ဒိုချက်ကင်းသဘာဝမြေဩဇာ ပြုလုပ်သုံးစွဲနည်း
ဒိုချက်ကင်းသဘာဝမြေဩဇာပြုလုပ်ရာတွင် အဆင့် ၂ ဆင့် ရှိပါသည်။
- (၁) ဒိုချက်ကင်းမွေးမြူခြင်း
- (၂) ဒိုချက်ကင်းအသုံးပြုပြီး သဘာဝမြေဩဇာပြုလုပ်ခြင်းတို့ ဖြစ်ပါသည်။

(၁) ဒိုချက်ကင်းမွေးမြူခြင်း
- ဝါးရုံတောများအောက်တွင်ကြွေနေသော သက်တမ်း (၁-၂) နှစ်ခန့်ရှိ ဝါးရွက်ကြွေများ၊ ဆွေးမြေ့စ ပြုနေသော ဝါးရွက်များရှိပါသည်။ ထိုဝါးရွက်များကိုဖယ်ပြီး အပေါ်ယံမြေဆီလွှာ ၆ လက်မခန့်ကို အချင်း (၂.၅) လက်မ (သို့) ၃ လက်မခန့်အဝိုင်းအဖြစ် တူးဆွချေမွထားရမည်။
- ရေ ၁ ပုံး (သို့) ၃-၄ ဂါလံခန့် ကို တင်လဲရည် ၁ ပုလင်းနှင့် ရောစပ်ထားရမည်။
- ၎င်းနောက် ဖွဲနုနှင့်ထိုမြေများကို အတူရော၍ အထဲသို့ ရေ+တင်လဲရည်အရော ကို လောင်းထည့်ပြီး သမအောင် ပေါက်ပြားဖြင့် မွှေပေးရမည်။
- သမသွားသည့်အခါ ဝါးရွက်များဖြင့်ပြန်ဖုံးကာ မြွေရေခွံအိတ်စများနှင့်ဖုံး၍ ၃ ညအိပ် ထားရမည်။
- မိုးတွင်းကာလတွင် ရေမဝင်စေရန် ဂရုစိုက်ရမည်။
- ၃ ညအိပ်ထားပြီး ၄ ရက်မြောက်တွင် အဖြူရောင်မှိုဒိုချက်ကင်းများထွက်နေသည်ကို တွေ့ရှိရမည်။ လက်ဖြင့်စမ်းကြည့်ပါက အပူချိန် (၆၀ - ၇၀ ဒီဂရီ) ရှိသည်ကို တွေ့ရပါမည်။ အနံ့ချိုမွှေး၍ စူးရှပါက ကောင်းမွန်သည့်ဒိုချက်ကင်းဖြစ်ပါသည်။
- ယင်းဒိုချက်ကင်းကို ကြုံး၍ အိတ်ထဲတွင် ထည့်ယူထားရပါမည်။
(၂) ဒိုချက်ကင်းအသုံးပြုပြီး သဘာဝမြေဩဇာပြုလုပ်ခြင်း
လိုအပ်သည့်ကုန်ကြမ်းပစ္စည်းများ
- (၁) နွားချေး၊ ဝက်ချေး၊ တိရစ္ဆာန်ချေးများ
- (၂) ကောက်ရိုး
- (၃) စပါးခွံ
ပြုလုပ်နည်း
- စပါးခွံကို ၆ လက်မ ပတ်လည်ခန့်နှင့် အမြင့် ၆ လက်မရှိအောင် မြေပေါ်တွင် ဖြန့်ခင်းပေးပြီး ရေဖျန်းပေးပါ။
- ယင်းစပါးခွံပေါ်သို့ နွားချေး၊ တိရစ္ဆာန်ချေးများကို ၆ လက်မခန့် ဖျန်းပေးပါ။
- နွားချေးပေါ်တွင် မွေးမြူထားသော ဒိုချက်ကင်းကို လက်နှင့်ဆယ်ဆုပ်ခန့် ဖြူးပေးရပါမည်။ ထို့နောက် ရေဖျန်းပေးပါ။
- ၎င်းနွားချေး+ဒိုချက်ကင်းအလွှာပေါ်မှ ကောက်ရိုး၊ ပြောင်းရိုး၊ ပေါင်းမြက်များ ဖြန့်ခင်းပြီးနောက် ပြားသွားစေရန် လူဖြင့်နင်းပေးပါ။
