မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာမှို အပိုင်း(၃)
ရေရှည်တည်တံ့သော စိုက်ပျိုးရေးစနစ်တွင် မြေကျန်းမာရေး ကောင်းစေသော အာဘာစကူလာ မိုက်ကိုရိုက်ဇာ(အေအမ်အက်ဖ်) မှို စီမံခန့်ခွဲရေးတွင် အရေးကြီးသည့် မှိုဖွံ့ဖြိုးမှု (ဇီဝဗဒ) အဆင့်ဆင့် - အပိုင်း (၂)

ပုံ ၂.၁ အာဘာစကူလာမိုက်ကိုရိုက်ဇာမှို အမြစ်တွင် စွဲကပ်မှု (မြ ၂၀၁၆)
၂ .၁ အမြစ်နှင့်အမြစ်ဇုန်တွင် မှိုမျှင်များဖြစ်ပွားခြင်း (Sieverding ၁၉၉၀)
အမြစ်ထဲတွင် မှိုများထိုးဖောက်ဝင်ရောက်ပွားများခြင်းကို (၃) ပိုင်း ခွဲထားသည်။
(က) အစကနဦးအဆင့် ( initial phase ) တွင် မှိုသည်အမြစ်ထဲတွင် စတင်ထိုးဖောက်ဝင်ရောက်စွဲကပ်မှု အဆင့်ဖြစ်သည်။
(ခ) အရှိန်အဟုန်ဖြင့်ပွားများသောအဆင့် ( exponential phase ) တွင် မှိုမျှင်များသည် အမြစ်၏ ကော့တက်ချ်ဆဲလ်တွင်း ဆဲလ်ကြားတွင် လျင်မြန်စွာ ပျံ့နှံ့ပြီး အမြစ်နုများကို ထိုးဖောက်ဝင်ရောက်သည်။ ၄င်းအပြင် အမြစ်မျက်နှာပြင်တလျှောက်နှင့် အမြစ်များ ကြီးထွားမှုနောက်လိုက်၍ ဆက်လက်ပျံ့နှံ့ပြီး ပြန်လည်ထိုးဖောက်ဝင်ရောက်သည်။
(ဂ) အမြင့်ဆုံးအဆင့် ( plateau phase )တွင် မှိုမျှင်များ ပျံ့နှံ့မှု အမြင့်ဆုံးအဆင့် ဖြစ်သည်။ ၎င်းအဆင့်သည် မှိုမျိုးထိုးသွင်းပြီး ၄၅ ရက်မှ ၆၀ ရက်အတွင်း တွေ့ရတတ်သည်။ အပင်အတွက် အကျိုးပြုမှိုမျှင်များ စတင်ထွက်ရှိပြီး အပင်အတွက် အကျိုးပြုကာလကို သိရှိ နိုင်သည် (ပုံ၂.၂ )။
၂.၂ ပြောင်း ( Sorghum bicola ) ပင်အမြစ်ထဲတွင် အာဘာစကူလာမိုက်ကိုရိုက်ဇာ စွဲကပ်ကြီးထွားပုံအဆင့်ဆင့်

ပုံ ၂.၂ အာဘာစကူလာ မိုက်ကိုရိုက်ဇာ စွဲကပ်ကြီးထွားပုံအဆင့်ဆင့် ( Siverding ၁၉၉၀)
၂.၃ အမြစ်ဇုန်မှတဆင့် မြေကြီးထဲသို့ မှိုပျံ့နှံ့ခြင်း

ပုံ ၂.၃ (က)ပြောင်းမြစ်တွင် မှိုထိုးသွင်းပြီး ၃၀ ရက်တွင် ပြင်ပနေ မှိုမျှင်များအဖြစ် ထိုးဖေါက်ပြီး အမြစ်ဇုန်ပေါ်တွင် ဝင်ရောက်နေရာယူ ဆက်သွယ်နေပုံ ( x ၄၀ဝ)

