အချဉ်ဖောက်ထားသော အရွက်ရည် Fermented Plant Juice (FPJ)
အားနည်းနေသော အပင်များကို မြန်မြန်အားပြည့်တင်းစေရန် အကောင်းဆုံးသော နည်းလမ်းမှာ ရွက်ဖျန်းမြေသြဇာ ဖျန်းပေးခြင်းဖြစ်သည်။ လူများ အားနည်းသည့်အခါ မြန်မြန်အားပြည့်စေရန် အကြောဆေး သွင်းပေးခြင်း နှင့် သဘောတရားတူသည်။ မြန်မြန်အားပြည့်လွယ်သည်။
အပင်ကို ဖျန်းသည့် ရွက်ဖျန်းအားဆေးသည် အပင်လိုအပ်သည့် အာဟာရပေါင်းစုံ ပါဝင်ဖို့လိုအပ်ပါသည်။ သို့မှသာ အပင် ကျန်းမာ သန်စွမ်းမည်ဖြစ်သည်။ ထို့အတွက်ကြောင့် ရွက်ဖျန်းအားဆေး ဝယ်ယူသည့်အခါ အားဆေးထဲတွင် ပါဝင်သော အာဟာရများကို အပင်လိုအပ်ချက်နှင့် ကိုက်ညီမှုရှိစေရန် သေချာစွာ စစ်ဆေးပြီး ဝယ်ယူရန် လိုအပ်ပါသည်။ ယခုဖော်ပြမည့် ရွက်ဖျန်းအားဆေးသည် အပင်အတွက် လိုအပ်သော အာဟာရများစွာ ပါဝင်ရုံသာမက အပင်အတွက် အထောက်အကူပြုသည့် အဏုဇီဝများပါ ပါဝင်မည်ဖြစ်ပါသည်။
ပြုလုပ်နည်း
အချဉ်ဖောက်ထားသော အရွက်ရည်ကို အပင်၏ အရွက်များ၊ အဖူး၊ အသီးနုများမှ ပြုလုပ်နိုင်သည်။ မိမိပြုလုပ်လိုသည့် အရွက်ကို မနက်စောစောတွင် အပင်ရည်ရွှမ်းနေသည့် အချိန်တွင် ခူးသင့်သည်။ ခူးပြီးသော အရွက်များကို ရေမဆေးပစ်ပါနှင့်။ ရေဆေးလိုက်ပါက အရွက်ပေါ်တွင် ရှိနေသော အဏုဇီဝများကို ရေဆေးချသလိုဖြစ်ပြီး ရေထဲတွင် ပါသွားနိုင်သည်။ ထိုအတွက်ကြောင့် သန့်ရှင်းသော အရွက်ကို ရွေးချယ် ခူးပေးရန် လိုအပ်ပါသည်။
ခူးယူပြီးသော အရွက်များကို အရွက်များ၏ အလေးချိန် ထက်ဝက် (သို့) သုံးပုံတစ်ပုံရှိ သကြားကြမ်း/ ထန်းလျက်ရည်/ သကာရည်/ တင်လဲရည် တစ်ခုခုဖြင့် ရောကာ စဉ့်အိုး (သို့) ပလပ်စတစ်အိုးတွင် ဖိသိပ်ပြီး အပေါ်မှ အလေးချိန်ရှိသော ကျောက်တုံးတစ်ခုခုဖြင့် ဖိသိပ်ထားပါ။ နောက်ရက်တွင် အရွက်များ သိပ်သွား ပါက ကျောက်တုံး ကို ဖယ်ပြီး အိုးကို စက္ကူဖြင့် လုံအောင် ဖုံးချည်ထားပြီး ခြောက်သွေ့အေးမြပြီး နေအလင်းရောင် တိုက်ရိုက် မကျသည့် နေရာတွင် အပူချိန်ပေါ်မူတည်၍ ၅-၁၀ ရက်ထိ ထားပါ။ ထိုအချိန် တွင် အရွက်များထဲမှ အရည်များ ထွက်လာကာ အချဉ်ဖောက်ခြင်း အဆင့်ကို ရောက်ရှိနေပြီဖြစ် ပါသည်။
အရွက်များ၏အရောင်သည် အစိမ်းရောင်မှ အဝါရောင် (သို့) အညိုရောင်သို့ ပြောင်းလာကာ အရည်မှာ ချိုသင်းသင်းအနံ့ ထွက်လာလျှင် အဖတ်များကို ဖယ်ပြီး အပင်ရွက်ဖျန်း အားဆေးအဖြစ် စတင် အသုံးပြုနိုင်ပါသည်။
အချဉ်ဖောက်ထားသော အရွက်ရည် လက်ဖက်ရည်ပန်းကန် တစ်လုံးကို ရေ ၄ ဂါလံနှင့် ရောစပ်ပြီး ရွက်ဖျန်းအားဆေးအဖြစ် အသုံးပြုနိုင်သည်။
အထက်ပါနည်းအတိုင်း အချိုအရသာရှိသော အသီးများ (ဥပမာ - သင်္ဘောသီး၊ ငှက်ပျောသီး) ကို အချဉ်ဖောက်ထားသော အသီးရည် အဖြစ် ပြုလုပ်နိုင်ပါသည်။
