အီးကိုလိုင်ကြောင့် နွားငယ်လေးများ ဝမ်းရောဂါဖြစ်ပွားမှုကို ကာကွယ်ကုသနည်းများ
နွားငယ်လေးများ အသက်ရက်သား၊ လသားအရွယ်မှာ အီးကိုလိုင်ပိုးကြောင့် ဖြစ်ပွားတတ်တဲ့ ဝမ်းပျက်ဝမ်းလျှော ရောဂါ အကြောင်းကို နွားမွေးမြူသူတွေ သိရှိစေဖို့ ရေးသားဖော်ပြလိုက်ပါတယ်။
ဒီရောဂါဖြစ်ပွားတဲ့ နွားကလေးများမှာ အသက်ဆုံးရှုံးတဲ့အထိ ဖြစ်တတ်လို့ စီးပွားရေးအတွက် အရေးကြီးတဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။
ရောဂါဖြစ်ပွားသည့်အကြောင်းရင်း
ဒီရောဂါဟာ နွားကလေးတွေရဲ့ အသက်ရက်သားမှ အသက် ၁ လ၊ ၂ လအတွင်း ဖြစ်ပွားသောရောဂါဖြစ်လို့ နွား ကလေးရဲ့ ကိုယ်ခံအားနည်းပါးမှုကြောင့်လည်းကောင်း၊ နွားကလေးရဲ့ ကိုယ်ခန္ဓာအတွင်းရှိ အစာချေလမ်းကြောင်း အတွင်းရှိ ရောဂါပိုးများကြောင့်လည်းကောင်း ဖြစ်တတ်ပါတယ်။
ရောဂါဖြစ်စေသောပိုး
နွားကလေးရဲ့ ကိုယ်ခန္ဓာအတွင်းရှိ အစာချေလမ်းကြောင်းတစ်လျှောက်မှာရှိတဲ့ ရောဂါပိုးများဖြစ်သော အီးကိုလိုင်၊ ဆယ်လ်မိုနဲလားပိုးများ တည်ရှိနေမှုမှ ထိုပိုးများရဲ့ အဆိပ်ရည်ထုတ်မှုကြောင့် နွားငယ်ရဲ့အစာအိမ်နံရံရှိဆဲလ်များမှ ဆိုဒီယမ်ကလိုရိုက်နဲ့ ပိုတက်စီယမ်ကလိုရိုက် စတဲ့ ဓာတ်ဆားများထွက်ရှိလာလို့ ဝမ်းလျှောရောဂါအား ဖြစ်ပေါ်စေ ပါတယ်။
နောက်တစ်ချက်အနေနဲ့ မိခင်ထံက အရည်အသွေးညံ့ဖျင်းပြီး ကိုယ်ခံအင်အားအနည်းငယ်သာပါရှိတဲ့ နို့ဦးရည် အား အကန့်အသတ်ဖြင့် သောက်သုံးရလို့ ကိုယ်ခံအင်အားနည်းပါးပြီး ဒီရောဂါဖြစ်ရတာပါ။
အထူးသဖြင့် ပထမဆုံးမွေးဖွားတဲ့ နွားငယ်လေးတွေမှာ အများဆုံးဖြစ်တတ်ပါတယ်။
ရောဂါပိုးများအား ပေါက်ပွားစေတဲ့ သန့်ရှင်းမှုညံ့ဖျင်းတဲ့ နေရာထိုင်ခင်းများကြောင့် အများဆုံး ဖြစ်ပွားပါတယ်။
ရောဂါလက္ခဏာများ
(၁) ရေဓာတ်ဆုံးရှုံးမှုကြောင့် အရေပြားများတင်းမာလာခြင်း
(၂) ဝမ်းသွားရာတွင် အရိအရွဲများ၊ သွေးစများ၊ နို့ဖတ်များပါခြင်း
(၃) မျက်လုံးများချိုင့်ဝင်သွားခြင်း
(၄) အသက်ရှူ မြန်လာခြင်း
(၅) အစာအိမ်လေဖောင်းခြင်း
(၆) ချက်တိုင်ရောင်ခြင်း
(၇) မှောက်၍လဲနေခြင်းများအားတွေ့ရခြင်း စတာတွေဖြစ်ပြီး နောက်ဆုံးမှာတော့ ခန္ဓာကိုယ်တွင် ရေဓာတ် ခမ်း၍ သေဆုံးနိုင်ပါတယ်။
ကာကွယ်ခြင်း
- ရောဂါဖြစ်သည့်နွားကလေး အသုံးပြုတဲ့အသုံးအဆောင် ပစ္စည်းများအား အသုံးပြုပြီးတိုင်း သန့်ရှင်းရေး ပြုလုပ်ခြင်း။
- နွားကလေးမွေးမြူမယ့်နေရာအား သန့်ရှင်းခြောက်သွေ့စေရန် ဖန်တီးထားခြင်း။
- နွားကလေးမွေးပြီးပါက နွားကလေးနဲ့ နွားမကြီးအား သန့်ရှင်းခြောက်သွေ့တဲ့နေရာသို့ ပြောင်းရွှေ့ ပေးထားခြင်း။
- နွားကလေးအား အခြားနွားများနဲ့ ခွဲခြားထားခြင်း။
