အစိမ်းရောင်လမ်း
သိုး၊ဆိတ်များတွင်အဖြစ်များသော မေးခိုင်ရောဂါ ကာကွယ်ကုသနည်း

သိုး၊ဆိတ်များတွင်အဖြစ်များသော မေးခိုင်ရောဂါ ကာကွယ်ကုသနည်း

ဦးဇော်(dof)
ဦးဇော်(dof) 14/12/2022

 

သိုး၊ ဆိတ်များတွင် ဖြစ်လေ့ဖြစ်ထရှိသော မေးခိုင်ရောဂါ(Tetanus)အကြောင်းကို သိုး၊ ဆိတ် မွေးမြူသူများ သိရှိစေရန် ရေးသားဖော်ပြလိုက်ရပါသည်။

ရောဂါဖြစ်ပွားသည့်အကြောင်းအရင်း

CL.tetani ဟု ခေါ်သော ပိုးမျိုးစိတ်၏ Spore များ သိုး၊ ဆိတ်များ၏ ဒဏ်ရာနက်နက်ထဲသို့ ဝင်သွားပြီး vegetative ပုံစံသို့ ပြန်ပြောင်းပွားများကာ အဆိပ်ထုတ်လုပ်သောကြောင့် ဖြစ်ပွားပါသည်။

ရောဂါလက္ခဏာများ

  • ဘက်တီးရီးယားပိုးက ထုတ်လုပ်သောအဆိပ်(toxin)သည် ဖြေလျော့ကြွက်သားများအား ထောက်ပံ့သည့်အာရုံကြော (Inhibitory nerves)များကို တွယ်ကပ်ပြီး ဖျက်ဆီးပစ်ကြသဖြင့် သိုး၊ ဆိတ်၏ ကြွက်သားများ ဖြေလျော့၍မရဘဲ တောင့်တင်းနေစေပါသည်။
  • ရောဂါဖြစ်ပွားသည့်အခါ လှုံ့ဆော်မှုအသေးစားလေးများကိုပင် ကြွက်သားများက အလွန်အမင်း အထိန်းအချုပ်မဲ့စွာ တုံ့ပြန်ကြသည်ကို တွေ့ရှိရပါသည်။
  • နောက်ဆုံးတွင် ဆိတ်ငယ်ကလေးမှာ အသက်ရှူ၍မရဘဲ အသက်သေဆုံးရပါသည်။

ကူးစက်ပုံ

  • CL.tetani ပိုးများသည် အခွံမာအိတ်(spores)အိတ်များ ပြုလုပ်နေထိုင်နိုင်ပြီး မစင်များရှိသည့် မည်သည့်နေရာတွင်မဆို ရှိနေနိုင်ပါသည်။
  • ၎င်းတို့သည် လေမဝင်နိုင်သဖြင့် အောက်ဆီဂျင်မရရှိနိုင်သော အနာနက်နက်များတွင် ကောင်းစွာ ပေါက်ပွားရှင်သန်ကြပါသည်။
  • တိရစ္ဆာန်များဒဏ်ရာရရှိသည့်အခါ (ဥပမာ-သင်းကွပ်ခြင်း) ပတ်ဝန်းကျင်ရှိ ရောဂါပိုး spore များသည် ဒဏ်ရာအတွင်းသို့ ဝင်သွားပြီး ကူးစက်ခြင်းဖြစ်ပါသည်။

အသေကောင်အားခွဲစိတ်စစ်ဆေးခြင်း

  • ရောဂါဖြစ်ပြီး သေဆုံးသွားသော တိရစ္ဆာန်အသေကောင်အား ခွဲစိတ်စစ်ဆေးရာတွင် ထူးခြားချက်များ မတွေ့ရှိရပါ။

ရောဂါကိုစစ်ဆေးခြင်း

  • ရောဂါလက္ခဏာနှင့် ဒဏ်ရာရရှိမှု နောက်ကြောင်းလေ့လာမှုများအရ ရောဂါဟု အမည်တပ်နိုင်ပါသည်။

ကာကွယ်ခြင်း

  • မေးခိုင်ရောဂါကို ကာကွယ်ရာတွင် အသုံးပြုသော ကာကွယ်ဆေးမှာ အဆိုပါရောဂါပိုးမှ ထုတ်လုပ်သောအဆိပ်ကို အားဖျော့ထားသော(toxoid)ကာကွယ်ဆေး ဖြစ်ပါသည်။
  • ၎င်းကာကွယ်ဆေးသည် ခန္ဓာကိုယ်ခုခံအားစနစ်ကို လှုံ့ဆော်ပေးပြီး ခုခံအားစနစ်အနေဖြင့် ရောဂါ ပိုးမှ ထုတ်လုပ်သည့်အဆိပ်ကို ချေဖျက်နိုင်မည့် ရောဂါအခံဓာတ်(Immunoglobulin)များကို ထွက်ပေါ်လာစေပါသည်။
  • ဆိတ်မကြီးများအား သားမကျမီ အနည်းဆုံး ၂ ပတ်ခန့်အလိုတွင် မေးခိုင်ကာကွယ်ဆေး (toxoid) ထိုးနှံပေးရပါမည်။
  • ထို့နောက် ဆိတ်ငယ်လေးများအား သင်းမကွပ်မီ၂ ပတ်ခန့်ကြိုတင်၍ မေးခိုင်ကာကွယ်ဆေး ထိုးနှံရန် လိုအပ်ပါသည်။

