ကြက် ဝဲ၊ သန်း၊ လှေးနှင့် မွှားရောဂါများကို ကာကွယ်ကုသနည်း
တစ်နိုင်တစ်ပိုင်ကြက်မွေးမြူသူများအနေဖြင့် ကြက်များတွင် တွယ်ကပ်နေလေ့ရှိသော ကိုယ်ပြင်ပကပ်ပါးများဖြစ်သည့် ဝဲ၊ သန်း၊ လှေးနှင့် မွှားရောဂါများ အကြောင်းကို သိရှိထားရန်လိုသဖြင့် ကာကွယ်ကုသနည်းကို ဖော်ပြပေးလိုက်ပါသည်။
ဝဲရောဂါ (Mites)

- ကြက်များ၏ခန္ဓာကိုယ်အတွင်း၌ ဝဲရောဂါအမျိုးမျိုးတို့ တွယ်ကပ်နေခြင်းကြောင့် ယားယံခြင်း၊အမွေးအတောင်ကျွတ်ခြင်းများ ဖြစ်ပေါ်စေပါသည်။
- ကြက်၏ခြေထောက်တွင် အကြေးခွံရောင်ရောဂါဖြစ်ပွားပါက ခြေထော့ကျိုးနာကို ဖြစ်စေပါသည်။ အနီရောင်ဝဲပိုးများက ကြက်၏ခန္ဓာကိုယ်တွင် တွယ်ကပ်နေခြင်း များပြားနေလျှင် ကြက်ကို သေစေနိုင်ပါသည်။
ကြက်သန်း(Lice)
- ကြက်များကိုသန်းများက ကိုက်ခဲပြီး သွေးစုပ်ခြင်း၊ အရေပြားကို ကိုက်စားခြင်းတို့ကို ပြုလုပ်ပါသည်။ ခန္ဓာကိုယ်အနှံ့ အရေပြားနှင့် အမွေးအတောင်တို့တွင် ကြက်သန်းများကို တွေ့ရတတ်ပါသည်။
- ကြက်များအား ကြက်သန်းများက တွယ်ကိုက်ခြင်းကြောင့် ယားယံခြင်း၊ ဂဏှာမငြိမ်ဖြစ်နေတတ်ခြင်း၊ အအိပ်ပျက်ခြင်း၊ အစားပျက်ခြင်းတို့ကို ဖြစ်ပေါ်စေပါသည်။
- ကြက်သန်းကိုက်ခြင်းခံရသောကြောင့် ကြက်၏ကိုယ်အလေးချိန်ကို လျော့ကျစေခြင်း၊ ဥနှုန်းကျဆင်းခြင်းတို့ကို ဖြစ်ပေါ်စေပါသည်။ ကြက်အမွေးအတောင်များကိုလည်း ကျွတ်စေပါသည်။
လှေး(Fleas)

- လှေးဆိုသည်မှာ မဲမှောင်၍အလွန်သေးငယ်ပြီး လေတွင်ပျံသန်းနိုင်ပါသည်။လှေးသည် သွေးစုပ်ကပ်ပါးကောင်ဖြစ်ပြီး အစာမစားဘဲ ကြာရှည်စွာ အသက်ရှည်နိုင်ပါသည်။
- လှေးကောင်လေးများနှင့်ဥများကို ကြက်ဥတင်းများတွင်လည်းကောင်း၊ နံရံနှင့်အခင်းတွင်လည်းကောင်း တွေ့နိုင်ပါသည်။
- ကြက်အမောက်နှင့် ပါးပျဉ်းတွင်လည်း လှေးကောင်တစ်မျိုးက တွယ်ကပ်နေတတ်ပါသည်။ အပြင်သို့ခုန်ထွက်ခြင်း မရှိပါ။
- လှေးကောင်ကိုက်ခြင်းကြောင့် ကြက်များတွင် အနာဖြစ်စေပါသည်။ လှေးကောင်များစွာကိုက်ခြင်းကို ခံရသော ကြက်ကလေးများမှာ သေဆုံးသွားနိုင်ပါသည်။
- လှေးသည် ဘဲများတွင်လည်း တွယ်ကပ်နေတတ်သည်။ ရုတ်တရက်ကြည့်လျှင် မသိနိုင်ပါ။ မျက်လုံးအနီးတစ်ဝိုက်တွင် တွေ့ရတတ်ပါသည်။ လှေးသည် လူသားများကိုလည်း တွယ်ကပ်တတ်ပါသည်။
မွှားတွယ်ကပ်ခြင်း(Ticks)

