နွားကလေး ဝမ်းပျက်ဝမ်းလျောခြင်း
နွားကလေးများတွင် ဝမ်းပျက်ဝမ်းလျောခြင်းသည် ဖြစ်ပွားမှုနှုန်းများပြီး စီးပွားရေးအရလည်း ဆုံးရှုံးမှုရှိသည်။ နွားကလေးများ သားမခွဲမီ သေဆုံးရသည့် အကြောင်းအရင်းတစ်ခုလည်း ဖြစ်သည်။
ဝမ်းလျောခြင်းသည် အစာခြေလမ်းကြောင်း၏ ပုံမှန်ရေအဝင်/အထွက် ရွေ့လျားမှုကို အနှောက်အယှက်ဖြစ်စေပြီး ရေဓာတ်ဆုံးရှုံးမှုနှင့် ကုန်ခမ်းမှုကိုဖြစ်စေသည်။ ဝမ်းလျောခြင်းကြောင့် ခန္ဓာကိုယ်ရှိ ရေဓာတ်များနှင့်အတူ ခန္ဓာကိုယ်အတွက်လိုအပ်သည့် ဓာတုဓာတ်များ (electrolytes) ဆားဓာတ်များလည်းဆုံးရှုံးသွားသည်။ နွားကလေးများ အားအင်ကုန်ခမ်းပြီး သေဆုံးသည်အထိ ဖြစ်နိုင်ပါသည်။ စနစ်တကျ စီမံခြင်းဖြင့် ဖြစ်ပွားနှုန်းနှင့် သေဆုံးနှုန်းကို လျှော့ချနိုင်သည်။
? ဝမ်းပျက်ဝမ်းလျောခြင်း ဖြစ်လာစေမည့် အကြောင်းအရင်းများ
- တိုက်ကျွေးသည့် နို့ဦးရည်ပမာဏ မလုံလောက်ခြင်း
- နို့ဦးရည် အရည်အသွေးမကောင်းခြင်း/ သန့်ရှင်းမှုမရှိခြင်း
- မွေးဖွားစဉ် ခက်ခဲခြင်း
- ပတ်ဝန်းကျင် သန့်ရှင်းမှုအားနည်းခြင်း
- ရာသီဥတု အေး၍စိုစွတ်ခြင်း
- နေရာကျဉ်းကျဉ်းတွင် အကောင်ရေများခြင်း
?Non-infectious diarrhea
(Nutritional diarrhea)
- မိခင်နွားမကြီး၏ အဟာရရရှိမှု မလုံလောက်ခြင်း၊ အထူးသဖြင့် ကိုယ်ဝန်ဆောင်ကာလ နောက်ပိုင်းတွင်ဖြစ်သည်။ ကိုယ်ဝန်ဆောင်နွားမ၏ စွမ်းအင်နှင့် အသားဓာတ်လုံလောက်စွာ မရရှိခဲ့မှုသည် နို့ဦးရည် ပမာဏနှင့် အရည်အသွေးပေါ် သက်ရောက်မှုရှိသည်။ Vitamin A နှင့် Vitamin E ချို့တဲ့မှုနှင့်လည်း ဆက်စပ်သည်။
- မွေးစနွားကလေး၏ ပတ်ဝန်းကျင်စီမံမှု အားနည်းခြင်း
(သန့်ရှင်းမှုအားနည်းခြင်း၊ ရောဂါပိုးဝင်ရောက်နိုင်သည့် အခြေအနေများရှိခြင်း၊ နွားကောင်ရေများနေခြင်း၊ တခြားနွားမတမ်းများ၊ နွားအကြီးများနှင့် ရောထားခြင်း၊ နွားမွေးသည့်နေရာနှင့် နွားကလေးထားသည့်နေရာ တနေရာတည်းဖြစ်ခြင်း၊ နွားကလေးခန္ဓာကိုယ် စိုစွတ်ပြီး အေးနေခြင်း စသည်ဖြင့်)
- ပုံမှန်အလေ့အကျင့်ကို အနှောင့်အယှက်ဖြစ်စေသည့်အကြောင်းအရင်းကြောင့်ဖြစ်သည်။ မွေးဖွားစဉ် ဂရုစိုက်မှု အားနည်းခြင်း၊ နို့ဦးရည် တိုက်ကျွေးမှု နောက်ကျခြင်း၊ နွားကလေးပြုစုမှု အားနည်းခြင်း၊
- သေဆုံးခြင်းအထိ မပြင်းထန်သော်လည်း နွားကလေးတွင် အားနည်းလာခြင်းကြောင့် ရောဂါပိုးကြောင့်ဖြစ်ပွားသည့် infectious diarrhea ဖြစ်လာနိုင်သည်။
? Infectious diarrhea
- virus, bacteria, protozoa, yeasts, and molds များကြောင့်ဖြစ်ပွားသည်။
- Virus (Rotavirus, Coronavirus, BVD virus, IBR virus)
- Bacteria ( Escherichia coli, Salmonella spp., Clostridium perfringens, and other bacteria)
- Protozoan parasites (Cryptosporidium, Coccidia)
