အပင်များအတွက်မရှိမဖြစ်လိုအပ်သော အနည်းလိုအာဟာရဓာတ်တစ်မျိုးဖြစ်သည့် သံဓာတ်(Iron)
၁။ နိဒါန်း
သံဓာတ်သည် အပင်များမှ လိုအပ်သော cဓာတ်များဖြစ်သည့် သံ၊ ကြေးနီ၊ သွပ်၊ မင်ဂင်းနီးစ်၊ ဘိုရွန်၊ မိုလစ်ဘ်ဒီနန်၊ ကလိုရင်း နှင့် နိကယ်လ်တို့ထဲမှ တစ်ခုဖြစ်ပါသည်။ အနည်းလို အာဟာရဓာတ်ဟု ခေါ်ဝေါ်ကြသည့် အတိုင်း အပင်မှပမာဏအနည်းငယ်သာလိုပါသည်။ သို့သော် အပင်မှလိုအပ်သည့် ထိုပမာဏအနည်းငယ်ကို ပြည့်မီ အောင် မရရှိပါက သီးနှံအထွက်နှုန်း လျော့ကျစေနိုင်ပါသည်၊၊ သို့ပါ၍ သံဓတ်သည် အပင်မှ မရှိမဖြစ်လိုအပ်ပါသည်၊၊
သံသည်ကမ္ဘာ့မြေလွှာအတွင်း စတုတ္ထအတွေ့ရအများဆုံးသော ဓာတ်ဖြစ်သည်။ သံ၏ Automic Number မှာ ၂၆ ဖြစ် ပါသည်။ အက်တမ်အလေးချိန်မှာ ၅၅.၈၄၅ ဖြစ်ပြီး၊ အရည်ပျော်မှတ်မှာ ၁၅၃၈ ဒီဂရီစင်ဒီဂရိတ်ဖြစ်ကာ ဆူမှတ်မှာ ၂၈၆၂ ဒီဂရီစင်ဒီဂရိတ် ဖြစ်ပါသည်။ သံကိုအသုံးပြုမှုနှင့် ပတ်သက်၍ များစွာကျယ်ပြန့်သလို စာဖတ်သူ.များလည်းသိရှိပြီးဖြစ်၍ ဖော်ပြခြင်း မပြုတော့ပါ။
၂။ အပင်များအတွင်း၌ သံဓာတ်၏ အရေးပါပုံ
သံဓာတ်သည် အပင်၏ လုပ်ငန်းများစွာတွင် ပါဝင်ပါသည်။ ၎င်းတို့အနက် အချို့မှာ-
ကလိုရိုဖီးလ်ဖွံ့ဖြိုးမှုနှင့် လုပ်ငန်းလုပ်ဆောင်မှု
အပင်အတွင်း၌ စွမ်းအင်ပို့ဆောင်မှု
အင်ဇိုင်းအချို့နှင့် ပရိုတိန်းအချို့တွင် ပါဝင်ခြင်း
အပင်၏ လေရှူထုတ်ခြင်းနှင့် အပင်၏ ဇီဝဖြစ်စဉ်များတွင်ပါဝင်ခြင်း
နိုက်ထရိုဂျင်ဓာတ်အား ဖမ်းယူရာတွင် ပါဝင်ခြင်းတို့ဖြစ်ပါသည်။
၃။ အပင်များအနေဖြင့် မြေဆီလွှာမှ သံဓာတ်ရရှိနိုင်မှုအပေါ် လွှမ်းမိုးသည့်အချက်များ
အပင်များအနေဖြင့် သံဓာတ်အား Fe2+(Ferrous Cation) နှင့် Fe3+ (Ferric Cation)အဖြစ် စုပ်ယူပါသည်၊၊ မြေဆီလွှာမှ သံဓာတ်ရရှိနိုင်မှုအပေါ်တွင် အောက်ပါအချက်များမှ လွှမ်းမိုးပါသည်။
မြေဆီလွှာ၏ pH-မြင့်လာပါက(ငန်လာပါက)အပင်များအနေဖြင့် သံဓာတ်ရရှိနိုင်မှုတိုးလာပါသည်။
