အေအမ်အက်ဖ်မှိုက စပါးလင်အထူးဆီတိုးစေခြင်းဖြင့် အပင်ရောဂါများ ကာကွယ်မှု
မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာ မှို အပိုင်း(၂၈)
အေအမ်အက်ဖ်မှို ထိုးသွင်းထားသည့် စပါးလင်ပင်မှ အထူးဆီပိုထွက်သည်၊ အထူးဆီပြင်းအား ၁၀ဝ၀ ပီပီအမ် ဖျော်ဖျန်းပါက ဖျူစေရီယံမှိုကြောင့်ဖြစ်သော ပဲအမြစ်ပုတ်ရောဂါကို ကြိုတင် ကာကွယ်သည်။
ကြီးထွားမြန်ဆေးဘက်ဝင်အပင် စပါးလင်ပင်၏ အရည်အသွေးများ
စပါးလင် Lemon Grass (Cymbopogon citratus)

အကျိုးပြုမှုများ
- အေအမ်အက်ဖ်မှိုသဟဇီဝနဖြစ်စဉ်သည် စပါးလင် ဆေးဘက်ဝင်အပင်မှ ကျန်းမာရေးအကျိုးပြု ဒုတိယအစာချေဖျက်ပေးနိုင်သော ဓာတုပစ္စည်း အထူးဆီကို ပိုထုတ်သည်၊ အရည်အသွေးပိုကောင်းစေသည်။
- စပါးလင်အထူးဆီသည် အပင်ရောဂါသက်ရှိမှိုကို ဟန့်တားသော ဆန့်ကျင်အစွမ်းသတ္တိရှိသည်။
ဇယား- ၁ (စပါးလင် Lemon Grass Cymbopogon citratus)

ဇယား -၂ စပါးလင်ကို အိမ်တွင်းသုံး ကျန်းမာရေးအသုံးပြုမှု

စပါးလင် အထူးဆီ၏ အိမ်သုံးကျန်းမာရေး အကျိုးပြုမှု
- ၁။ လည်ချောင်းနာသက်သာစေသည်။
- ၂။ ဖျော်ရည်အဖြစ်သောက်ပါက ကိုယ်အအလေးချိန် လျှော့ချသည်။
- ၃။ အစာအိမ်နာသက်သာစေသည်။
- ၄။ antipyretic အရည်အသွေးရှိသဖြင့် အဖျားကျစေသည်။
စပါးလင်တွင် အေအမ်အက်ဖ်မှို ထိုးသွင်းခြင်း
- ၁။ ပလတ်စတစ်အိုး ၂၅ x၂ဝ စင်တီမီတာ ပိုးသန့်ပြီးမြေ ၅၀ဝ၀ ဂရမ် ဖြည့်သည်။
- ၂။ အပင်မစိုက်မီ စပိုးနှင့် မှိုမျှင်များပါသော အေအမ်အက်ဖ်မျိုးစ ၂၅၀ ဂရမ် (၅% (w/w) ထည့်သည်။
- ၃။ မျိုးစေ့(သို့မဟုတ်) ပျိုးပင် (သို့မဟုတ်) ပြောင်းရွှေ့ပင် စိုက်သည်။ မြေအနည်းငယ် ဖုံးသည်။
- ၄။ ၄ လသားတွင် အပင်များကို စိစစ်သည်။ Eke P. et al 2020
မှတ်ချက်
- ၁။ စပါးလင်သည် အေအမ်အက်ဖ်မှို မှီခိုမှု မြင့်သည်။
- ၂။ ဇာတိသားသဘာဝအေအမ်အက်ဖ်မှို အမြစ်စွဲရာခိုင်နှုန်း ၈၀% ရှိသည်။
- ၃။ အေအမ်အက်ဖ်မှိုအရောကို သုံးသည်၊ အကျိုးပြုမှု ကောင်းသည်။
အေအမ်အက်ဖ်မှို ထိုးသွင်းခြင်း၏ ဆေးဘက်ဝင်အပင်အပေါ် အကျိုးသက်ရောက်မှု

