အစိမ်းရောင်လမ်း
ကူးစက်မြန် သေနှုန်းမြင့် ကြက်လည်လိမ်ရောဂါကို ကာကွယ်ကုသနည်း

ကူးစက်မြန် သေနှုန်းမြင့် ကြက်လည်လိမ်ရောဂါကို ကာကွယ်ကုသနည်း

Green Way
Green Way 25/08/2022

 

ကြက်မွေးမြူရေးလုပ်ငန်း အောင်မြင်မှုကို အဟန့်အတားဖြစ်စေသည့် အကြောင်းအရာများအနက် ကူးစက်ရောဂါသည် အဓိက ပါဝင်လျက်ရှိသည်။ ကူးစက်ရောဂါများကို မဖြစ်ပွားမီ ကြိုတင်ကာကွယ်မှုလုပ်ငန်းသည် အကောင်းဆုံးလုပ်ရပ် ဖြစ်သည်။ 

ယင်းကဲ့သို့ ကူးစက်တတ်သော ရောဂါများထဲမှ ကြောက်စရာကောင်းသည့် ရောဂါတစ်မျိုးဖြစ်သည့် ကြက်လည်လိမ်ရောဂါကို ကာကွယ်ကုသနည်းအကြောင်းကို ဖော်ပြပေးလိုက်ပါသည်။

ရောဂါကူးစက်ပျံ့နှံ့ပုံ

  • ကြက်၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ပျံ့နှံ့ခြင်းကြောင့် ရောဂါဖြစ်ပွားသည်။
  • ရောဂါကူးစက်ပြန့်ပွားမှု လျင်မြန်ပြီး သေဆုံးမှုနှုန်းမြင့်မားသော ရောဂါတစ်မျိုးဖြစ်သည်။
  • ရောဂါဖြစ်ပွားသည့်ကောင်ရေ၏ ရာနှုန်းပြည့် သေဆုံးနိုင်သည်။
  • ကြက်များကို ကာကွယ်ဆေးထိုးနှံပေးခြင်းထားပေးခြင်း မရှိလျှင် အရွယ်မရွေးရောဂါ ဖြစ်ပွားသေဆုံးနိုင်သည်။

ရောဂါလက္ခဏာများ

  • ရောဂါဝင်ရောက်ကူးစက်တတ်သော ကြက်များသည် မှိုင်ခြင်း၊ အသက်ရှူနှုန်းမြန်ခြင်း၊ အင်အားချိနဲ့ခြင်းများဖြစ်ပွားလျက် နောက်ဆုံး၌ အင်အားကုန်ခန်းပြီး သေဆုံးသွားသည်။
  • အချို့သော ရောဂါဖြစ်ပွားသည့် ကြက်များသည် မျက်နှာရောင်ရမ်းခြင်းဖြစ်ပြီး အစိမ်းရောင်ဝမ်းပျော့များ သွားသည်။
  • အခြားတွေ့ရသောလက္ခဏာများမှာ အာရုံကြောဆွဲခြင်း၊ လည်ပင်းလိမ်ခြင်းများ တွေ့ရသည်။

ကာကွယ်ခြင်းနှင့်ကုသခြင်း

ဤရောဂါကို ကြိုတင်ကာကွယ်ဆေး မျက်စဉ်းခပ်ပေးခြင်း (သို့မဟုတ်) ထိုးနှံပေးခြင်းဖြင့် ရောဂါကာကွယ်ထားနိုင်သည်။ 

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ အကြံပြုချက်

  • အပူဒဏ်ခံ ကြက်လည်လိမ်ရောဂါကာကွယ်ဆေး (I2) ကို ရက်သားကြက်ငယ်မှစ၍ အရွယ်မရွေး အသုံးပြုနိုင်သည်။ ကြက် (၁) ကောင်လျှင် ဆေးတစ်စက်နှုန်း မျက်စဉ်းခတ်ပေးရသည်။ ကြက်များကို (၄) လတစ်ကြိမ် မျက်စဉ်းခတ်ပေးခြင်းဖြင့် ရောဂါကာကွယ်နိုင်သည်။
  •  ‘K’ အသားဆေးထိုးပေးခြင်းဖြင့်လည်း ရောဂါကာကွယ်နိုင်သည်။ (၆) လ တစ်ကြိမ်ထိုးရန် လိုသည်။

 

( Food Security Working Group မှ ထုတ်ပြီး မွေးမြူရေးပညာရှင် ဒေါက်တာစောပလယ်စော (ဒုတိယပါမောက္ခချုပ်(ငြိမ်း)) ရေးသားထားသည့် ‘ မြန်မာ့တိုင်းရင်းကြက် မွေးမြူနည်းလမ်းညွှန်’ စာအုပ်နှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှရေးသားသည့် ‘ တိုင်းရင်းကြက်မွေးမြူရေး ပိုမိုတိုးတက်အောင်မြင်စေရန် မွေးမြူနည်းစနစ်များ’ ဆောင်းပါးတို့မှကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။)

