အစိမ်းရောင်လမ်း
မွေးမြူရေးခြံသုံး ပိုးသတ်သန့်စင်ဆေးများနှင့် ၎င်းတို့၏အစွမ်းသတ္တိများ (၂)

မွေးမြူရေးခြံသုံး ပိုးသတ်သန့်စင်ဆေးများနှင့် ၎င်းတို့၏အစွမ်းသတ္တိများ (၂)

သက်ခိုင်
သက်ခိုင် 13/08/2022

မွေးမြူရေးလုပ်ငန်းများတွင် ဇီဝလုံခြုံရေး စီမံခန့်ခွဲမှုအတွက် မရှိမဖြစ်အရေးကြီးသည့် ပိုးသတ်သန့်စင်ဆေးများနှင့်ပတ်သက်၍ ၎င်းတို့၏လုပ်ငန်းလုပ်ဆောင်ပုံ၊ ရွေးချယ်ရာတွင် စဉ်းစားရမည့် အချက်များကို အပိုင်း (၁) တွင် ဖော်ပြပေးခဲ့ပြီးဖြစ်ပါသည်။

ယခု အပိုင်း(၂) တွင် ခြံသုံးပိုးသတ်သန့်စင်ဆေးအုပ်စုတစ်ခုချင်းစီ၏ ပိုးသတ်စွမ်းဆောင်နိုင်စွမ်းနှင့် အားသာချက်၊ အားနည်းချက်များကို ဆက်လက်ဖော်ပြပေးသွားပါမည်။

ခြံသုံးပိုးသတ်သန့်စင်ဆေးအုပ်စုများ

ဖီနောလစ် အုပ်စု (Phenolic) 

  • ကတ္တရာစေးမှ ထွက်ရှိလာသော ဒြပ်ပေါင်းအုပ်စု ဖြစ်ပါသည်။ 
  • ကာဘော်လစ် (Carbolic acid) အုပ်စုဟုလည်း ခေါ်ပါသည်။
  • ဘက်တီးရီးယားများကို အလျင်အမြန်ဖျက်ဆီးပစ်နိုင်စွမ်းရှိပါသည်။ Gram negative ဘက်တီးရီးယားများထက် Gram positive ဘက်တီးရီးယားများအပေါ် ပိုမိုအစွမ်းထက်စွာ ဖျက်ဆီးနိုင်ပါသည်။ 
  • လောင်စားစေတတ်သော သဘောရှိပြီး အသုံးပြုသူအတွက်လည်း အရေပြားကို ထိခိုက်စေနိုင်သည့်အတွက် အသုံးပြုရာတွင် သတိထားရန် လိုအပ်ပါသည်။
  • သြဂဲနစ်အညစ်အကြေးများရှိနေချိန်တွင်ပင် အစွမ်းပြနိုင်သော ပိုးသတ်ဆေးအုပ်စု ဖြစ်ပါသည်။
  • အသုံးပြုပြီးနောက် ဆေးကြွင်းအစွမ်းသတ္တိ (residual effect) အထိုက်အလျောက်ရှိပါသည်။ 
  • Phenol ဒြပ်ပေါင်းအမျိုးမျိုးကို ပေါင်းစပ်ထုတ်လုပ်ထားသည့် Disinfectants များအဖြစ် စျေးကွက်တွင် ဝယ်ယူရရှိနိုင်ပါသည်။

ကွာတာနရီအမိုနီယမ် အုပ်စု(Quaternary ammoniums)

  • ယင်းအုပ်စုအတွက် အထူးသတိပြုရမည့်အချက်မှာ ဆပ်ပြာနှင့် တွဲဖက်အသုံးမပြုနိုင်ခြင်း ဖြစ်သည်။
  • ပိုးမွှားအမျိုးအစား အများအပြားကို ဖျက်ဆီးနိုင်စွမ်းရှိသည့် broad-spectrum disinfectant အမျိုးအစားဖြစ်သည်။ 
  • Phenol ကဲ့သို့ လောင်စားစေခြင်း မရှိသဖြင့် စိတ်ချလက်ချအသုံးပြုနိုင်သကဲ့သို့ တိရစ္ဆာန်များရှိနေချိန်တွင်ပင် အသုံးပြုနိုင်သည့် ပိုးသတ်ဆေး  ဖြစ်သည်။ 
  • ဆေးကြွင်းသတ္တိလည်း အထိုက်အလျောက်ရှိသည့် ဆေးဖြစ်သဖြင့် မွေးမြူရေးခြံများ အားထားရသော အုပ်စုဖြစ်သည်။ 
  • ကြက်ဥဖောက်စက်များတွင် ကြက်ဥများ ဆေးကြောရန်အတွက်လည်းကောင်း၊ မွေးမြူရေးခြံများတွင် အစာခွက်၊ ရေခွက်များ ဆေးကြောရန်အတွက်လည်းကောင်း အသုံးပြုနိုင်ပါသည်။