အေအမ်အက်ဖ်မှို ထိုးသွင်းပင် စပါးလင် Cymbopogon citratus အထူးဆီ၏ သက်ရှိဆန့်ကျင် အစွမ်းသတ္တိ

စပါးလင်ပင်မှရသော အထူးဆီအရည်အသွေး
- စပါးလင်ပင်မှရသော အထူးဆီက ပြင်းအားအမျိုးမျိုး၏ မျိုးစေ့ဆောင်ရောဂါကို ကာကွယ်သည်။

စပါးလင်ပင်မှရသော စစ်ကျရည်ကြမ်း အရည်အသွေး
စပါးလင်ပင်မှရသော စစ်ကျရည်ကြမ်းသည် အန်သရက်နို့ ရွက်ပြောက်ရောဂါဖြစ်စေသက်ရှိမှို၏ ကြီးထွားမှုကို ဟန့်တားသောတွေ့ရှိချက်

ကိုးကား
၁။ Aishwath OP. and Tarafda JC. Organic farming in medicinal and aromatic plants ResearcGate 08 January 2017
၂။ Bussanman P. et al.Effect of Crude Leaf Extracts on Colletotrichum gloeosporioides 4 (Penz.) Sacc.Hindawi Publishing Corporation Psyche. Volume 2012, Article ID 309046, 6 pages doi:10.1155/2012/309046
၃။ Eke P. et al. Arbuscular mycorrhizal fungi alter antifungal potential of lemongrass essential oil against Fusarium solani, causing root rot in common bean (Phaseolus vulgaris L.) 11 December 2020.https://doi.org/10.1016/j.heliyon.2020.e05737
ဒေါ်မြမြ၊ ပါမောက္ခ(ငြိမ်း)၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
နံမည်ကြီးဆေးဆိုင်ကဆေးအတုရောင်းလိုက်လို့သေချာဂရုစိုက်ထားတဲ့သင်္ဘောခင်းလေးဆေးအစိတ်သင့်ပြီးလောင်ကုန်တယ်ဗျာ🥺
ဦးညီမင်းထက် • ဖြေကြားချက် 6 ခု
အပင်ဖြစ်နှေးနေလို့ပါ
ဦးမိုက် • ဖြေကြားချက် 3 ခု
အသစ်ထွက်လာတဲ့ ချဉ်ပေါင်ရွက်တွေက အစိမ်းရောင်မဟုတ်ဘူးဖြစ်နေတာ။ ဘာဖြစ်တာလဲ?
Nova Nova • ဖြေကြားချက် 1 ခု
စပါးအရွက်တွေဝါနေတာ ဒီဆေးတွေဖျနိးရင်အဆင်ပြေလားရှင့် အဖြုရွက်တေဠရောကျနေတာ
Theint Theint Nway • ဖြေကြားချက် 2 ခု
အင်ဇိုင်းအားဆေးရည်လုပ်ဖို့.သဘော်သိးကမရလို့....ငှက်ပြောသိး..ပန်းသစ်သော်သိး.ဖရဲသိးနဲ့လုပ်လို့ရလားဗျ...အခွံတွေကောထည့်ရတာလား
သန်းထိုက်အောင် • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from ဒေါ်မြမြ ပါမောက္ခ(ငြိမ်း)
အားလုံး
မိုက်ခရိုဂရင်းများတွင် ကျရောက်တတ်သောရောဂါများကို ကုသနည်း
30/04/2024
ပွားစာဆွေးများကို မိုက်ခရိုဂရင်းစိုက်ပျိုးရာတွင် သုံးခြင်းဖြင့် တိုးလာစေသော ဂုဏ်သတ္တိများ
09/04/2024
ခဲမြေအစားထိုးအဖြစ်သုံးသင့်သော ကြီးထွားမီဒီယာများ
02/04/2024
ကိုယ်ခံစွမ်းအားမြင့်စေသည့် မိုက်ခရိုဂရင်းများ
07/03/2024
မိုက်ခရိုဂရင်းဆိုတာ စူပါအစားအစာလား?
27/02/2024