ကော်ဖီမှုန့်ကို အပင်အာဟာရအတွက် သုံးလို့ရပါတယ်
ကော်ဖီမှုန့်နှင့် ကော်ဖီစက်ထဲမှာကျန်နေတဲ့ ကော်ဖီမှုန့်ကို အပင်တွေမှာ အသုံးပြုလို့ရပါတယ်။ ကော်ဖီမှုန့်ကို အသုံးပြုခြင်းဖြင့် အပင်တွေလိုအပ်တဲ့ နိုက်ထရိုဂျင်၊ ကယ်လ်ဆီယမ်နှင့် မက်ဂနီဆီယမ်ဓါတ်တွေကို ရရှိစေပါတယ်။ ကော်ဖီမှုန့်ကိုတိုက်ရိုက် အသုံးပြုခြင်းထက် မြေဆွေးပုံတွင်ထည့်၍အသုံးပြုခြင်းက ပိုမိုထိရောက်စေပါတယ်။ တီကျစ်စာကန်များတွင်လည်း ထည့်သွင်းအသုံးပြုနိုင်ပါတယ်။
ကော်ဖီမှုန့်ကို အက်ဆစ်ဓါတ်ကြိုက်တဲ့အပင်တွေမှာပဲ အသုံးပြုသင့်ပါတယ်။ ဥပမာ - အာဖရိက ဗွိုင်အိုလက်၊ သစ်ခွ၊ နှင်းဆီ၊ လေးနာရီပန်း၊ မက်ဂနိုးလီးယားပန်းနှင့် ဂမုန်းပင်တွေမှာအသုံးပြုနိုင်ပါတယ်။
ကော်ဖီမှုန့်ကို ပင်ခြေမှာဖြူးပေးခြင်းဖြင့် ခရုနှင့် ပက်ကျိကျရောက်ခြင်းကိုသာမက ပျနှင့် ကျိုင်းကျရောက်မှုကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ အိမ်တွင်းအလှစိုက်ပင်တွေမှာအသုံးပြုမယ်ဆိုရင်တော့ အပင်အခြေအနေကို စောင့်ကြည့်ပေးဖို့ လိုအပ်ပါတယ်။ ကော်ဖီဖျော်ထားပြီး မသောက်ဖြစ်ပဲ အေးသွားလို့ မသောက်ချင်တော့ဘူး သွန်ရမှာလည်းနှမျောတယ်ဆိုရင် ကျန်နေတဲ့ကော်ဖီကို ရေအနည်းငယ်ရောပြီး အပင်ကိုလောင်းနိုင်ပါတယ်။ ကော်ဖီလောင်းတဲ့အခါ သတိပြုရမဲ့အချက်က ခရင်မ်၊ သကြားနှင့် နို့တွေ မသုံးထားတဲ့ ကော်ဖီဖြစ်ဖို့တော့ လိုပါတယ်။ ခရင်မ်၊ သကြားနှင့် နို့တွေက အင်းဆက်များကျရောက်မှုကို အားပေးတဲ့အတွက် အသုံးပြုဖို့မသင့်တော်ပါဘူး။
အရွက်တွေဝါလာရင် သို့ အရွက်ထိပ်တွေ အညိုရောင်ပြောင်းလာရင် ကော်ဖီများနေတဲ့လက္ခဏာဖြစ်ပါတယ်။ ဒါဆိုရင်တော့ ကော်ဖီလောင်းခြင်းကိုရပ်ပြီး ရေများများလောင်းပေးရပါမယ်။ ကော်ဖီမှုန့်ကို တစ်ပတ်တစ်ကြိမ် သို့ နှစ်ပတ်တစ်ကြိမ် အသုံးပြုနိုင်ပါတယ်။
ဖြိုးသဥ္ဇာကျော်
https://www.thespruce.com/watering-houseplants-with-coffee-3972312
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ကိုယ်တိုင်လုပ် အပင်အားဆေးများ
pann
လွန်ခဲ့သော ၃ နှစ် ကတခြားဘယ်အပင်တေမာရောကော်ဖီမှုန့်ကိုအသုံးပြုလို့ရသေးလဲရှင့်
ဦးမင်းသော်
လွန်ခဲ့သော ၅ နှစ် ကခရမ်းချဉ်သီး အပင်တွေ ကိုရောရမလား.
zawmoe
လွန်ခဲ့သော ၅ နှစ် ကအပင်တိုင်သုံးရလား
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
နံမည်ကြီးဆေးဆိုင်ကဆေးအတုရောင်းလိုက်လို့သေချာဂရုစိုက်ထားတဲ့သင်္ဘောခင်းလေးဆေးအစိတ်သင့်ပြီးလောင်ကုန်တယ်ဗျာ🥺
ဦးညီမင်းထက် • ဖြေကြားချက် 6 ခု
အပင်ဖြစ်နှေးနေလို့ပါ
ဦးမိုက် • ဖြေကြားချက် 3 ခု
အသစ်ထွက်လာတဲ့ ချဉ်ပေါင်ရွက်တွေက အစိမ်းရောင်မဟုတ်ဘူးဖြစ်နေတာ။ ဘာဖြစ်တာလဲ?
Nova Nova • ဖြေကြားချက် 1 ခု
စပါးအရွက်တွေဝါနေတာ ဒီဆေးတွေဖျနိးရင်အဆင်ပြေလားရှင့် အဖြုရွက်တေဠရောကျနေတာ
Theint Theint Nway • ဖြေကြားချက် 2 ခု
အင်ဇိုင်းအားဆေးရည်လုပ်ဖို့.သဘော်သိးကမရလို့....ငှက်ပြောသိး..ပန်းသစ်သော်သိး.ဖရဲသိးနဲ့လုပ်လို့ရလားဗျ...အခွံတွေကောထည့်ရတာလား
သန်းထိုက်အောင် • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from ဖြိုးသဥ္ဇာကျော်
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....