မှတ်ချက်။ ။ အရွက်ကို ရွေးချယ်ရာတွင် မိမိ ဖျန်းလိုသော အပင်ပေါ်မူတည်ပြီး အုပ်စုတူသော အပင် အမျိုးအစားကို ရွေးချယ်နိုင်လျှင် ပိုကောင်းသည်။ ဥပမာ သခွားပင်ကို ဖျန်းရန်အတွက် သခွားရွက်၊ ဗူးရွက်၊ ဖရုံရွက်များကို ခူးပြီး ပြုလုပ်ပက်ဖျန်းလျှင် ပိုကောင်းသည်။ အနံ့ပြင်းသော အရွက်များ (ဥပမာ ကြောင်ပန်းရွက် ) ကို ပြုလုပ်ပါက အားဆေးအပြင် ပိုးနှင်ဆေးအဖြစ်ပါ အသုံးပြုနိုင်ပါသည်။
ကျိုက်လတ်တွင် စိုက်ပျိုးရေး သင်တန်းပြုလုပ်အပြီး အမျိုးသမီးတောင်သူတစ်ဦးသည် ယခု နည်းပညာအား သူမ စိုက်နေသော ငရုတ်ခင်းတွင် ပြန်လည် အသုံးချရာ အောင်မြင်ကြောင်း နောက်တစ်ခေါက် ပြန်ရောက်သည့် အချိန်တွင် သိရပါသည်။ ငရုတ်ခင်းတွင် အကိုင်းအခတ်များ များလာစေရန် အပင်နုပျိုစဉ် အညွှန့်များကို ခူးပစ်လေ့ရှိသည်။ သင်တန်း မတက်ခင်က ထိုအညွှန့်များကို လွင့်ပစ်လေ့ရှိပြီး သင်တန်း တက်ပြီးနောက် လွင့်မပစ်တော့ဘဲ အချဉ်ဖောက်ထားသော အရွက်အရည် အဖြစ် ပြောင်းလဲ အသုံးပြုရာတွင် စိုက်ခင်းမှာ သန်စွမ်းပြီး ရောဂါ ကင်းရှင်းလာကြောင်း သိရပါသည်။
REF : Green Way သင်ရိုးစာအုပ်
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ကိုယ်တိုင်လုပ် အပင်အားဆေးများ
အကြောင်းအရာ 2
ကိုယ်တိုင်လုပ်ပိုးသတ်ဆေးများ
အကြောင်းအရာ 3
အချဉ်ဖောက်အရွက်ရည်
MR FISH
လွန်ခဲ့သော ၂ နှစ် ကအဝါရောင် အညိုရောင်ပြောင်းလာတဲ့ အရွက်တွေမှာကော ဘာဓာတ်တွေပါသလဲဗျ။ ဉပမာ ပရိုတိန်းဓာတ်ပမာဏ ပိုမို မြှင့်မားစွာ ပါနိုင်ပါသလားဗျ
ဦးကျေျာ်မင်း
လွန်ခဲ့သော ၄ နှစ် ကယခုလိုနည်းပညာပေးသေားအစိမ်းရောင်ဆော့ဝဲမှအဖွဲ့သူအဖွဲ့သားများအားကျေးဇူးတင်ရှိပါသည်ခင်ဗျာ့
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
နံမည်ကြီးဆေးဆိုင်ကဆေးအတုရောင်းလိုက်လို့သေချာဂရုစိုက်ထားတဲ့သင်္ဘောခင်းလေးဆေးအစိတ်သင့်ပြီးလောင်ကုန်တယ်ဗျာ🥺
ဦးညီမင်းထက် • ဖြေကြားချက် 6 ခု
အပင်ဖြစ်နှေးနေလို့ပါ
ဦးမိုက် • ဖြေကြားချက် 3 ခု
အသစ်ထွက်လာတဲ့ ချဉ်ပေါင်ရွက်တွေက အစိမ်းရောင်မဟုတ်ဘူးဖြစ်နေတာ။ ဘာဖြစ်တာလဲ?
Nova Nova • ဖြေကြားချက် 1 ခု
စပါးအရွက်တွေဝါနေတာ ဒီဆေးတွေဖျနိးရင်အဆင်ပြေလားရှင့် အဖြုရွက်တေဠရောကျနေတာ
Theint Theint Nway • ဖြေကြားချက် 2 ခု
အင်ဇိုင်းအားဆေးရည်လုပ်ဖို့.သဘော်သိးကမရလို့....ငှက်ပြောသိး..ပန်းသစ်သော်သိး.ဖရဲသိးနဲ့လုပ်လို့ရလားဗျ...အခွံတွေကောထည့်ရတာလား
သန်းထိုက်အောင် • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Green Way
အားလုံး
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026