အထွက်နှုန်းမကျဆင်းစေရန် စပါးစိုက်ခင်းတွင် ကြိုတင်ကာကွယ်ရမည့်အချက်များ
စာရေးသူ၏ ကွင်းဆင်းလေ့လာမှုများ၊ တောင်သူများလာရောက် မေးမြန်းချက်များအရ အခုနောက်ပိုင်းတွင် ၈၀ ရာခိုင်နှုန်းသော် စပါးစိုက်ခင်းများတွင်
- ၁ - Zinc သွပ် ဓာတ် ချို့တဲ့လာပါလိမ့်မည်။
- ၂ - နီတို(သံဆိပ်သင့်) ခြင်းများနှင့်
- ၃ - ဆာလဖိုက် အဆိပ်သင့်ခြင်းများ ဖြစ်ပေါ်လာပါလိမ့်မည်။
ထို့ကြောင့် အစိမ်းရောင်လမ်းမိတ်ဆွေများ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန်အတွက် ဖော်ပြပေးလိုက်ရပါသည်။
အနယ်နယ်အရပ်ရပ်က စပါးစိုက် တောင်သူပေါင်း - ၂၀၀ ကျော်၊ ကွင်းဝန်ထမ်း - ၅၀ ကျော်၊ ဆိုင်ဝန်ထမ်း - ၂၀ ကျော်နှင့် ဆိုင်သမား - ၃၀ ကျော်၏ စကားသံများနှင့် မိမိ၏ကွင်းဆင်းသုံးသပ်ချက်များအရ စပါးအထွက် တစ်ဧက ၁ တင်း မှ တင်း ၂၀ ကျော် အထိကျဆင်းနိုင်ပါသည်။ အကြောင်းအရင်းမှာ မြေ၊ ရာသီနှင့် ပေါင်းသတ်ဆေး၊ မြေဩဇာသုံးစွဲပုံ၊ စိုက်နည်းစနစ်တို့ကြောင့်ဖြစ်ပါသည်။

ကြိုတင်ကာကွယ် လုပ်ဆောင်ရမည့်အချက်များ
(၁) ရေကို အကြာကြီးအခင်းထဲတွင် မထိန်းထားရပါ။ တစ်ဧကလျှင် ကျောက်မှုန့် သို့ ဒိုလိုမိုက် ၁၀၀ ကီလိုကို ပက်ထည့်ပါ။ ပြီးလျှင် ရေထုတ်ပါ။ ထုတ်ပြီးနောက်နေ့ ရေပြန်သွင်းမှုမျိုး ပြုလုပ်ရမည်။
(၂) ရေသွင်းပြီးရင် နိုက်ထရိုဖီနောဟော်မုန်းနှင့် ဟူးမစ်ပါသည့် တစ်ခုခု သုံးပါ။ တစ်ကြိမ်ဆိုလျှင် ရပါပြီ။
(၃) ဇင့်ပါသောရွက်ဖျန်းတစ်ခုခုကို အနှံမထွက်ခင်အချိန်အထိ (၇)ရက်လျှင် တစ်ခါ ဖျန်းပါ။
(၄) စပါးစိုက်မြေ ထယ်ထိုးထွန်မွှေချိန်တွင် ဩဂဲနစ်ဓာတ်ကြွယ်ဝအောင်ထားရမည်။(နွားချေး၊ ပင်ကြွင်းပင်ကျန်များ ၊ တီကျစ်၊ ဘိုကာချီစသည်တို့ကို နိုင်သလောက် ထည့်ခြင်းဖြင့် အဆင်ပြေပါသည်။
စပါးအထွက်ပိုမို ရရှိပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက်
ဖုန်းမာန်တိုး
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
စပါးပင်နှင့် ကျောက်မှုန့်မြေသြဇာ
သီဟ
လွန်ခဲ့သော ၂ နှစ် ကကျောက်မှုန့်ကျဲပြီးရေထုတ်တော့ ရေထဲကျောက်မှုန့်ပါမသွားဘူးလား
Kotunyin
လွန်ခဲ့သော ၂ နှစ် ကကိုထွန်းရင်
ဆက်စပ်မေးခွန်းများ
ကျနောရဲ့လယ်ကွက်ထဲကမြက်ကြိမ်ပင်အမြစ်နှင့်အငုပ်တွေကအရွက်မရှိဘူးဆရာဂလိုင်ဖိုဆေ့့ဖြန်ရင်သေနိုင်မလားဘာလုပ်ရင်ကောင်းမလဲ။လက်နှင့်ကောက်ရင်မဖြစ်နိုင်လို့ပါ။
U Win Zaw • ဖြေကြားချက် 1 ခု
ယင်ဖြူနဲ့ဖူးစားပိုးရွက်စားပိုးနဲ့မှုိရောဂါတွေအတွက်ဘယ်လို့ထိထိရောက်ရောက်ရောဖျန်းရမလဲဖျန်းရမဲ့အတွဲလေးသိရင်ဖြေပေးပါလားဆရာတို့တချု့အရွက်တွေယင်ဖြူကြောင့်မဲတာပြောင်အောင်ဘယ်လို့လုပ်ရ
မောပ်တိုးတတ် • ဖြေကြားချက် 3 ခု
မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။
Kyaw Soe Naing • ဖြေကြားချက် 1 ခု
ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ
Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။
U Win Zaw • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from ဖုန်းမဏ်တိုး
အားလုံး
ငလျင်ဒဏ်သင့်မြေဆီလွှာများကို ပြုပြင်နည်း
30/04/2025
အရွက်ပေါ်မှာ အမွေးနုသေးသေးလေးတွေစုနေတဲ့ စားတော်ပဲ ဒေါင်းနီမှိုရွက်ခြောက်ရောဂါ
16/01/2024
ငမြှောင်တောင် လောက်ကောင်အဆင့်လိုက် သုံးသင့်သည့် ပိုးသတ်ဆေးများ
12/01/2024
ကယ်ဆီယမ်ချို့တဲ့ခြင်းကြောင့်ဖြစ်တဲ့ ငရုတ်သီးပုပ်ခြောက်ခြင်း
03/01/2024
ပြောင်းလဲလာတဲ့ ပိုးသတ်ဆေးများရဲ့ သမိုင်းကြောင်း
15/11/2023