(မြန်မာ့တိုင်းရင်းကြက် မွေးမြူရေးနှင့်ပတ်သက်၍ အသေးစိတ် ပြည့်ပြည့်စုံစုံပါဝင်သော ‘ မြန်မာ့တိုင်းရင်းကြက် မွေးမြူနည်းလမ်းညွှန်’ စာအုပ်ကို ဝယ်ယူလိုပါက အစိမ်းရောင်လမ်းရဲ့  ဈေးတန်းကြီးကဏ္ဍမှာရှိတဲ့ ဗွေဆော်ဦးစာအုပ်ဆိုင်မှာ အော်ဒါတင်နိုင်သလို page chat box မှာအမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်လေးပေးပြီး လာရောက်ဝယ်ယူနိုင်ပါတယ်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

2
thaw

thaw

လွန်ခဲ့သော ၇ လ က

လူသုံးတဲ့မျက်စဥ်းဆေးပဲလာရှင့် ကြက်တွေအတွက်သီးသန့်ရောရှိလား

ငသက်

ငသက်

လွန်ခဲ့သော ၃ နှစ် က

ကာကွယ်နည်းပဲပါပြီး ရောဂါဖြစ်နေချိန်ကုသနည်းရောမရှိဘူးလားဗျာ

You

ဆက်စပ်မေးခွန်းများ

နွားကခြောက်လသားပါ။နားအထဲမှာပြည်ရှိပါတယ်။ပုပ်ဆော်နံပါတယ်။ နားအစပ်နားမှာလည်းအပေါက်ကလေးဖြစ်ပြီးပြည်ရှိပါတယ်။နားရွက်မလှုပ်နိုင်ပါ။အစာလည်းအနည်းငယ်စား။နို့လည်းဆို့။စမြုံ့လည်းပြန်ပါတယ်။ အချိန်တိုင်းအိပ်နေတာပါ။အသက်ရှူရင်လည်း လည်ပင်းက တဂွီဂွီအသံမြည်ပါတယ်။နှာရည်ကအဖြူရောင်တွေကျတာလည်းရှိပါတယ်။တခါတလေအစာဖတ်ကလေးတွေပါပါလာတတ်ပါတယ်။ dexa genta procaine penicillin ညွှန်ကြားမှူနဲ့ထိုးပါတယ်။ အနည်းငယ်ပဲဆင်ပြေပါတယ်။ နွားမလန်းပါ။ ဘာများဆက်လုပ်ရမလဲခင်ဗျာ။ဖြစ်နေတာကဆယ်ရက်လောက်ရှိပါပီ။ဆေးထိုးတာကတော့ 3ရက်လောက်ပဲကြာပါသေးတယ်။ဖြေကြားပေးပါခင်ဗျာ

အုန်းကျော် • ဖြေကြားချက် 1 ခု

မဂင်လာပါဆရာတို့ခင်ဗျာ။ နွားက 6လသားအရွယ်ပါ။နားတဖက်မှာ အထဲမရောက်ပဲ အ၀နားမှာအပေါက်ကလေးဖြစ်ပြီးပြည်တည်ပါတယ်။နားအထဲမှာပဲ အဲနေရာကနေပဲစီးကျသလားမသိပါ ပြည်စတွေရှိပါတယ်။နားရွက်မလှူပ်နိုင်ပါ။ဖျားပါတယ်။အဖျားကျဆေးထိုးပြီးလည်းနားကမသက်သာပါ။gentamycin dexa procaine penicillin ကိုလည်းကျွမ်းကျင်သူရဲ့ပြောကြားမှုနဲ့ထိုးပါတယ်။ သက်သာမှူသိပ်မရှိပါ။ အစာစားပါတယ်။နို့စို့ပါတယ်။စာမြုံ့အနည်းငယ်ပြန်ပါတယ်။ ခုတခါထပ်ဖြစ်နေတာက နှားခေါင်းကအဖြူရောင်အနှစ်တွေကျပါတယါ။အသက်ရှုတဲ့အခါ လည်ပင်းမှာတဂွီဂွီအသံတွေမြည်ပါတယ်။အစာမစားတဲ့အချိန်အိပ်နေတာများပါတယ်။ ဘာများဆက်လုပ်ရမလဲခင်ဗျာ။ဖြေကြားပေးပါခင်ဗျာ။

အုန်းကျော် • ဖြေကြားချက် 1 ခု

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 1 ခု

နွားထီး၂နှစ်ခွဲးအရွယ်ဝမ်းပျော့တေသွားနေတာ၁ပတ်လောက်ရှိနေပီခုထိမရပ်သေးလို့ကာကွယ်ကုသနည်းလေးညွှန်ပြပေးပါဆရာတို့

tinwinesein • ဖြေကြားချက် 2 ခု

ဆေးကို ဘယ်မှာဝယ်လို့ရနိုင်ပါသလဲ ကျိုက်လတ် မအူပင်နဲ့နီးပါတယ်

အောင် ကောင်းပြည့် • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။