အီးအမ် ဆိုတာဘာလဲ..? အပင်နဲ့ မြေဆီလွှာကို ဘယ်လိုအကျိုးပြုတာလဲ..?
အကျိုးပြုအဏုဇီဝဖျော်ရည် (အီးအမ်) ဆိုတာ မြေဆီလွှာအတွင်းမှ သီးနှံပင်တို့၏ ကြီးထွားဖြစ်ထွန်းမှု၊ အထွက်နှုန်း၊ ပိုးမွှားရောဂါဒဏ်ခံနိုင်ရည်ရှိမှုနှင့် သီးနှံအရည်အသွေးကို မြင့်မားစေနိုင်သော မြေဆီလွှာအတွင်းရှိ အကျိုးပြုအဏုဇီဝ မျိုးစိတ်ပေါင်း (၈၀) ကျော်ကို အဆင့်မြင့်နည်းပညာဖြင့် စနစ်တကျ စုပေါင်းမွေးမြူဖျော်စပ်ထားသည့် ဖျော်ရည်တစ်မျိုး ဖြစ်ပါတယ်။
အဓိကပါဝင်သော အဏုဇီဝများမှာ-
- လက်တစ်အက်စစ်ဘက်တီးရီးယား (Lactic acid bacteria)
- တဆေးမှိုများ (Yeast)
- ဖိုတိုဆင်းသက်တစ်ဘက်တီးရီးယား (Photosynthetic bacteria)
- အက်တီနိုမိုက်စိဘက်တီးရီးယားနှင့် (Actinomyces bacteria)
- အပင်အကြွင်းအကျန်အစိတ်အပိုင်းများကို လျင်မြန်စွာဆွေးမြေ့စေသောမှို (Fermenting Fungi) များဖြစ်ကြပါတယ်။
အီးအမ်မှာဆိုရင်လည်း
- ပင်မအီးအမ် ( Original EM, OEM)
- အီးအမ်ပြင်း ( EM Concentrate, CEM )
- အသင့်သုံးအီးအမ် ( Instant EM)
- အီးအမ် -၅ ( EM-5)
- အီးအမ် အက်ဖ်ပီအီး ( Fermented Plant Extract) ( EM-FPE) ဆိုပြီး ၅ မျိုးရှိပါတယ်။

အပင်နဲ့ မြေဆီလွှာကိုအပင်ပေါ်ပက်ဖျန်းခြင်းဖြင့်ရရှိနိုင်တဲ့ အကျိုးကျေးဇူးများ
(၁) မြေဆီလွှာ၏ ရုပ်ဂုဏ်သတ္တိ၊ ဓာတ်ဂုဏ်သတ္တိနှင့် ဇီဝဂုဏ်သတ္တိများ တိုးတက်လာပြီး မြေ၏ ဖွဲ့စည်းမှုကောင်းမွန်လာစေခြင်း
(၂) ရေထိန်းအား ပိုမိုကောင်းမွန်စေခြင်း
(၃) မြေဆီလွှာ အတွင်းရှိ ရောဂါဖြစ်စေသော အဏုဇီဝများကို နှိမ်နင်းနိုင်ခြင်း
(၄) မြေဆီလွှာ အတွင်းရှိ အကျိုးပြုအဏုဇီဝများ၏ လှုပ်ရှားမှု၊ ပေါက်ပွားမှုများတိုးတက်လာခြင်း
(၅) မြေအတွင်းရှိ အပင်အာဟာရဓာတ်များကို သီးနှံပင်မှပိုမိုစုပ်ယူနိုင်ခြင်း
(၆) သီးနှံစွန့်ပစ်ပစ္စည်းများနှင့် အကြွင်းအကျန်များ၊ နွားချေးကဲ့သို့ တိရစ္ဆာန်အညစ်အကြေးများကို လျှင်မြန်စွာဆွေးမြေ့စေပြီး အပင်အာဟာရအဖြစ် အမြန်ဆုံးပြန်လည်အသုံးပြုနိုင်ခြင်း၊ အပင်အတွက် အာဟာရပိုမိုရရှိစေနိုင်ခြင်း
(၇) မျိုးစေ့ အပင်ပေါက်နှုန်းကောင်းမွန်စေခြင်း၊ ပန်းပွင့်စော၍ သီးနှံရင့်မှည့်မှုစောခြင်း၊ အထွက်တိုးခြင်း
(၈) ရိတ်သိမ်းပြီးသီးနှံများ တာရှည်ခံခြင်း
(၉) သီးနှံပင်များ၏ အစာချက်နှုန်းမြင့်မားလာစေခြင်း
(၁၀) လေထဲမှ နိုက်ထရိုဂျင်ဓာတ်ကို အပင်အတွက်အာဟာရအဖြစ် ရရှိစေခြင်း
(၁၁) သီးနှံတစ်မျိုးတည်းကို တစ်နေရာတည်းဆက်တိုက် ကာလရှည်စွာ စိုက်ပျိုးသော်လည်း ရောဂါကျရောက်မှုနည်းပါးပြီး အထွက်နှုန်းမကျဆင်းစေခြင်း