- ယင်း ၃ လွှာပေါင်းကို ၁ ထပ်ဟုခေါ်ပြီး အထပ်တစ်ထပ်စီတိုင်းကို ရေဖျန်းပေးရပါမည်။ ဤသို့အားဖြင့် အထပ် ၄-၅ ထပ်၊ အမြင့်အားဖြင့် ၅ ပေခွဲ - ၆ ပေ ခန့်ရောက်အောင်ပုံပြီး နောက်ဆုံး အထပ်ပေါ်တွင် စပါးခွံဖြင့် ဖုံးအုပ်ပေးပါ။ ထိုကဲ့သို့ မြေဩဇာ ၁ ပုံအတွက် ရေ ၃ ပေပါခန့် လိုအပ်မည် ဖြစ်ပါသည်။
- အပုံကို အထက်အောက်သမအောင်မွှေပြီး ၆-၈ လက်မထုဖြန့်ခင်းလိုက်၊ ရေလောင်းလိုက် လုပ်ပေးရပါမည်။
- ၃-၄ ပတ်ကြာပါက အပုံ၏အပြင်ပိုင်းနှင့်အတွင်းပိုင်း ဓာတ်ပြုမှုညီသွားစေရန် အတွင်းသား၊ အပြင်သား ပြောင်းထုတ်ပေးရပါမည်။
- နောက် ၃-၄ ပတ်အကြာတွင် ယင်းကဲ့သို့ပင် အတွင်းအပြင် တစ်ကြိမ်ထပ်ပြောင်းပေးရပါမည်။
- ယင်းကဲ့သို့ ၂ ခါ အပုံပြောင်းပြီးနောက် ၃-၄ ပတ်အကြာတွင်တော့ ဒိုချက်ကင်းသဘာဝမြေဩဇာကို ရရှိပြီး စိုက်ခင်းတွင် ထည့်သွင်းအသုံးပြုနိုင်ပြီဖြစ်ပါသည်။
(စိုက်ပျိုးရေးဦးစီးဌာန၊ မြေအသုံးချရေးဌာနခွဲမှထုတ်ဝေသည့် 'သဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်းများလက်စွဲ' စာအုပ်မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်)
ဆောင်းပါးများ/သတင်းများပြန်လည်ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်” ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
U Aung San Lwin
လွန်ခဲ့သော ၃ နှစ် ကဒေါ်ချက်ကင်မြေသြဇာလုပ်ရင် တစ်ခါတည်းမွှေပြိးမှ ပုံလို့ရလားဗျ
ထူးကိုကို
လွန်ခဲ့သော ၃ နှစ် ကမြေသြဇာပုံရာတွင်အလျားဘယ်လောက်အနံဘယ်လောက်ပုံရင်အဆင်ပြေနိုင်မလဲဗျာ
ဆက်စပ်မေးခွန်းများ
နံမည်ကြီးဆေးဆိုင်ကဆေးအတုရောင်းလိုက်လို့သေချာဂရုစိုက်ထားတဲ့သင်္ဘောခင်းလေးဆေးအစိတ်သင့်ပြီးလောင်ကုန်တယ်ဗျာ🥺
ဦးညီမင်းထက် • ဖြေကြားချက် 6 ခု
အပင်ဖြစ်နှေးနေလို့ပါ
ဦးမိုက် • ဖြေကြားချက် 3 ခု
အသစ်ထွက်လာတဲ့ ချဉ်ပေါင်ရွက်တွေက အစိမ်းရောင်မဟုတ်ဘူးဖြစ်နေတာ။ ဘာဖြစ်တာလဲ?
Nova Nova • ဖြေကြားချက် 1 ခု
စပါးအရွက်တွေဝါနေတာ ဒီဆေးတွေဖျနိးရင်အဆင်ပြေလားရှင့် အဖြုရွက်တေဠရောကျနေတာ
Theint Theint Nway • ဖြေကြားချက် 2 ခု
အင်ဇိုင်းအားဆေးရည်လုပ်ဖို့.သဘော်သိးကမရလို့....ငှက်ပြောသိး..ပန်းသစ်သော်သိး.ဖရဲသိးနဲ့လုပ်လို့ရလားဗျ...အခွံတွေကောထည့်ရတာလား
သန်းထိုက်အောင် • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Green Way
အားလုံး
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026