မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာမှို အပိုင်း(၂၂)
ကြက်သွန် Allium cepa Onion
အေအမ်အက်ဖ်မှိုကို ထရိုက်ကိုဒါးမားမှိုနှင့် ပူးတွဲသုံးခြင်းသည် ကြက်သွန် အန်တီအောက်ဆီးဒန့်နှင့် ပရိုတင်းပါဝင်မှုကို တိုးစေသည်။

ရေရှည်တည်တံ့ရေးနှင့် ပတ်ဝန်းကျင်မိတ်ဖက်ဖြစ်သည့် ချဉ်းကပ်မှုများသည် သီးနှံအရည်အသွေး ကောင်းရေးမှတဆင့် အစားအစာ လုံခြုံစိတ်ချရရေးအတွက် ပေါ်ပေါက်လာသည့် လိုအပ်ချက်ဖြစ်သည်။
ပတ်ဝန်းကျင် မိတ်ဖက်ဖြစ်သော ဇီဝလှုံ့ဆော်မှို ၂ မျိုးရှိသည်၊ အေအမ်အက်ဖ်မှို နှင့် ထရိုက်ကိုဒါးမားမှိုတို့ဖြစ်သည်။ တမျိုးချင်းစီ၏ အကျိုးပြုမှု များစွာရှိသည်။ ၎င်းတို့ကို အကျိုးပြုသက်ရှိများအဖြစ် အသုံးပြုခြင်းသည် သီးနှံအရည်အသွေးကောင်းရေးအတွက် ခိုင်မာမှုတခု ဖြစ်သည်။
ဇီဝလှုံ့ဆော်မှို ၂ မျိုးပေါင်း အသုံးချမှုကိုလည်း ဘက်ပေါင်းစုံမှ လေ့လာချက်အရ အလားအလာကောင်းသော တုံ့ပြန်မှုများကို ခိုင်ခိုင်မာမာ တွေ့ထားသည်၊ တုံ့ပြန်မှုများသည် ရေရှည်တည်တံ့ရေးနှင့်ဆီလျော်သည်။
ကြက်သွန်၏ ကျန်းမာရေး အကျိုးပြုမှု
- သွေးထဲတွင်သကြားပါဝင်မှုနည်းစေသည်။
- အရိုးကျန်းမာရေး တိုးတက်သည်။
- ကင်ဆာဖြစ်စေမှု လျော့ကျသည်။
- အအေးမိခြင်း၊ဖျားနာခြင်းကလွတ်ကင်း
- သွေးတိုးထိန်းညှိပေးသည်။
ကိုးကား - တိုင်းရင်းသမားတော်ဆေး
ဇယား၁ အေအမ်အက်မှို ထိုးသွင်းခြင်း၏ ကျန်းမာရေးအကျိုးပြု ဒုတိယ အစာချေဖျက်ပေးနိုင်သော ဓာတု ပစ္စည်းတိုးစေခြင်း