ကုသခြင်း

  • ငြိမ်ဆေးများ ထိုးနှံပေးပြီး မှောင်သောအခန်းတွင် တိရစ္ဆာန်အား ထားရှိခြင်းဖြင့် အာရုံကြောလှုံ့ဆော်မှုများကို လျှော့ချပေးရပါမည်။
  • ကာကွယ်ဆေးထိုးထားသော တိရစ္ဆာန်၏သွေးရည်ကြည်တွင်ပါဝင်သော Immunoglobulins များအား ဒဏ်ရာနက်နက်ရထားပြီး ကာကွယ်ဆေး မထိုးထားသော တိရစ္ဆာန်တွင် ထိုးနှံပေးခြင်းကို ပြုလုပ်ပေးလေ့ရှိကြပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

U Win Htike

U Win Htike

လွန်ခဲ့သော ၃ နှစ် က

ဘယ်လို့လုပ်သင့်လည်းဆရာကြီးခဗျ

U Win Htike

U Win Htike

လွန်ခဲ့သော ၃ နှစ် က

မွေးပီကာစဆိတ်ပေါက်လေးတေချီးမပါတာဘာတိုက်လို့ရလည်းဗျ

thandar kyaw

thandar kyaw

လွန်ခဲ့သော ၃ နှစ် က

ဆရာကြီးရှင့် ဆိတ်တွေ နှာစေး ချောင်ဆိုးဖြစ်နေတာ စိုးရိမ်ရလား ဘယ်လိုကုသပေးရမလဲ ပြောပြပေးပါ

You

ဆက်စပ်မေးခွန်းများ

နွားကခြောက်လသားပါ။နားအထဲမှာပြည်ရှိပါတယ်။ပုပ်ဆော်နံပါတယ်။ နားအစပ်နားမှာလည်းအပေါက်ကလေးဖြစ်ပြီးပြည်ရှိပါတယ်။နားရွက်မလှုပ်နိုင်ပါ။အစာလည်းအနည်းငယ်စား။နို့လည်းဆို့။စမြုံ့လည်းပြန်ပါတယ်။ အချိန်တိုင်းအိပ်နေတာပါ။အသက်ရှူရင်လည်း လည်ပင်းက တဂွီဂွီအသံမြည်ပါတယ်။နှာရည်ကအဖြူရောင်တွေကျတာလည်းရှိပါတယ်။တခါတလေအစာဖတ်ကလေးတွေပါပါလာတတ်ပါတယ်။ dexa genta procaine penicillin ညွှန်ကြားမှူနဲ့ထိုးပါတယ်။ အနည်းငယ်ပဲဆင်ပြေပါတယ်။ နွားမလန်းပါ။ ဘာများဆက်လုပ်ရမလဲခင်ဗျာ။ဖြစ်နေတာကဆယ်ရက်လောက်ရှိပါပီ။ဆေးထိုးတာကတော့ 3ရက်လောက်ပဲကြာပါသေးတယ်။ဖြေကြားပေးပါခင်ဗျာ

အုန်းကျော် • ဖြေကြားချက် 1 ခု

မဂင်လာပါဆရာတို့ခင်ဗျာ။ နွားက 6လသားအရွယ်ပါ။နားတဖက်မှာ အထဲမရောက်ပဲ အ၀နားမှာအပေါက်ကလေးဖြစ်ပြီးပြည်တည်ပါတယ်။နားအထဲမှာပဲ အဲနေရာကနေပဲစီးကျသလားမသိပါ ပြည်စတွေရှိပါတယ်။နားရွက်မလှူပ်နိုင်ပါ။ဖျားပါတယ်။အဖျားကျဆေးထိုးပြီးလည်းနားကမသက်သာပါ။gentamycin dexa procaine penicillin ကိုလည်းကျွမ်းကျင်သူရဲ့ပြောကြားမှုနဲ့ထိုးပါတယ်။ သက်သာမှူသိပ်မရှိပါ။ အစာစားပါတယ်။နို့စို့ပါတယ်။စာမြုံ့အနည်းငယ်ပြန်ပါတယ်။ ခုတခါထပ်ဖြစ်နေတာက နှားခေါင်းကအဖြူရောင်အနှစ်တွေကျပါတယါ။အသက်ရှုတဲ့အခါ လည်ပင်းမှာတဂွီဂွီအသံတွေမြည်ပါတယ်။အစာမစားတဲ့အချိန်အိပ်နေတာများပါတယ်။ ဘာများဆက်လုပ်ရမလဲခင်ဗျာ။ဖြေကြားပေးပါခင်ဗျာ။

အုန်းကျော် • ဖြေကြားချက် 1 ခု

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 1 ခု

နွားထီး၂နှစ်ခွဲးအရွယ်ဝမ်းပျော့တေသွားနေတာ၁ပတ်လောက်ရှိနေပီခုထိမရပ်သေးလို့ကာကွယ်ကုသနည်းလေးညွှန်ပြပေးပါဆရာတို့

tinwinesein • ဖြေကြားချက် 2 ခု

ဆေးကို ဘယ်မှာဝယ်လို့ရနိုင်ပါသလဲ ကျိုက်လတ် မအူပင်နဲ့နီးပါတယ်

အောင် ကောင်းပြည့် • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။