(၁၂) သီးနှံအရည်အသွေးကောင်းမွန်လာစေခြင်း
(၁၃) ဓာတုပစ္စည်းများအား မှီခိုသုံးစွဲမှု လျော့နည်းလာစေခြင်း
(၁၄) စိုက်ပျိုးစရိတ်သက်သာစေခြင်း
(၁၅) ဘေးဥပါဒ်ကင်းသည့် စားနပ်ရိက္ခာများထုတ်လုပ်နိုင်သောကြောင့် လူသားတို့၏ ကျန်းမာရေးကို ပိုမိုတိုးတက်ကောင်းမွန်လာစေခြင်း
(၁၆) အချိန်ကြာမြင့်လေ အကျိုးရှိလေဖြစ်ခြင်း
(၁၇) အပုပ်နံ့များ ကင်းပျောက်စေခြင်း
(၁၈) ပတ်ဝန်းကျင်ညစ်ညမ်းမှု မဖြစ်စေခြင်း စတဲ့အကျိုးကျေးဇူးတွေရရှိနိုင်ပါတယ်။
အကျိုးပြုအဏုဇီဝ (အီးအမ်) နည်းပညာ ပါမောက္ခ ဒေါက်တာမြင့်လွင် စာအုပ်မှကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။
အကျိုးပြုအဏုဇီဝ (အီးအမ်) နည်းပညာ စာအုပ်ကို ဝယ်ယူလိုပါက အစိမ်းရောင်လမ်းရဲ့ ဈေးတန်းကြီးကဏ္ဍမှာရှိတဲ့ ဗွေဆော်ဦးစာအုပ်ဆိုင်မှာ အော်ဒါတင်နိုင်သလို page chat box မှာအမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်လေးပေးပြီး လာရောက်ဝယ်ယူနိုင်ပါတယ်ရှင့် )
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဦးခင်ရှိန်
လွန်ခဲ့သော ၂ နှစ် ကသြဂဲနစ်သက်သက်စိုက်လိုပါက၊ အဓိက EM နဲ့ဘိုကာရှီမြေဆွေးလုပ်သုံး၊ မြေနဲ့စိုက်ပင်ကို အီးအမ်ဖြန်းပေါ့ဗျာ။
Aung Naing Soe
လွန်ခဲ့သော ၂ နှစ် ကorganic စစ်စစ်စိုက်ပျိုးချင်တဲ့တောင်သူတွေအတွက် EM ကို သုံးစွဲသင့်ပါသလားခင်ဗျ 🙏🙏🙏
phyo
လွန်ခဲ့သော ၃ နှစ် ကemအစစ်နဲ့အတုဘယ်လိုခွဲလဲ ဆရာမလေး
နိုင်လင်း
လွန်ခဲ့သော ၃ နှစ် ကအပင်ကိုလျှင်မြန်စွာ ကြီလားဆရာတို့ ဘယ်မှာဝယ်လို့ရတယ်ဆိုတာ မှေဝေပးကြပါ
Yan Naing Lin
လွန်ခဲ့သော ၃ နှစ် ကEM ပြုလုပ်နည်းလေးတွေတင်ပေးပါလားဗျ
ဆက်စပ်မေးခွန်းများ
နံမည်ကြီးဆေးဆိုင်ကဆေးအတုရောင်းလိုက်လို့သေချာဂရုစိုက်ထားတဲ့သင်္ဘောခင်းလေးဆေးအစိတ်သင့်ပြီးလောင်ကုန်တယ်ဗျာ🥺
ဦးညီမင်းထက် • ဖြေကြားချက် 6 ခု
အပင်ဖြစ်နှေးနေလို့ပါ
ဦးမိုက် • ဖြေကြားချက် 3 ခု
အသစ်ထွက်လာတဲ့ ချဉ်ပေါင်ရွက်တွေက အစိမ်းရောင်မဟုတ်ဘူးဖြစ်နေတာ။ ဘာဖြစ်တာလဲ?
Nova Nova • ဖြေကြားချက် 1 ခု
စပါးအရွက်တွေဝါနေတာ ဒီဆေးတွေဖျနိးရင်အဆင်ပြေလားရှင့် အဖြုရွက်တေဠရောကျနေတာ
Theint Theint Nway • ဖြေကြားချက် 2 ခု
အင်ဇိုင်းအားဆေးရည်လုပ်ဖို့.သဘော်သိးကမရလို့....ငှက်ပြောသိး..ပန်းသစ်သော်သိး.ဖရဲသိးနဲ့လုပ်လို့ရလားဗျ...အခွံတွေကောထည့်ရတာလား
သန်းထိုက်အောင် • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Green Way
အားလုံး
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026