ပုံ ၂.၃ (ခ) ပြောင်းမြစ်တွင် မှိုထိုးသွင်းပြီး ၄၅-၆၀ ရက်တွင် ပြင်ပနေ မှိုမျှင်များအဖြစ် ပြောင်းမြစ်ကို ထိုးဖောက်ထွက်လာပုံနှင့် နားနေစပိုးများဖြစ်ပေါ်နေပုံ ( x ၄၀ဝ )
အမြစ်တွင်းနေ မှိုမျှင်များသည် မှိုထိုးသွင်းပြီး ၄၅-၆၀ ရက်တွင် အမြစ်ပတ်ဝန်းကျင်မှတဆင့် မြေကြီးထဲသို့ ပျံ့နှံ့သည်။ ၄င်း မှိုမျှင်များသည် ပြင်ပနေမှိုမျှင်များဖြစ်ပြီး မြေဖျော်ရည်ထဲမှ အာဟာရဓာတ်များကို စုပ်ယူရန်နှင့် အမြစ်သို့ အာဟာရဓာတ်များ အာဘာစကူးမျှင်များဖြတ်ပြီး ပို့ဆောင်ရန်အတွက် အရေးကြီးဆုံး အစိတ်အပိုင်း ဖြစ်သည် (Siverding ၁၉၉၀)။ အေအမ်အက်ဖ် မှိုစီမံခန့်ခွဲရေးတွင်လည်း အရေးကြီးသော အဆင့်ဖြစ်သည်။
စိုက်ပျိုးရေး လုပ်ငန်းခွင်တွင်အသုံးချရေး ( Application ) နှင့် အကျိုးရှိစွာ အသုံးချနည်းများအတွက်အရေးကြီးသော မှိုစပိုးများအကြောင်းနှင့် သီးနှံပင်စိုက်မြေတွင် အေအမ်အက်ဖ်မှို လက်တွေ့ ထိုးသွင်းနည်းများကို ဆက်လက်ဆွေးနွေးပါမည်။
ကိုးကား
၁။ မြမြ (ဒေါ်) အပူပိုင်းဒေသစိုက်ပျိုးရေးတွင် အာဘာ စကူလာ မိုက်ကို ရိုက်ဇာမှို အသုံးချခြင်း (၂၀၁၆)
၂။ Sieverding, E. Vesicular-arbuscular mycorrhiza management in tropical agrosystems. Technical cooperation, Federal republic of germany, Eschborn, pp. 23-36 (1990):
ဒေါ်မြမြ၊ ပါမောက္ခ (ငြိမ်း)၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
Arbuscular Mycorrhizal Fungi
ဆက်စပ်မေးခွန်းများ
နံမည်ကြီးဆေးဆိုင်ကဆေးအတုရောင်းလိုက်လို့သေချာဂရုစိုက်ထားတဲ့သင်္ဘောခင်းလေးဆေးအစိတ်သင့်ပြီးလောင်ကုန်တယ်ဗျာ🥺
ဦးညီမင်းထက် • ဖြေကြားချက် 6 ခု
အပင်ဖြစ်နှေးနေလို့ပါ
ဦးမိုက် • ဖြေကြားချက် 3 ခု
အသစ်ထွက်လာတဲ့ ချဉ်ပေါင်ရွက်တွေက အစိမ်းရောင်မဟုတ်ဘူးဖြစ်နေတာ။ ဘာဖြစ်တာလဲ?
Nova Nova • ဖြေကြားချက် 1 ခု
စပါးအရွက်တွေဝါနေတာ ဒီဆေးတွေဖျနိးရင်အဆင်ပြေလားရှင့် အဖြုရွက်တေဠရောကျနေတာ
Theint Theint Nway • ဖြေကြားချက် 2 ခု
အင်ဇိုင်းအားဆေးရည်လုပ်ဖို့.သဘော်သိးကမရလို့....ငှက်ပြောသိး..ပန်းသစ်သော်သိး.ဖရဲသိးနဲ့လုပ်လို့ရလားဗျ...အခွံတွေကောထည့်ရတာလား
သန်းထိုက်အောင် • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from ဒေါ်မြမြ ပါမောက္ခ(ငြိမ်း)
အားလုံး
မိုက်ခရိုဂရင်းများတွင် ကျရောက်တတ်သောရောဂါများကို ကုသနည်း
30/04/2024
ပွားစာဆွေးများကို မိုက်ခရိုဂရင်းစိုက်ပျိုးရာတွင် သုံးခြင်းဖြင့် တိုးလာစေသော ဂုဏ်သတ္တိများ
09/04/2024
ခဲမြေအစားထိုးအဖြစ်သုံးသင့်သော ကြီးထွားမီဒီယာများ
02/04/2024
ကိုယ်ခံစွမ်းအားမြင့်စေသည့် မိုက်ခရိုဂရင်းများ
07/03/2024
မိုက်ခရိုဂရင်းဆိုတာ စူပါအစားအစာလား?
27/02/2024