသလားမသိပါ ပြည်စတွေရှိပါတယ်။နားရွက်မလှူပ်နိုင်ပါ။ဖျားပါတယ်။အဖျားကျဆေးထိုးပြီးလည်းနားကမသက်သာပါ။gentamycin dexa procaine penicillin ကိုလည်းကျွမ်းကျင်သူရဲ့ပြောကြားမှုနဲ့ထိုးပါတယ်။ သက်သာမှူသိပ်မရှိပါ။ အစာစားပါတယ်။နို့စို့ပါတယ်။စာမြုံ့အနည်းငယ်ပြန်ပါတယ်။ ခုတခါထပ်ဖြစ်နေတာက နှားခေါင်းကအဖြူရောင်အနှစ်တွေကျပါတယါ။အသက်ရှုတဲ့အခါ လည်ပင်းမှာတဂွီဂွီအသံတွေမြည်ပါတယ်။အစာမစားတဲ့အချိန်အိပ်နေတာများပါတယ်။ ဘာများဆက်လုပ်ရမလဲခင်ဗျာ။ဖြေကြားပေးပါခင်ဗျာ။
အုန်းကျော် • ဖြေကြားချက် 1 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 1 ခု
နွားထီး၂နှစ်ခွဲးအရွယ်ဝမ်းပျော့တေသွားနေတာ၁ပတ်လောက်ရှိနေပီခုထိမရပ်သေးလို့ကာကွယ်ကုသနည်းလေးညွှန်ပြပေးပါဆရာတို့
tinwinesein • ဖြေကြားချက် 2 ခု
ဆေးကို ဘယ်မှာဝယ်လို့ရနိုင်ပါသလဲ ကျိုက်လတ် မအူပင်နဲ့နီးပါတယ်
အောင် ကောင်းပြည့် • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from ဦးဇော်(dof)
အားလုံး