ဖော်မယ်လ်ဒီဟိုက် အုပ်စု (Formaldehyde) 

  • ဖော်မလင်ဟု လူသိများပြီး အငွေ့ဖြင့် ပိုးသတ်သန့်စင်သည့် ပိုးသတ်ဆေး အုပ်စုဖြစ်သည်။ 
  • ပိုးအုပ်စုအများအပြားကို ဖျက်ဆီးနိုင်ပြီး စပိုးများကိုပင် သတ်ဖြတ်နိုင်သည်။ ထို့ပြင် အငွေ့ဖြင့် ပိုးသတ်ခြင်း ဖြစ်သဖြင့် ပိုးသတ်ဆေးဖြန်းရန် ခက်ခဲသောနေရာများသို့ပင် ရောက်ရှိနိုင်သည်။ 
  • အငွေ့ပျယ်သွားလျှင် ပိုးသတ်နိုင်စွမ်းလည်း ပျောက်ဆုံးသွားသည်။
  • သြဂဲနစ်အညစ်အကြေးများ ရှိနေပါက အစွမ်းမပြနိုင်ပေ။ 
  • သတိပြုရမည့်အချက်မှာ ဓာတ်ငွေ့အဖြစ် ပိုးသတ်စဉ် စနစ်မကျပါက လူကိုပါ အန္တရာယ်ဖြစ်စေနိုင်သည်။ 
  • အပူချိန်နှင့် စိုထိုင်းဆတို့က ဆေး၏အစွမ်းသတ္တိအပေါ် လွှမ်းမိုးနိုင်သည်။

ဟေလိုဂျင်အုပ်စု (Halogens)

  • ယင်းအုပ်စုတွင် Iodine နှင့် Chlorine ကဲ့သို့သော ပိုးသတ်ဆေးများ ပါဝင်သည်။ 
  • အသုံးများသည့် Halogen ပိုးသတ်ဆေးမှာ bleach ဟု လူသိများသည့် sodium hypochlorite ဖြစ်သည်။ 
  • ပိုးအတော်များများကို အလျင်အမြန် ဖျက်ဆီးနိုင်စွမ်းရှိသည်။ 
  • သြဂဲနစ်အညစ်အကြေးများ ရှိနေပါက အစွမ်းမပြနိုင်ပေ။
  • အစွမ်းသတ္တိကို ကြာရှည်လည်း မပြနိုင်ပေ။ 
  • ကောင်းမွန်သည့်အချက်မှာ တိရစ္ဆာန်များရှိနေချိန်တွင်ပင် အသုံးပြုနိုင်ခြင်းဖြစ်သည်။ 
  • သတိပြုရမည့်အချက်မှာ လောင်စားစေတတ်သော အစွမ်းရှိသဖြင့် စတီးလ်ပစ္စည်းများတွင် သံချေးများ တက်လာစေနိုင်ပါသည်။

ခရီဆောလ် အုပ်စု (Cresols)

  • ခရီဆောဟု လူသိများသည့် အုပ်စုဖြစ်ပြီး Gram negative ဗက်တီးရီးယားများကို အများဆုံး ဖျက်ဆီးပစ်နိုင်ပါသည်။ 
  • အသုံးပြုသူ၏ အရေပြားကို ထိခိုက်နိုင်သဖြင့် သတိပြုသုံးစွဲရန် လိုအပ်ပါသည်။ 
  • သြဂဲနစ်အညစ်အကြေးများကို ခံနိုင်ရည်ရှိသဖြင့် သန့်ရှင်းရေးအားနည်းထားသည့် ခြံများတွင် အသုံးပြုရန် အဆင်ပြေပါသည်။
  • ဆေးကြွင်းသတ္တိလည်းကျန်ရှိနိုင်သဖြင့် ခြံကို ပိုးသတ်သန့်စင်ရာတွင်လည်း အသုံးပြုရန် သင့်လျော်သည်။
  • တခါတရံ Phenol ဒြပ်ပေါင်းများနှင့် ပေါင်းစပ်အသုံးပြုလေ့ ရှိပါသည်။ 

အောက်ဆီဒိုက်ဇင်း အုပ်စု (Oxidizing agent)

