သတိထားသင့်ဆဲ အာဖရိကဝက်အပြင်းဖျားရောဂါ..
၂၀၁၉ ခုနှစ်ကတည်းက မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ ဒီ အာဖရိက ဝက်အပြင်းဖျားရောဂါ (African Swine Fever) ဟာ လျော့နည်းသွားပြီဆိုပေမယ့် လက်ရှိအချိန်ထိ အမြစ်မပြတ်သေးတဲ့အတွက် ဝက်မွေးမြူရေးသမားတွေ ဆက်လက်သတိထားသင့်လို့ ဒီရောဂါအကြောင်း ဖော်ပြပေးလိုက်ပါတယ်..။
အာဖရိကဝက်အပြင်းဖျားရောဂါဆိုတာ ၁၉၀၇ ခုနှစ်မှာ အာဖရိကတိုက်၊ ကင်ညာနိုင်ငံမှာ စတင်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်..။ ဆိုတော့ အာဖရိကမှာ စတင်ဖြစ်ပွားတာမို့ ‘အာဖရိက ဝက်အပြင်ဖျားရောဂါ’ လို့ အမည်တွင်ရတာ ဖြစ်ပါတယ်..။
အဲ့ဒီကတဆင့် ဥရောပတိုက်နဲ့ အမေရိကတိုက်များသို့ ဆက်လက်ပျံ့နှံ့ခဲ့ပါတယ်..။ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ပထမပါတ်ကစလို့ အာရှနဲ့အိမ်နီးချင်းနိုင်ငံများဖြစ်တဲ့ တရုတ်၊ မွန်ဂိုးလီးယား ၊ ဗီယက်နမ် ၊ ကမ္ဘောဒီးယား၊ မြောက်ကိုးရီးယားနဲ့လာအိုနိုင်ငံများမှာ ပျံ့နှံ့လျက်ရှိပြီး ဝက်အများ အပြားသေဆုံးခဲ့ရပါတယ်.။
မြန်မာနိုင်ငံမှာတော့ ၂၀၁၉ ခုနှစ်မှာ ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းလား ဒေသတို့မှာ စတင်ဖြစ်ပွားခဲ့ပြီး ၂၀၂၀ ခုနှစ်မှာတော့ လားရှိုး၊ ကလေး ၊ရွှေဘိုဒေသတို့မှာ ဖြစ်ပွားခဲ့ကာ၂၀၂၁ ခုနှစ်မှာတော့ ကျိုင်းတုံဒေသမှာ နောက်တကြိမ် ထပ်မံဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်..။
မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေနဲ့ ရောဂါဖြစ်ပွားမှုနှုန်းလျော့နည်းစေရေးနဲ့ ထိန်းချုပ်နိုင်ရေးအတွက် ဆောင်ရွက်နေပေမယ့် ဝက်မွေးမြူရေးသမားတွေအနေနဲ့ သတိဆက်ထားသင့်တုန်းပါပဲ..။
ဒီရောဂါဖြစ်စေတဲ့ပိုးကတော့ -
စက်ဝိုင်းပုံရှိ DNA အမျိုးအစားဗိုင်းရပ်စ်ပိုးကြောင့်ပါ..။
ရောဂါဖြစ်တဲ့ တိရိစ္ဆာန်တွေကတော့ -
အိမ်မွေးဝက်တွေနဲ့ တောဝက်တွေမှာ အဖြစ်များပြီး အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပါတယ်..။
ရောဂါကူးစက်ပျံ့နှံ့ခြင်းကတော့ -
ရောဂါပိုးကူးစက်ခံထားရတဲ့ ဝက်အညစ်အကြေးများ၊ ဝက်သား၊ ဝက်ထွက်ပစ္စည်းများ၊ မျက်ရည်၊ နှာရည်၊ သွားရည်၊ ဆီး၊ဝမ်း၊သွေးနှင့် အသားများနှင့် တိုက်ရိုက်ထိတွေ့ခြင်း၊ မွှားကဲ့သို့သော ကြားခံလက်ခံကောင်များ တွယ်ခြင်း၊ ကိုက်ခြင်းနဲ့ ရောဂါပိုးနှင့် ထိတွေ့ထားသော ဆေးထိုးအပ်၊ အသုံးအဆောင်ပစ္စည်း၊ ဖိနပ်၊ အဝတ်အစား နဲ့ ယာဉ်တို့ကတဆင့် ကူးစက်ပျံ့ နှံ့တာပါ..။ (၃-၆)လအထိ အေးခဲထားသော ရောဂါပိုးကူးစက်ခံထားရတဲ့ ဝက်သားများနဲ့ ထိတွေ့ခြင်းကတဆင့်လည်း ကူးစက်နိုင်ပါတယ်..။