- ကြက်များတွင် သေးငယ်လွန်းပြီး အညိုရောင်၊ အပြာရောင်ရှိသော ကြက်မွှားများလည်း တွယ်ကပ်နေတတ်ပါသည်။
- မွှားသည် ကြက်၏ခန္ဓာကိုယ်မှသွေးကို တစ်ကြိမ်စုပ်ပြီး ခြံနံရံနှင့် သစ်ပင်များတွင် နှစ်ပေါင်းများစွာ အစာမစားဘဲ အသက်ရှင်နိုင်ပါသည်။
- မွှားများက ကြက်များကို ကပ်တွယ်သွေးစုပ်ခြင်းကြောင့် ဥရပ်ဆိုင်းသွားစေသလို အခြားရောဂါများကိုလည်း ဖြစ်ပွားစေနိုင်ပါသည်။
ကြက်များ ပြင်ပကပ်ရောဂါများကင်းဝေးစေရန် ကြက်လှောင်အိမ်နှင့် ကြက်ခြံကိုသန့်ရှင်းနည်း
- ၁။ ကြက်များတွင် ပြင်ပကပ်ရောဂါများကင်းဝေးကြစေရန် ကြက်ခြံလှောင်အိမ်များနှင့် ခြံအမိုး၊ နံရံ၊ အခင်းစသည်များကို ပိုးသတ်ဆေးဖျန်းပြီး သန့်စင်ပေးရပါသည်။
- ၂။ အခင်းများ၊ ဥတင်းအခင်းများ၊ နံရံတွင်တွယ်ကပ်နေသော ပင့်ကူအိမ်အမျှင်များကို သန့်ရှင်းပေးရပါမည်။
- ၃။ အစာခွက်၊ ရေခွက်နှင့် ခြံအသုံးအဆောင်ပစ္စည်းများကို ရေနွေးဆပ်ပြာဖြင့် ဆေးကြောခြင်း၊ဆေးရွက်ကြီးအရိုးများကို ချိတ်ဆွဲပေးထားခြင်း၊ အမှုန့်များကို ဖြူးပေးခြင်း၊ ထုံးမှုန့်ကို ဖြူးပေးခြင်း၊ထုံးမှုန့်ကိုအရည်ဖျော်၍ ကြက်ခြံတစ်ခုလုံးကို ဖျန်းပေးခြင်းတို့ ပြုလုပ်ရပါမည်။
- ၄။ ကြက်ခြံ၏နံရံ၊ အမိုး၊ အခင်းတို့ကို ပိုးသတ်ဆေးမကြာခဏ ပက်ဖျန်းပေးခြင်းဖြင့် ပြင်ပကပ်ပါးရောဂါများကို တားဆီးပေးနိုင်ပါသည်။
ကြက်၏ ပြင်ပကပ်ပါးများဖြစ်သော ဝဲ၊ သန်း၊ လှေးနှင့် မွှားရောဂါများကို ကာကွယ်ကုသနည်း
- ၁။ ရောဂါဖြစ်ပွားနေသောကြက်များကို ပိုးသတ်ဆေးအမှုန့် ဖြူးခြင်း(သို့မဟုတ်) ပိုးသတ်ဆေးအရည်ကိုဖျန်းပေးခြင်း (ဥပမာ-ထရိုင်ကလိုရိုဖုန်း(သို့မဟုတ်)မီလီထရွန်ဖြင့် ကုသပေးခြင်း)တို့ ပြုလုပ်ပေးရပါမည်။
- ၂။ ဆေးရွက်ကြီးမှုန့်များ ဖြူးပေးလျှင်လည်း ကပ်ပါးပိုးများ ပြေးစေပါသည်။
- ၃။ ကြက်ခြံနံရံ၊ အခင်းများကို သန့်ရှင်းပေးခြင်း၊ ပိုးသတ်ဆေးရည်ဖျန်းပေးခြင်းတို့ကို ပြုလုပ်ပေးရပါမည်။
- ၄။ ကြက်များ၏ အတောင်၊ အမွေးများကို သဲ၊ မြေမှုန့်ဖြင့် နေ့စဉ်ပွတ်၍ သန့်ရှင်းပေးခြင်း ပြုလုပ်ပေးနိုင်ပါသည်။ (သေတ္တာများထဲတွင် သဲမှုန့်၊ မြေမှုန့်များ ထည့်ပေးထားလျှင်လည်း ကြက်များက သဲမှုန့်၊ မြေမှုန့်များထဲတွင်လူး၍ အမွှေးအတောင်ကို သန့်ရှင်းအောင် သူ့ဖာသာအမွေးအတောင် ခတ်နေတတ်ပါသည်)