မြေဆီလွှာတွင် အော်ဂဲနစ်ဒြပ်ပါဝင်မှုနည်းခြင်း-အော်ဂဲနစ်ဒြပ် (Organic Matter) များသည်လည်း သံဓာတ် ရရှိနိုင်သည့် အရင်းအမြစ်များ ဖြစ်ပါသည်။
မြေဆီလွှာသည် ရေနှင့်ပြည့်ဝနေပြီး လေဝင်လေထွက်ညံ့ကာ ကြပ်သိပ်နေခြင်း-အလွန်ချဉ်သည့် မြေများတွင် ဤအခြေအနေမျိုး၌ သံဓာတ်ရရှိမှုတိုးစေပါသည်။
မြေဆီလွှာတွင် ဖော့စဖိတ်ဓာတ်များလွန်းခြင်း - မြေဆီလွှာတွင် ဖော့စပိတ်ဓာတ်အလွန်များပါက အပင်များ အနေဖြင့် သံဓာတ်ရရှိမှုကို အဟန့်အတား ဖြစ်စေပါသည်။
မြေဆီလွှာသို့ထည့်သွင်းသည့် နိုက်ထြိုဂျင်ပုံစံ - အပင်အနေဖြင့် နိုက်ထရိတ်စုပ်ယူမှုများပါက သံဓာတ်စုပ်ယူမှု ကို လျော့စေပါသည်။
သံဓာတ်နှင့် သွပ်ဓာတ်တို့၏အချိုး - သွပ်ဓာတ်ချို့တဲ့မှုဖြစ်ပါက အပင်များအနေဖြင့် သံဓာတ်ကို ပိုမိုစုပ်ယူပါ သည်။
သံဓာတ်နှင့် မင်ဂင်းနီးစ်ဓာတ်တို့၏အချိုး - သုတေသနပညာရှင်အချို့၏ တွေ့ရှိချက်များအရ အပင်များအနေဖြင့် ပိုတက်စီယမ်ဓာတ်ရရှိမှူနည်းပါက သံဓာတ်ရရှိမှုကို တိုးစေပါသည်။
သံဓာတ်နှင့် မိုလစ်ဘ်ဒီနန်ဓာတ်တို့၏အချိုး - မိုလစ်ဘ်ဒီနန်ဓာတ် ရရှိနိုင်မှုများပြားပါက အမြစ်အပေါ်ယံတွင် သံမိုလစ်လ်ဒိတ် (Iron Molybdate) အဖြစ် အနည်အဖတ်များဖြစ်ပေါ်တတ်သဖြင့် အပင်အနေဖြင့် သံဓာတ် စုပ်ယူနိုင်မှု ကို လျော့နည်းစေပါသည်။
ဘိုင်ကာဘွန်နိတ်အင်နီယမ် (HCO3-) - မြေဆီလွှာတွင် ဘိုင်ကာဘွန်နိတ် အန်အိုင်းယွန်းများလွန်းပါက သံဓာတ်ချို့တဲ့မှု ဖြစ်ပေါ်စေပါသည်။
၄။ အပင်များ၏ သံဓာတ်ချို့တဲ့သည့် လက္ခဏာများ
အပင်များတွင် သံဓာတ်ချို့တဲ့ပါက ချို့တဲ့သည့်လက္ခဏာသည် အရွက်နုများတွင် စတင်ဖြစ်ပေါ်ပါသည်။ ရွက်နုများတွင် အကြောများကစိမ်းနေသော်လည်း အကြောကြားများတွင် ဝါခြင်း၊ အလွန်ဆိုးပါက တစ်ရွက်လုံးဝါလာရာမှ ဖြူသွားပြီး ရွက်ကြောများသည် အဝါရောင်ပြောင်းသွားပါသည်။ သံဓာတ်ချို့တဲ့ခြင်းဖြင့် အပင်၏ အစာချက်လုပ်မှုကို ထိခိုက်စေပြီး သီးနှံအထွက်နှုန်းကို လျော့ကျစေပါသည်။