ဇယား၁ အဆက်

အေအမ်အက်မှိုထိုးသွင်းခြင်း၏ ကြက်သွန်အရည်အသွေးကောင်းစေခြင်း

ထရိုက်ကိုဒါးမားမှိုထိုးသွင်းခြင်း၏ ကြက်သွန်အရည်အသွေးကောင်းစေခြင်း

ကြက်သွန်တွင်အေအမ်အက်ဖ်မှို ထိုးသွင်းခြင်း
- ၁။ ကြက်သွန်စိုက်ခင်းဘောင်ပြင်ဆင်သည်။
- ၂။ မြက်လက်ခံပင်နှင့် စိုက်ထားသော ၃ လသား အေအမ်အက်ဖ်မှို မှိုမျိုးစ၁ ကီလိုဂရမ်ကို အပင် ၁၅၀ ပင်အတွက် အသုံးချသည်။ တပင်လျှင် အေအမ်အက်ဖ်မှို မှိုမျိုးစ ၆၀ ဂရမ် သုံးသည်၊
- ၃။ အေအမ်အက်ဖ်မှို ထိုးသွင်းပြီး ၆၀ ရက်၊ ၉၀ ရက် ၊၁၂၀ ရက်တွင် စိစစ်သည်။
မှတ်ချက်
- ထည့်သွင်းသော မှိုမျိုးစကို မြေကြီးရောပြီး စိုက်ကျင်းတနေရာတွင် ပိုထည့်နိုင်ပါသည်။
- ကြက်သွန်သည် အေအမ်အက်မှို မှီခိုမှု မြင့်သည်။
- အမြစ်စွဲ ရာခိုင်နုန်း ၈၀% ရှိသည်။
- အေအမ်အက်မှို Rhizophagus irregularis ကို သုံးသည်၊ အကျိုးပြုမှု ကောင်းသည်။
ထိုးသွင်းအေအမ်အက်ဖ်မှိုများနှင့် ထရိုက်ကိုဒါးမားမှိုကို ပူးတွဲသုံးပါက ကြက်သွန် ပရိုတင်းပါဝင်မှု ရာနှုန်းတိုးစေခြင်း

ကိုးကား
Golubkina N.et al. Prospects of Arbuscular Mycorrhizal Fungi Utilization in Production of Allium Plants. Plants (Basel). 2020 Feb; 9(2): 279. doi: 10.3390/plants9020279
Szczałba M.et al. Comprehensive insight into arbuscular mycorrhizal fungi,Trichoderma spp. and plant multilevel interactions with emphasis on biostimulation of horticultural crops. Mycorrhizal fungi and Trichoderma spp. vs cropsJournal of Applied Microbiology 127, 630--647
ဒေါ်မြမြ၊ ပါမောက္ခ (ငြိမ်း)၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
နံမည်ကြီးဆေးဆိုင်ကဆေးအတုရောင်းလိုက်လို့သေချာဂရုစိုက်ထားတဲ့သင်္ဘောခင်းလေးဆေးအစိတ်သင့်ပြီးလောင်ကုန်တယ်ဗျာ🥺
ဦးညီမင်းထက် • ဖြေကြားချက် 6 ခု
အပင်ဖြစ်နှေးနေလို့ပါ
ဦးမိုက် • ဖြေကြားချက် 3 ခု
အသစ်ထွက်လာတဲ့ ချဉ်ပေါင်ရွက်တွေက အစိမ်းရောင်မဟုတ်ဘူးဖြစ်နေတာ။ ဘာဖြစ်တာလဲ?
Nova Nova • ဖြေကြားချက် 1 ခု
စပါးအရွက်တွေဝါနေတာ ဒီဆေးတွေဖျနိးရင်အဆင်ပြေလားရှင့် အဖြုရွက်တေဠရောကျနေတာ
Theint Theint Nway • ဖြေကြားချက် 2 ခု
အင်ဇိုင်းအားဆေးရည်လုပ်ဖို့.သဘော်သိးကမရလို့....ငှက်ပြောသိး..ပန်းသစ်သော်သိး.ဖရဲသိးနဲ့လုပ်လို့ရလားဗျ...အခွံတွေကောထည့်ရတာလား
သန်းထိုက်အောင် • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from ဒေါ်မြမြ ပါမောက္ခ(ငြိမ်း)
အားလုံး
မိုက်ခရိုဂရင်းများတွင် ကျရောက်တတ်သောရောဂါများကို ကုသနည်း
30/04/2024
ပွားစာဆွေးများကို မိုက်ခရိုဂရင်းစိုက်ပျိုးရာတွင် သုံးခြင်းဖြင့် တိုးလာစေသော ဂုဏ်သတ္တိများ
09/04/2024
ခဲမြေအစားထိုးအဖြစ်သုံးသင့်သော ကြီးထွားမီဒီယာများ
02/04/2024
ကိုယ်ခံစွမ်းအားမြင့်စေသည့် မိုက်ခရိုဂရင်းများ
07/03/2024
မိုက်ခရိုဂရင်းဆိုတာ စူပါအစားအစာလား?
27/02/2024