ရောဂါလက္ခဏာတေွကတော့ -
- နာတာရှည် ကူးစက်ခံရသောဝက်တွေမှာ ခြေလက်အဆစ်ရောင်ခြင်း၊ အရေပြားအနာဖြစ်ခြင်း၊ အရေပြား(နားရွက်၊ အမြီး၊ဝမ်းဗိုက်)နီရဲခြင်း၊
- နာတာရှည်ကူးစက်ခံရသောဝက်တွေမှာ ကိုယ်အပူချိန် မမှန်ခြင်း၊ ကိုယ်အလေးချိန်လျော့ကျခြင်း။
- ရောဂါကူးစက်ခံရတဲ့ ဝက်တွေမှာ အရေပြားနီရဲခြင်း၊ ပန်းခရမ်းပြာအရောင်များပြောင်းပြီး ရုတ်တရက် သေဆုံးခြင်းတို့ ဖြစ်ပွားတတ်ပါတယ်..။
ရောဂါပျိုးချိန်ကတော့ -
- ပုံမှန်အားဖြင့် (၄-၁၉)ရက် ကြာပါတယ်..။ ရောဂါပြင်းထန်ပါက ရာနှုန်းပြည့်သေနှုန်းထိ ရှိနိုင်ပါတယ်.။
- (၃-၄)ရက်အတွင်း ရုတ်တရက်ဖြစ်ပွားသော အခြေအနေ များလည်း ရှိပြီးရောဂါပြင်းထန်တတ်ပါတယ်..။
ဆိုတော့ ဘယ်လိုကာကွယ်ကုသတာတွေလုပ်မလဲ..?
- ရောဂါကို ကြိုတင်ကာကွယ်နိုင်သောဆေးနှင့် ထိထိရောက် ရောက်ကုသနိုင်တဲ့ဆေးများ မရှိသေးပါဘူး..။ အဲ့ဒါကြောင့် ကူးစက်ရောဂါအနေနဲ့ ကာကွယ်ထိန်းချုပ်ဖို့ လိုပါတယ်..။
ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ခြင်းကတော့ -
- ရောဂါဖြစ်ပွားနေသောဝက်နဲ့ အတူနေဝက်များကို သီးသန့် ခွဲခြားထားပါ။ ရောင်းချခြင်း၊ အခြားနေရာ သို့ သယ်ဆောင်ခြင်း မပြုရပါဘူး..။
- ရောဂါဖြင့်သေဆုံးတဲ့ ဝက်နဲ့ ဝက်ရဲ့အညစ်အကြေးများ၊ စားကြွင်းစားကျန်များနဲ့ အသုံးအဆောင် ပစ္စည်းများကို မြေမြှုပ်မီးရှို့ဖျက်ဆီးပါ။ ရေမျှောခြင်း၊ မြစ်/ချောင်း နဲ့ ရေတွင်း၊ရေကန်အနီး မြေမြှုပ်ခြင်း မပြုရပါဘူး။
- ပြန်လည်အသုံးပြုလို့ရတဲ့ အသုံးအဆောင်ပစ္စည်းတွေကို ပိုးသတ်သန့်စင်ပြီးမှ ထပ်မံအသုံးပြုရပါမယ်..။
- မြေမြှုပ်သောနေရာ၊ မီးရှို့သောနေရာနဲ့ ဝက်ခြံကို မွေးမြူရေးလုပ်ငန်းသုံး ပိုးသတ်ဆေးဖျန်းပေးပါ။
- မွေးမြူရေးခြံများရဲ့ ဇီဝလုံခြုံမှုကို မြှင့်တင်ပါ..။
- တိရစ္ဆာန်၊ လူ၊ ယာဉ် စတာတွေ ဖြတ်သန်းသွားလာမှုကို ထိန်းချုပ်ပါ။
- ဝက်ခြံလုပ်သားများအနေနဲ့ နှာခေါင်းစည်း၊လက်အိတ် စတာတွေ အသုံးပြုပါ။ လက်ကိုသေချာစွာ ဆေးကြောသန့် စင်ပါ။တစ်ကိုယ်ရည်သန့်ရှင်းရေး ဆောင်ရွက်ပါ။
- ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ခြင်းအတွက် မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနရဲ့ အကူအညီကို ရယူပါ။
ဒီရောဂါပိုးဟာ အေးခဲအသားမှာ ၁၅ ပတ်၊ ဝက်ပေါင်ခြောက် မှာ ရက်ပေါင်း ၇၀၀၊ အေးခဲထားတဲ့ အသေကောင် တွေမှာ ၁၅ နှစ်လောက်ထိ နေထိုင်နိုင်ကြပါတယ်..။