ဘက်တီးရီးယားပိုးမှ ထုတ်သော အဆိပ်သည် အူလမ်းကြောင်းနံရံမှ အရည်များကို အူလမ်းကြောင်းအတွင်းထွက်လာစေသည်။ Virus နှင့် protozoa များသည် အူလမ်းကြောင်းရှိ အာဟာရစုပ်ယူမှုကို လုပ်ဆောင်ပေးသည့် အတက်အလက်အမျှင်များ (villi - small intestine) ကို ပျက်စီးစေသည့်အတွက် အူလမ်းကြောင်းမှ အာဟာရများ (သို့) electrolytes များကိုစုပ်ယူခြင်း သွေးအတွင်းပို့ဆောင်ခြင်းများ ထိခိုက်သွားသည်။
? ရောဂါလက္ခဏာများ
- ဝမ်းလျောခြင်း ( တခါတရံ သွေး၊ အချွဲများပါခြင်း)
- ရေဓာတ်ဆုံးရှုံးခြင်း
- အမွေးကြမ်းခြင်း
- ခန္ဓာကိုယ်အလေးချိန် လျော့ကျခြင်း
- အဖျားတတ်ခြင်း
- သေဆုံးခြင်း
? ရောဂါအခြေအနေ (ပျော့ - အသင့်အတင့်)
- နွားကလေး မတ်တတ်ရပ်နိုင်၊ နို့သောက်နိုင်သေးပါက သန့်ရှင်းသောနွားနို့ကို ဆက်တိုက်ပြီး ဓာတ်ဆားရည် (electrolytes) လည်းတိုက်ပေးရမည်။ သန့်ရှင်းသောရေ အမြဲသောက်နိုင်အောင် စီစဉ်ပေးရမည်။
? ရောဂါအခြေအနေ (အသင့်အတင့် - ပြင်းထန်)
- နွားကလေးသည် မတ်တတ်မရပ်နိုင် (သို့) ရေဓာတ်အရမ်းဆုံးရှုံးနေလျှင် electrolytes ကို သွေးကြောအတွင်း (IV) ထိုးပေးရမည်။
?ဝမ်းလျှောနေသောနွားကို တခြားနွားများနှင့်ချက်ချင်းခွဲထားပါ။ ဓာတ်ဆားရည် အမြန်ဆုံးတိုက်ပါ။
အာဟာရ၊ ပတ်ဝန်းကျင်၊ သန့်ရှင်းရေး၊ နွားကလေးပြုစုမှု စသည့်တို့ကို့ စနစ်တကျစီမံရမည်။ နေရာအခင်းများကို ပုံမှန်သန့်ရှင်းရေးလုပ်ပါ။ သန့်ရှင်းသောရေ အမြဲတိုက်ပါ။
တိရစ္ဆာန်ဆေးကုဆရာဝန် အကြံဉာဏ် ကုသမှုကို ရယူပါ။
? ဝမ်းပျက်ဝမ်းလျောခြင်းနှင့်အတူ တချို့သော systemic bacterial infection လက္ခဏာများတွေ့ရလျှင် antibiotics ပေးသည်။ (နွားကလေး၏ rectal temperature သည် 103°F ထက် ကျော်ခြင်း၊ ဝမ်းတွင်သွေးပါခြင်း၊ အဆစ်အမြစ်ရောင်ခြင်း သို့မဟုတ် ချက်တိုင်ရောင်ခြင်း စသည်ဖြင့်)
Antibiotics သည် virus, protozoa သို့မဟုတ် nutrition ကြောင့် ဝမ်းပျက်ဝမ်းလျှောလျှင် တိုက်ရိုက်သက်ရောက် ကုသခြင်းမဟုတ်ပေ။ ယေဘုယျအားဖြင့် နွားကလေးသည် အစာမစားလျှင်၊ ရေဓာတ်ဆုံးရှုံးလျှင်၊ ဖျားလျှင်၊ ထိုင်းမှိုင်းလျှင် သို့မဟုတ် သွေး/ အချွဲပါလျှင် antibiotic နှင့် anti-inflammatory treatment များပေးနိုင်သည်။
အကြောင်းအရာ ပံ့ပိုးသူ
MDEP
Myanmar Dairy Excellence Project (MDEP) စီမံကိန်းသည် နို့စားနွားမွေးမြူသူများ အကျိုးအမြတ် ပိုမိုရရှိရန်၊ ဘေးဥပါဒ်ကင်းရှင်းသည့် နို့နှင့်နို့ထွက်ပစ္စည်းများအားစားသုံးနိုင်ရန်၊ ရေရှည်တည်တံ့ပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် နို့နှင့်နို့ထွက်ပစ္စည်းစျေးကွက်ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ နယူးဇီလန်နိုင်ငံ အစိုးရနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လုပ်ကိုင်ခြင်းဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် စီမံကိန်းစတင်ပြီး မြက်(၈)မျိုး၊ ပဲ(၁၃)မျိုး၊ နို့စားနွားမျိုးရည်ခဲချောင်း(၃)မျိုးနှင့် ခြံအသုံးအဆောင်ပစ္စည်းများအားတင်သွင်းခဲ့ပြီး စားကျက်ဖွံ့ဖြိုး ရေး၊ မျိုးမြှင့်တင်ရေးနှင့် မွေးမြူရေးစနစ်မြှင့်တင်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိသည်။ စိုက်ပျိုးနည်း စနစ်များ၊ မြက်ချဉ်ဖက်ပြုလုပ်နည်းများ၊ နွားခြံစီမံခန့်ခွဲမှုနည်းပညာများ၊ နွားငယ်နှင့်မတမ်းပြုစုစောင့် ရှောက်ခြင်းနှင့် လိုအပ်သောအစာအာဟာရတွက်ချက်နည်းများ၊ မေထုန်မဲ့သားစပ်နည်းစနစ်များအား သင်တန်းပေးခြင်းနှင့် တောင်သူဆွေးနွေးပွဲများပြုလုပ်လျက်ရှိသည်။ စဉ့်ကိုင်မြို့တွင် နွားနို့ဓာတ်ခွဲခန်း တည်ထောင်ခဲ့ပြီး သန့်ရှင်းသောနွားနို့ ထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။ Green way နှင့်လည်း တွဲဖက်လုပ်ဆောင်လျက် ရှိသည်။
ဆက်စပ်မေးခွန်းများ
နွားကခြောက်လသားပါ။နားအထဲမှာပြည်ရှိပါတယ်။ပုပ်ဆော်နံပါတယ်။ နားအစပ်နားမှာလည်းအပေါက်ကလေးဖြစ်ပြီးပြည်ရှိပါတယ်။နားရွက်မလှုပ်နိုင်ပါ။အစာလည်းအနည်းငယ်စား။နို့လည်းဆို့။စမြုံ့လည်းပြန်ပါတယ်။ အချိန်တိုင်းအိပ်နေတာပါ။အသက်ရှူရင်လည်း လည်ပင်းက တဂွီဂွီအသံမြည်ပါတယ်။နှာရည်ကအဖြူရောင်တွေကျတာလည်းရှိပါတယ်။တခါတလေအစာဖတ်ကလေးတွေပါပါလာတတ်ပါတယ်။ dexa genta procaine penicillin ညွှန်ကြားမှူနဲ့ထိုးပါတယ်။ အနည်းငယ်ပဲဆင်ပြေပါတယ်။ နွားမလန်းပါ။ ဘာများဆက်လုပ်ရမလဲခင်ဗျာ။ဖြစ်နေတာကဆယ်ရက်လောက်ရှိပါပီ။ဆေးထိုးတာကတော့ 3ရက်လောက်ပဲကြာပါသေးတယ်။ဖြေကြားပေးပါခင်ဗျာ
အုန်းကျော် • ဖြေကြားချက် 1 ခု
မဂင်လာပါဆရာတို့ခင်ဗျာ။ နွားက 6လသားအရွယ်ပါ။နားတဖက်မှာ အထဲမရောက်ပဲ အ၀နားမှာအပေါက်ကလေးဖြစ်ပြီးပြည်တည်ပါတယ်။နားအထဲမှာပဲ အဲနေရာကနေပဲစီးကျသလားမသိပါ ပြည်စတွေရှိပါတယ်။နားရွက်မလှူပ်နိုင်ပါ။ဖျားပါတယ်။အဖျားကျဆေးထိုးပြီးလည်းနားကမသက်သာပါ။gentamycin dexa procaine penicillin ကိုလည်းကျွမ်းကျင်သူရဲ့ပြောကြားမှုနဲ့ထိုးပါတယ်။ သက်သာမှူသိပ်မရှိပါ။ အစာစားပါတယ်။နို့စို့ပါတယ်။စာမြုံ့အနည်းငယ်ပြန်ပါတယ်။ ခုတခါထပ်ဖြစ်နေတာက နှားခေါင်းကအဖြူရောင်အနှစ်တွေကျပါတယါ။အသက်ရှုတဲ့အခါ လည်ပင်းမှာတဂွီဂွီအသံတွေမြည်ပါတယ်။အစာမစားတဲ့အချိန်အိပ်နေတာများပါတယ်။ ဘာများဆက်လုပ်ရမလဲခင်ဗျာ။ဖြေကြားပေးပါခင်ဗျာ။
အုန်းကျော် • ဖြေကြားချက် 1 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 1 ခု
နွားထီး၂နှစ်ခွဲးအရွယ်ဝမ်းပျော့တေသွားနေတာ၁ပတ်လောက်ရှိနေပီခုထိမရပ်သေးလို့ကာကွယ်ကုသနည်းလေးညွှန်ပြပေးပါဆရာတို့
tinwinesein • ဖြေကြားချက် 2 ခု
ဆေးကို ဘယ်မှာဝယ်လို့ရနိုင်ပါသလဲ ကျိုက်လတ် မအူပင်နဲ့နီးပါတယ်
အောင် ကောင်းပြည့် • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Green Way
အားလုံး
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026