၅။ သံဓာတ်ပါဝင်သည့် မြေသြဇာများ
မြေဆီလွှာတွင်သံဓာတ်ချို့တဲ့မှုကို မြေဆီလွှာဓာတ်ခွဲစမ်းသပ်ခြင်း၊ တစ်သျှူးစစ်ဆေးနည်းဖြင့် စစ်ဆေးခြင်း စသည်တို့ကို ဆောင်ရွက်နိုင်ပါသည်။ သာမန်အားဖြင့် ဟင်းသီးဟင်းရွက်များတွင် သံဓာတ် ၅၀-၃၀၀ ပီပီအမ်ပါဝင်ပါသည်။ အလားတူ ပင် ယေဘုအားဖြင့် သီးနှံများ တစ်ရာသီကြီးထွားဖြစ်ထွန်းရန်အတွက် တစ်ဧကလျှင် ၄-၈ ပေါင်နှုန်း လိုအပ်ပါသည်။ သံဓာတ်ချို့တဲ့မှု ဖြစ်ပေါ်ပါက သုံးစွဲလေ့ရှိသည့် သံဓာတ်ပါဝင်သည့် မြေသြဇာများမှာ အောက်ပါတို့ဖြစ်ပါသည် (ဇယား၁)။ သံဓာတ်မြေသြဇာများအား အတန်းအတွင်းထည့်သွင်းခြင်းနှင့် ရွက်ဖျန်းအဖြစ် တစ်ဧကလျှင် ၁-၂ ပေါင်နှုန်း သုံးစွဲနိုင်ပါသည်၊၊ ကံအားလျော်စွာပင် မြေဆီတွင် သံဓာတ်သည် ပေါများပါသည်။ မြေဆီလွှာတွင်းသို့ ထည့်ပေးခြင်းသည် တစ်ခါတစ်ရံတွင် ထိရောက်မှုမရှိကြောင်း တွေရှိရပါသည်။ သို့ပါ၍ ရွက်ဖျန်းမြေသြဇာအဖြစ် အကြိမ်ကြိမ် ပက်ဖျန်းပေး ခြင်းဖြင့် သံဓာတ်လိုအပ်ချက်ကို ဖြည့်တင်းပေးနိုင်သော်လည်း ဆေးဖျန်းစရိတ်ကုန်ကျမှု များပြားလှပါသည်။
ဇယား(၁)။ ။သုံးစွဲလေ့ရှိ သည့် မြေသြဇာများနှင့် သံဓာတ်ပါဝင်မှု ရာခိုင်နှုန်း ၆။ သံဓာတ်ချို့တဲ့မှုအား ကုစားနည်းများ
သံဓာတ်ချို့တဲ့မှုကို ကုစားနိုင်ရန်အတွက် အောက်ပါအတိုင်းဆောင်ရွက်နိုင်ပါသည်။
• ကောင်းစွာဆွေးမြေ့ပြီးဖြစ်သည့်တိရစ္ဆာန် ချေးနှင့်မြေဆွေးများထည့်ပေးခြင်း
• မြေငန်ပါကမြေ၏ pH ၆. ၅-၇ အတွင်းရှိအောင် အောက်ပါအတိုင်းပြုလုပ်ပေးခြင်း
အမိုနီယမ်ဆာလ်ဖိတ် မြေသြဇာထည့်သွင်းပေးခြင်း
ကန့်မှူန့်မြေသြဇာ ထည့်သွင်းပေးခြင်း
Iron Sulfate နှင့် Iron Chelate ကွန်ပေါင်းများ ထည့်သွင်းပေးခြင်းတို့ ဖြစ်ပါသည်။
၇။ သံဓာတ်လွန်ကဲခြင်း (အဆိပ်သင့်ခြင်း)