  • မြန်မာ့မွေးမြူရေးခြံများတွင် အသုံးအများဆုံး Oxidizing agent မှာ ထုံးမှုန့်ဖြူးပေးခြင်း ဖြစ်ပါသည်။ ထုံးမှုန့် (Calcium oxide) မှာ ရေနှင့် ထိတွေ့ပါက အပူနှင့် အောက်ဆီဂျင်ကို ထွက်ပေါ်လာစေပါသည်။ ယင်းအပူက ပိုးမွှားများကို ဖျက်ဆီးပစ်ခြင်း ဖြစ်ပါသည်။ လောင်စားစေတတ်သည့်  သဘောရှိသဖြင့် ထုံးပေါက်ခြင်းကို သတိပြုရန်လိုအပ်ပါသည်။ 
  • Hydrogen peroxide မှာလည်း အသုံးများသည့် oxidizing agent တစ်မျိုးဖြစ်ပါသည်။ ၃-၅% ဖျော်ရည်အဖြစ် အသုံးပြုလေ့ ရှိပါသည်။

အပိုင်း (၁) ဖတ်ရှုလိုပါက - https://greenwaymyanmar.com/posts/Disinfectants_using_in_Animal_Farms

 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

You

ဆက်စပ်မေးခွန်းများ

နွားကခြောက်လသားပါ။နားအထဲမှာပြည်ရှိပါတယ်။ပုပ်ဆော်နံပါတယ်။ နားအစပ်နားမှာလည်းအပေါက်ကလေးဖြစ်ပြီးပြည်ရှိပါတယ်။နားရွက်မလှုပ်နိုင်ပါ။အစာလည်းအနည်းငယ်စား။နို့လည်းဆို့။စမြုံ့လည်းပြန်ပါတယ်။ အချိန်တိုင်းအိပ်နေတာပါ။အသက်ရှူရင်လည်း လည်ပင်းက တဂွီဂွီအသံမြည်ပါတယ်။နှာရည်ကအဖြူရောင်တွေကျတာလည်းရှိပါတယ်။တခါတလေအစာဖတ်ကလေးတွေပါပါလာတတ်ပါတယ်။ dexa genta procaine penicillin ညွှန်ကြားမှူနဲ့ထိုးပါတယ်။ အနည်းငယ်ပဲဆင်ပြေပါတယ်။ နွားမလန်းပါ။ ဘာများဆက်လုပ်ရမလဲခင်ဗျာ။ဖြစ်နေတာကဆယ်ရက်လောက်ရှိပါပီ။ဆေးထိုးတာကတော့ 3ရက်လောက်ပဲကြာပါသေးတယ်။ဖြေကြားပေးပါခင်ဗျာ

အုန်းကျော် • ဖြေကြားချက် 1 ခု

မဂင်လာပါဆရာတို့ခင်ဗျာ။ နွားက 6လသားအရွယ်ပါ။နားတဖက်မှာ အထဲမရောက်ပဲ အ၀နားမှာအပေါက်ကလေးဖြစ်ပြီးပြည်တည်ပါတယ်။နားအထဲမှာပဲ အဲနေရာကနေပဲစီးကျသလားမသိပါ ပြည်စတွေရှိပါတယ်။နားရွက်မလှူပ်နိုင်ပါ။ဖျားပါတယ်။အဖျားကျဆေးထိုးပြီးလည်းနားကမသက်သာပါ။gentamycin dexa procaine penicillin ကိုလည်းကျွမ်းကျင်သူရဲ့ပြောကြားမှုနဲ့ထိုးပါတယ်။ သက်သာမှူသိပ်မရှိပါ။ အစာစားပါတယ်။နို့စို့ပါတယ်။စာမြုံ့အနည်းငယ်ပြန်ပါတယ်။ ခုတခါထပ်ဖြစ်နေတာက နှားခေါင်းကအဖြူရောင်အနှစ်တွေကျပါတယါ။အသက်ရှုတဲ့အခါ လည်ပင်းမှာတဂွီဂွီအသံတွေမြည်ပါတယ်။အစာမစားတဲ့အချိန်အိပ်နေတာများပါတယ်။ ဘာများဆက်လုပ်ရမလဲခင်ဗျာ။ဖြေကြားပေးပါခင်ဗျာ။

အုန်းကျော် • ဖြေကြားချက် 1 ခု

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 1 ခု

နွားထီး၂နှစ်ခွဲးအရွယ်ဝမ်းပျော့တေသွားနေတာ၁ပတ်လောက်ရှိနေပီခုထိမရပ်သေးလို့ကာကွယ်ကုသနည်းလေးညွှန်ပြပေးပါဆရာတို့

tinwinesein • ဖြေကြားချက် 2 ခု

ဆေးကို ဘယ်မှာဝယ်လို့ရနိုင်ပါသလဲ ကျိုက်လတ် မအူပင်နဲ့နီးပါတယ်

အောင် ကောင်းပြည့် • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။