ဒါပေမဲ့ ဒီအာဖရိကဝက်အပြင်းဖျားရောဂါဟာ လူကို လုံးဝကူးစက်ခြင်း မရှိဘဲ တိရစ္ဆာန်အချင်းချင်းသာ ကူးစက်တတ်တာကြောင့် ဝက်ခြံတွေနဲ့ သားငါးစျေးများမှာ စနစ်တကျပိုးသတ်ဆေးဖျန်းခြင်းကို ပုံမှန်ဆောင်ရွက်ခြင်းနဲ့ ကာကွယ်သင့်ပါကြောင်း အကြံပြုအပ်ပါတယ်..။
ရေးသားသူ - ဦးဇော်(dof)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
အာဖရိက ဝက်အပြင်းဖျားရောဂါ
ကိုစိုင်းမောင်ဝင်း
လွန်ခဲ့သော ၄ နှစ် ကမဂ်လာပါအကို
ဆက်စပ်မေးခွန်းများ
နွားကခြောက်လသားပါ။နားအထဲမှာပြည်ရှိပါတယ်။ပုပ်ဆော်နံပါတယ်။ နားအစပ်နားမှာလည်းအပေါက်ကလေးဖြစ်ပြီးပြည်ရှိပါတယ်။နားရွက်မလှုပ်နိုင်ပါ။အစာလည်းအနည်းငယ်စား။နို့လည်းဆို့။စမြုံ့လည်းပြန်ပါတယ်။ အချိန်တိုင်းအိပ်နေတာပါ။အသက်ရှူရင်လည်း လည်ပင်းက တဂွီဂွီအသံမြည်ပါတယ်။နှာရည်ကအဖြူရောင်တွေကျတာလည်းရှိပါတယ်။တခါတလေအစာဖတ်ကလေးတွေပါပါလာတတ်ပါတယ်။ dexa genta procaine penicillin ညွှန်ကြားမှူနဲ့ထိုးပါတယ်။ အနည်းငယ်ပဲဆင်ပြေပါတယ်။ နွားမလန်းပါ။ ဘာများဆက်လုပ်ရမလဲခင်ဗျာ။ဖြစ်နေတာကဆယ်ရက်လောက်ရှိပါပီ။ဆေးထိုးတာကတော့ 3ရက်လောက်ပဲကြာပါသေးတယ်။ဖြေကြားပေးပါခင်ဗျာ
အုန်းကျော် • ဖြေကြားချက် 1 ခု
မဂင်လာပါဆရာတို့ခင်ဗျာ။ နွားက 6လသားအရွယ်ပါ။နားတဖက်မှာ အထဲမရောက်ပဲ အ၀နားမှာအပေါက်ကလေးဖြစ်ပြီးပြည်တည်ပါတယ်။နားအထဲမှာပဲ အဲနေရာကနေပဲစီးကျသလားမသိပါ ပြည်စတွေရှိပါတယ်။နားရွက်မလှူပ်နိုင်ပါ။ဖျားပါတယ်။အဖျားကျဆေးထိုးပြီးလည်းနားကမသက်သာပါ။gentamycin dexa procaine penicillin ကိုလည်းကျွမ်းကျင်သူရဲ့ပြောကြားမှုနဲ့ထိုးပါတယ်။ သက်သာမှူသိပ်မရှိပါ။ အစာစားပါတယ်။နို့စို့ပါတယ်။စာမြုံ့အနည်းငယ်ပြန်ပါတယ်။ ခုတခါထပ်ဖြစ်နေတာက နှားခေါင်းကအဖြူရောင်အနှစ်တွေကျပါတယါ။အသက်ရှုတဲ့အခါ လည်ပင်းမှာတဂွီဂွီအသံတွေမြည်ပါတယ်။အစာမစားတဲ့အချိန်အိပ်နေတာများပါတယ်။ ဘာများဆက်လုပ်ရမလဲခင်ဗျာ။ဖြေကြားပေးပါခင်ဗျာ။
အုန်းကျော် • ဖြေကြားချက် 1 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 1 ခု
နွားထီး၂နှစ်ခွဲးအရွယ်ဝမ်းပျော့တေသွားနေတာ၁ပတ်လောက်ရှိနေပီခုထိမရပ်သေးလို့ကာကွယ်ကုသနည်းလေးညွှန်ပြပေးပါဆရာတို့
tinwinesein • ဖြေကြားချက် 2 ခု
ဆေးကို ဘယ်မှာဝယ်လို့ရနိုင်ပါသလဲ ကျိုက်လတ် မအူပင်နဲ့နီးပါတယ်
အောင် ကောင်းပြည့် • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from ဦးဇော်(dof)
အားလုံး