သံဓာတ်လွန်ကဲခြင်း သို့မဟုတ် အဆိပ်သင့်ခြင်းသည် မြေအလွန်ချဉ်သည့် မြေများတွင် ဖြစ်တတ်ပါသည်။ သွပ်ဓာတ်ချို့ တဲ့ပါကလည်း သံဓာတ်အဆိပ်သင့်မှု ဖြစ်စေတတ်ပါသည်။ သို့မဟုတ် ရေဝပ်မြေများတွင် ဖြစ်ပေါ်တတ်ပါသည်။ ထိုသို့ သံဓာတ်လွန်ကဲပါက အရွက်အရာင်များ လွန်ကဲစွာစိမ်းမှောင်ခြင်း၊ အပင်နှင့်အမြစ်များတိုခြင်း တို့ဖြစ်စေပါသည်။
အထက်တွင် တင်ပြခဲ့သည့်အတိုင်း သံဓာတ်သည် မြေဆီလွှာတွင် ပေါများသော်လည်း မြေဆီလွှာရှိ အခြေအနေအမျိုးမျိုး ကြောင့် အပင်များအနေဖြင့် လွယ်ကူစွာမရရှိသည့် အခြေအနေများကြောင့် ချို့တဲ့မှုများ ဖြစ်ပေါ်စေပါသည်။ ချို့တဲ့မှုများ ဖြစ်ပေါ်ပါက အပိုဒ် ၆။ ပါနည်းလမ်းများဖြင့် ဆောင်ရွက်ခြင်းဖြင့်လည်းကောင်း၊ သံဓာတ် ပါသည့်မြေသြဇာများ ထည့် ပေးခြင်းဖြင့် လည်းကောင်း ၊ ရွက်ဖျန်းမြေဩဇာများ ပက်ဖျန်းပေးခြင်းဖြင့်လည်းကောင်း ဆောင်ရွက်နိုင်ပါကြောင်း တင်ပြ လိုက်ပါသည်။
ဒေါက်တာမောင်မာ (စိုက်ပျိုးရေး) ၊ စိုက်ပျိုးရေးရာ အသုံးချသုတဗဒေသာစာအုပ်မှ ကောက်နှုတ်ဖော်ပြပါသည်။
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
နံမည်ကြီးဆေးဆိုင်ကဆေးအတုရောင်းလိုက်လို့သေချာဂရုစိုက်ထားတဲ့သင်္ဘောခင်းလေးဆေးအစိတ်သင့်ပြီးလောင်ကုန်တယ်ဗျာ🥺
ဦးညီမင်းထက် • ဖြေကြားချက် 6 ခု
အပင်ဖြစ်နှေးနေလို့ပါ
ဦးမိုက် • ဖြေကြားချက် 3 ခု
အသစ်ထွက်လာတဲ့ ချဉ်ပေါင်ရွက်တွေက အစိမ်းရောင်မဟုတ်ဘူးဖြစ်နေတာ။ ဘာဖြစ်တာလဲ?
Nova Nova • ဖြေကြားချက် 1 ခု
စပါးအရွက်တွေဝါနေတာ ဒီဆေးတွေဖျနိးရင်အဆင်ပြေလားရှင့် အဖြုရွက်တေဠရောကျနေတာ
Theint Theint Nway • ဖြေကြားချက် 2 ခု
အင်ဇိုင်းအားဆေးရည်လုပ်ဖို့.သဘော်သိးကမရလို့....ငှက်ပြောသိး..ပန်းသစ်သော်သိး.ဖရဲသိးနဲ့လုပ်လို့ရလားဗျ...အခွံတွေကောထည့်ရတာလား
သန်းထိုက်အောင် • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Green Way
အားလုံး
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026