စူပါအီးအမ်ဘိုကာရှီပြုလုပ်နည်း (၂)
ဗေဒါနှင့် မြေပဲကြိတ်ဖတ် အခြေခံသော စူပါအီးအမ် ဘိုကာရှီမြေသြဇာပြုလုပ်နည်း
ပါဝင်ပစ္စည်း
- ဗေဒါ
- နောက်ချေး
- ဖွဲကြမ်း
- ပြာ
- မီးသွေးမှုန့်
- ပဲဖတ်
- အသင့်သုံးအီးအမ်
ဗေဒါအခြောက်လေးဆပုံထားပါ။ နောက်ချေး ၄ ဆနှင့် ဖွဲကြမ်း ၂ ဆကို ဗေဒါပုံပေါ်သို့ထည့်ပါ။ ထို့နောက် အီးအမ်၊ ပြာ၊ မီးသွေးမှုန့်ထည့်၊ ပဲဖတ် ၂၅ ရာခိုင်နှုန်းထည့်ပြီး သမအောင်မွှေပါ။
မွှေပြီးအရောကို အစိုဓာတ်တိုင်းထားပါ။ ငါးရက်တစ်ကြိမ် အထက်အောက်လှန်ပေးပါ။
လွှစာအခြေခံသော စူပါအီးအမ်ဘိုကာရှီ မြေသြဇာပြုလုပ်နည်း
ပါဝင်ပစ္စည်း
- လွှစာ
- အသင့်သုံးအီးအမ်
- ဖွဲကြမ်း
ပြုလုပ်ပုံအဆင့်ဆင့်
ပုံထားသောလွှစာထဲသို့ အီးအမ်နှင့် ဖွဲကြမ်းထည့်ပြီးမွှေပါ။
တစ်ပတ်ကြာသောအခါ လွှစာများမှိုတက်နေပါလိမ့်မယ်။ ဒါဆိုရင်လွှစာအခြေခံသောစူပါအီးအမ်ဘိုကာရှီမြေသြဇာရပါပြီ။ စိုက်ခင်းများတွင်အသုံးပြုနိုင်ပါသည်။
ဝါးရွက်အခြေခံသော စူပါအီးအမ်ဘိုကာရှီမြေသြဇာပြုလုပ်နည်း
ပါဝင်ပစ္စည်း
ဝါးရွက်
ဖွဲကြမ်း
အီးအမ်
သကာရည်
ဝါးရွက်ပုံထဲသို့ ဖွဲကြမ်းရောထည့်ပါ။ ထိုအပုံထဲသို့ အီးအမ်နဲ့သကာရည်ထည့်ပြီး သမအောင်မွှေပါ။
အိတ်ထဲထည့်သိုလှောင်ပြီး တစ်ပတ် ၁၀ရက်နေရင် မြေသြဇာအဖြစ်အသုံးပြုနိုင်ပါသည်။
နည်းပညာများကို ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခ(ငြိမ်း) အိမ်နှင့်ကျောင်း ဥယျာဉ်ခြံတည်ထောင်ခြင်း နည်းပညာလက်စွဲ စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။
အရင်တစ်ပတ်ကတင်ထားသော “စူပါအီးအမ်ဘိုကာရှီမြေသြဇာပြုလုပ်နည်း (၁)” ကိုလေ့လာရန် စာတန်းကိုနှိပ်ပါ။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ဘိုကာရှီ မြေသြဇာ
အကြောင်းအရာ 2
မြေဆွေးပြုလုပ်နည်းများ
အကြောင်းအရာ 3
ကိုယ်တိုင်လုပ် သဘာဝမြေသြဇာများ
အသုံးပြုနိုင်သည့် သွင်းအားစုများ (ကြော်ငြာ)
koko
လွန်ခဲ့သော ၅ နှစ် ကစားဖတ်တယိ
ကိုဇော်ဇော်
လွန်ခဲ့သော ၅ နှစ် ကအချိုးအစားများကိုပြည့်စုံစွာဖြင့် နားလည်လွယ်သောအချိန်အတွယ်နှင့်တကွဖော်ပြစေလိုပါတယ်။ကျေးဇူးပါ။
A k h
လွန်ခဲ့သော ၅ နှစ် ကအီးအမ်ကဘယ်နားမှာဝယ်လို့ရလဲ
ဝင်းနိုင်
လွန်ခဲ့သော ၅ နှစ် ကမြေပဲကြိတ်ဖတ်က ၂၅ရာနုန်းဆိုတာကအားလုံပေါင်းရဲ့ရာနှုန်းလား၊ပိသာနဲ့ပြောပြေစခြေင်ပါတယ်ဗျာ
Saw Ko latt
လွန်ခဲ့သော ၅ နှစ် ကဆရာတို့ဆီက ရရှိသောနည်းပညာများမှာအဖိုးကြီးလှပါ၏ ကျေးဇူးပြု၍ ကျနော်တို့နားလည်လွယ်မည့် အချိန်အတွယ်များကို ဖော်ပေးစေလိုပါသည် ဥပမာ မီးသွေးဆို ပိသာ သို့မဟုတ် တင်းတောင်း စသည့်ချိန်တွယ်နည်းအချိုးအစားများနှင့်ဆို ပိုမိုနားလည်ကြပါမည် ကျေးဇူးပါ ဆရာ ဆရာမများ
ဆက်စပ်မေးခွန်းများ
နံမည်ကြီးဆေးဆိုင်ကဆေးအတုရောင်းလိုက်လို့သေချာဂရုစိုက်ထားတဲ့သင်္ဘောခင်းလေးဆေးအစိတ်သင့်ပြီးလောင်ကုန်တယ်ဗျာ🥺
ဦးညီမင်းထက် • ဖြေကြားချက် 6 ခု
အပင်ဖြစ်နှေးနေလို့ပါ
ဦးမိုက် • ဖြေကြားချက် 3 ခု
အသစ်ထွက်လာတဲ့ ချဉ်ပေါင်ရွက်တွေက အစိမ်းရောင်မဟုတ်ဘူးဖြစ်နေတာ။ ဘာဖြစ်တာလဲ?
Nova Nova • ဖြေကြားချက် 1 ခု
စပါးအရွက်တွေဝါနေတာ ဒီဆေးတွေဖျနိးရင်အဆင်ပြေလားရှင့် အဖြုရွက်တေဠရောကျနေတာ
Theint Theint Nway • ဖြေကြားချက် 2 ခု
အင်ဇိုင်းအားဆေးရည်လုပ်ဖို့.သဘော်သိးကမရလို့....ငှက်ပြောသိး..ပန်းသစ်သော်သိး.ဖရဲသိးနဲ့လုပ်လို့ရလားဗျ...အခွံတွေကောထည့်ရတာလား
သန်းထိုက်အောင် • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Green Way
အားလုံး
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026