- နွားကလေးရဲ့ ချက်တိုင်အား ပိုးသတ်ဆေးရည်တွင် ညှစ်ပေးခြင်း
- နွားကလေးသောက်သုံးတဲ့ နို့ဦးရည်အရည်အသွေးနဲ့ ပမာဏကိုစစ်ဆေးပေးခြင်း စတာတွေ လိုအပ် ပါတယ်။
ကုသမှု
- ဓါတ်ဆားရည်၊ ဒက်စ်တို့အရည်၊ ဆိုဒီယမ်ဘိုင်ကာဘိုနိတ်အရည် နဲ့ သွေးရည်ကြည် စတာတွေကို အကြောဆေးသွင်း၍ ကုသပေးရန်လိုအပ်ပါတယ်။
ဆိုတော့ ကာကွယ်ကုသနည်းတွေ သိသွားကြပြီမို့ နွားငယ်လေးများ ဝမ်းပျက်ဝမ်းလျှောရောဂါမှ ကင်းဝေးကြပြီး နွားမွေးမြူသူများလည်း အဆင်ပြေကြပါစေဗျာ ။
ရေးသားသူ- ဦးဇော်(dof)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
U Palin Sein
လွန်ခဲ့သော ၄ နှစ် ကအိုကေ
ဆက်စပ်မေးခွန်းများ
နွားကခြောက်လသားပါ။နားအထဲမှာပြည်ရှိပါတယ်။ပုပ်ဆော်နံပါတယ်။ နားအစပ်နားမှာလည်းအပေါက်ကလေးဖြစ်ပြီးပြည်ရှိပါတယ်။နားရွက်မလှုပ်နိုင်ပါ။အစာလည်းအနည်းငယ်စား။နို့လည်းဆို့။စမြုံ့လည်းပြန်ပါတယ်။ အချိန်တိုင်းအိပ်နေတာပါ။အသက်ရှူရင်လည်း လည်ပင်းက တဂွီဂွီအသံမြည်ပါတယ်။နှာရည်ကအဖြူရောင်တွေကျတာလည်းရှိပါတယ်။တခါတလေအစာဖတ်ကလေးတွေပါပါလာတတ်ပါတယ်။ dexa genta procaine penicillin ညွှန်ကြားမှူနဲ့ထိုးပါတယ်။ အနည်းငယ်ပဲဆင်ပြေပါတယ်။ နွားမလန်းပါ။ ဘာများဆက်လုပ်ရမလဲခင်ဗျာ။ဖြစ်နေတာကဆယ်ရက်လောက်ရှိပါပီ။ဆေးထိုးတာကတော့ 3ရက်လောက်ပဲကြာပါသေးတယ်။ဖြေကြားပေးပါခင်ဗျာ
အုန်းကျော် • ဖြေကြားချက် 1 ခု
မဂင်လာပါဆရာတို့ခင်ဗျာ။ နွားက 6လသားအရွယ်ပါ။နားတဖက်မှာ အထဲမရောက်ပဲ အ၀နားမှာအပေါက်ကလေးဖြစ်ပြီးပြည်တည်ပါတယ်။နားအထဲမှာပဲ အဲနေရာကနေပဲစီးကျသလားမသိပါ ပြည်စတွေရှိပါတယ်။နားရွက်မလှူပ်နိုင်ပါ။ဖျားပါတယ်။အဖျားကျဆေးထိုးပြီးလည်းနားကမသက်သာပါ။gentamycin dexa procaine penicillin ကိုလည်းကျွမ်းကျင်သူရဲ့ပြောကြားမှုနဲ့ထိုးပါတယ်။ သက်သာမှူသိပ်မရှိပါ။ အစာစားပါတယ်။နို့စို့ပါတယ်။စာမြုံ့အနည်းငယ်ပြန်ပါတယ်။ ခုတခါထပ်ဖြစ်နေတာက နှားခေါင်းကအဖြူရောင်အနှစ်တွေကျပါတယါ။အသက်ရှုတဲ့အခါ လည်ပင်းမှာတဂွီဂွီအသံတွေမြည်ပါတယ်။အစာမစားတဲ့အချိန်အိပ်နေတာများပါတယ်။ ဘာများဆက်လုပ်ရမလဲခင်ဗျာ။ဖြေကြားပေးပါခင်ဗျာ။
အုန်းကျော် • ဖြေကြားချက် 1 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 1 ခု
နွားထီး၂နှစ်ခွဲးအရွယ်ဝမ်းပျော့တေသွားနေတာ၁ပတ်လောက်ရှိနေပီခုထိမရပ်သေးလို့ကာကွယ်ကုသနည်းလေးညွှန်ပြပေးပါဆရာတို့
tinwinesein • ဖြေကြားချက် 2 ခု
ဆေးကို ဘယ်မှာဝယ်လို့ရနိုင်ပါသလဲ ကျိုက်လတ် မအူပင်နဲ့နီးပါတယ်
အောင် ကောင်းပြည့် • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from ဦးဇော်(dof)
အားလုံး