- ၅။ ဝဲရောဂါကြောင့် အရေပြားရောင်နေသောကြက်ခြေထောက်ကို ရေနံဆီ(သို့မဟုတ်)ဓာတ်ဆီထဲတွင် စိမ်ပေးပြီး ခြေထောက်ကို ဘရပ်ရှ်ဖြင့် ညင်သာစွာပွတ်ပေးကာ ကုသပေးရပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
နွားကခြောက်လသားပါ။နားအထဲမှာပြည်ရှိပါတယ်။ပုပ်ဆော်နံပါတယ်။ နားအစပ်နားမှာလည်းအပေါက်ကလေးဖြစ်ပြီးပြည်ရှိပါတယ်။နားရွက်မလှုပ်နိုင်ပါ။အစာလည်းအနည်းငယ်စား။နို့လည်းဆို့။စမြုံ့လည်းပြန်ပါတယ်။ အချိန်တိုင်းအိပ်နေတာပါ။အသက်ရှူရင်လည်း လည်ပင်းက တဂွီဂွီအသံမြည်ပါတယ်။နှာရည်ကအဖြူရောင်တွေကျတာလည်းရှိပါတယ်။တခါတလေအစာဖတ်ကလေးတွေပါပါလာတတ်ပါတယ်။ dexa genta procaine penicillin ညွှန်ကြားမှူနဲ့ထိုးပါတယ်။ အနည်းငယ်ပဲဆင်ပြေပါတယ်။ နွားမလန်းပါ။ ဘာများဆက်လုပ်ရမလဲခင်ဗျာ။ဖြစ်နေတာကဆယ်ရက်လောက်ရှိပါပီ။ဆေးထိုးတာကတော့ 3ရက်လောက်ပဲကြာပါသေးတယ်။ဖြေကြားပေးပါခင်ဗျာ
အုန်းကျော် • ဖြေကြားချက် 1 ခု
မဂင်လာပါဆရာတို့ခင်ဗျာ။ နွားက 6လသားအရွယ်ပါ။နားတဖက်မှာ အထဲမရောက်ပဲ အ၀နားမှာအပေါက်ကလေးဖြစ်ပြီးပြည်တည်ပါတယ်။နားအထဲမှာပဲ အဲနေရာကနေပဲစီးကျသလားမသိပါ ပြည်စတွေရှိပါတယ်။နားရွက်မလှူပ်နိုင်ပါ။ဖျားပါတယ်။အဖျားကျဆေးထိုးပြီးလည်းနားကမသက်သာပါ။gentamycin dexa procaine penicillin ကိုလည်းကျွမ်းကျင်သူရဲ့ပြောကြားမှုနဲ့ထိုးပါတယ်။ သက်သာမှူသိပ်မရှိပါ။ အစာစားပါတယ်။နို့စို့ပါတယ်။စာမြုံ့အနည်းငယ်ပြန်ပါတယ်။ ခုတခါထပ်ဖြစ်နေတာက နှားခေါင်းကအဖြူရောင်အနှစ်တွေကျပါတယါ။အသက်ရှုတဲ့အခါ လည်ပင်းမှာတဂွီဂွီအသံတွေမြည်ပါတယ်။အစာမစားတဲ့အချိန်အိပ်နေတာများပါတယ်။ ဘာများဆက်လုပ်ရမလဲခင်ဗျာ။ဖြေကြားပေးပါခင်ဗျာ။
အုန်းကျော် • ဖြေကြားချက် 1 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 1 ခု
နွားထီး၂နှစ်ခွဲးအရွယ်ဝမ်းပျော့တေသွားနေတာ၁ပတ်လောက်ရှိနေပီခုထိမရပ်သေးလို့ကာကွယ်ကုသနည်းလေးညွှန်ပြပေးပါဆရာတို့
tinwinesein • ဖြေကြားချက် 2 ခု
ဆေးကို ဘယ်မှာဝယ်လို့ရနိုင်ပါသလဲ ကျိုက်လတ် မအူပင်နဲ့နီးပါတယ်
အောင် ကောင်းပြည့် • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from ဦးဇော်(dof)
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....