တစ်ပတ်တာအတွင်း ဈေးကွက်သုံးသပ်ချက်
၅.၇.၂၀၂၁ မှ ၉.၇.၂၀၂၁) ထိ တစ်ပတ်အတွင်းအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့် လယ်ယာထွက်ကုန်သီးနှံများ
မတ်ပဲ
မတ်ပဲကတော့ပြီးခဲ့တဲ့အပတ်နဲ့ ယှဉ်ရင်ဈေးတက်လာပါတယ်။ ပြည်ပတင်ပို့မှုရှိနေပြီး ပြည်တွင်း လက်ကျန် လျော့နည်းနေလို့ ဈေးတက်နေတယ်လို့သိရပါတယ်။ စင်ကာပူနိုင်ငံက ကုန်သည်တွေရဲ့ ဝယ်ယူမှုတွေရှိနေလို့ ဈေးကတက်နေတယ်လို့ ကုန်သည်တွေက ဆိုပါတယ်။
အိန္ဒိယက ပဲဝယ်ယူမှုနဲ့ပတ်သတ်ပြီး လက်မှတ်ထိုးခဲ့ပေမယ့် သိပ်မကြာခင် အိန္ဒိယအစိုးရက ပဲသိုလှောင်ခွင့်ကို တန်ချိန် ၂၀၀ သာခွင့်ပြုမယ်ဆိုတဲ့ ထုတ်ပြန်ချက်ကြောင့် မြန်မာ့ ပဲတွေကို ကုန်သည်တွေက ဝယ်ယူဖို့ တန့်သွားခဲ့ပြီး စောင့်ကြည့်နေတဲ့အခြေအနေဖြစ်နေပါတယ်။
ထုတ်ပြန်ချက်ကြောင့် မြန်မာ့မတ်ပဲဈေးက ယခုဈေးထပ် တက်နိုင်ခြေမရှိနိုင်တော့ပဲ ပဲဈေးက ကျဆင်းနိုင်ဖွယ်ရှိတယ်လို့လည်း သုံးသပ်မှုတွေ ရှိနေခဲ့ပါတယ်။ အဆိုပါ ထုတ်ပြန်ချက်ကြောင့်လည်း အိန္ဒိယကုန်သည်တွေက ဆန္ဒပြမှုတွေ လုပ်နေပါတယ်။
ရန်ကုန်ဈေးကွက်မှာ မတ်ပဲ(FAQ/RC) က တစ်တန်ကို ၁၁၅၀၀၀၀နီးပါးဈေးတက်လာခဲ့ပြီး တစ်ပတ်အတွင်း တစ်တန်ကို ၅ သောင်းနီးပါးဈေးတက်လာခဲ့ပါတယ်။
မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၁၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ် ၅၀၀၀ ကျပ် ဈေးတက်လာပါတယ်။
မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၃၆၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁၅၀၀ ကျပ်ဈေးတက်လာပါတယ်။
ပြည်ဈေးကွက်မှာလည်း တစ်တင်းကို ၃၇၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁၅၀၀ ကျပ်ဈေးတက်လာပါတယ်။
လတ်တလောကတော့ မြန်မာ့မတ်ပဲက အိန္ဒိယနိုင်ငံအပြင် အခြားနိုင်ငံက ဝယ်ယူမှုနေလို့ ဈေးတက်နေပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ကာလတူအခြေအနေနဲ့ နှိုင်းယှဉ်ရင် ၂၀၂၁ ယခုကာလမှာ တစ်တန်ကို ၁၅၀၀၀၀ နီးပါးတက်လာခဲ့ပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကတော့ ပြည်တွင်းမှာ လက်ကျန်မရှိတော့တဲ့အခြေအနေမို့ ဈေးက အတက်ဈေးနဲ့ပဲ မာနေတယ်လို့ ဆိုလို့ရပါတယ်။
ပြီးခဲ့တဲ့အပတ်က အိန္ဒိယမှာ ပဲစင်းငုံနီဈေးတွေ ကျဆင်းနေပေမယ့် ဒီတစ်ပတ်မှာတော့ ပဲစင်းငုံနီ တွေကအကျရပ်ပြီးဈေးငြိမ်နေတယ်လို့ အိန္ဒိယပဲဈေးကွက်တွေအရသိရပါတယ်။
ပဲစင်းငုံနီကလည်း အိန္ဒိယက အဓိက ဝယ်ယူနေတဲ့ပဲ ဖြစ်လို့ တစ်ပတ်အတွင်း တစ်တန်ကို ၃၀၀၀၀ နီးပါးဈေးတက်လာခဲ့တာပါ။
ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီကတစ်တန်ကို ၁၁၃၀၀၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ၃၀၀၀၀ နီးပါးဈေးတက်လာပါတယ်။
မန္တလေးဈေးကွက်မှာတော့ ၁၀၅၀၀၀ ကနေ ၁၀၆၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃၀၀၀ ကျပ်ဈေးတက်လာပါတယ်။
မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၃၅၀၀၀ ပေါက်ဈေးရှိပြီး ၁၅၀၀ကျပ် ဈေးတက်လာပါတယ်။
အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၃၆၀၀၀ ပေါက်ဈေးရှိပြီး ၁၅၀၀ ကျပ်ဈေးတက်လာပါတယ်။
ပဲစင်းငုံနီကတော့ ပြီးခဲ့တဲ့ ၂၀၂၀ ကာလတူအခြေအနေနဲ့ နှိုင်းယှဉ်ရင် တစ်တန်ကို ၃ သိန်းကျော်ဈေးတက်လာခဲ့ပြီး လက်ရှိကာလကတော့ အမြင့်ဆုံးရရှိနေတဲ့အနေအထားဖြစ်နေပါတယ်။
ကုလားပဲ
ကုလားပဲကတော့ အိန္ဒိယနိုင်ငံ ပွဲတော်ကာလမတိုင်ခင် ဝယ်ယူမှုမြင့်တက်နေတဲ့အတွက် ဈေးတွေက တက်နေပါတယ်။ ပြည်တွင်းမှာလည်း လက်ကျန်လျော့နည်းနေပြီး သယ်ယူစရိတ်၊ တင်ပို့မှု စရိတ်များပြားနေလို့ ကုလားပဲဈေးက ဆက်တိုက်တက်နေခဲ့ပါတယ်။
ကုလားပဲကတော့ လက်ရှိပေါက်ဈေးနဲ့ပဲ အတက်အကျအနည်းငယ်သာရှိနိုင်ပြီး ဈေးက ဆက်မာနိုင်တယ်လို့ သုံးသပ်ထားပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ ကုလားပဲလုံးဖြူက တစ်ပိဿာကို ၁၆၃၀ မှ ၁၆၇၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၄၀ ကျပ်ဈေး တက်လာပါတယ်။ ကုလားပဲလုံးဖြူ(ကြီး)ကတော့ တစ်ပိဿာကို ၁၇၅၀ မှ ၁၈၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀၀ ကျော်ဈေးတက်လာပါတယ်။
မန္တလေးဈေးကွက်မှာတော့ ကုလားပဲ(ထိုင်ဝမ်)ကတော့ တစ်အိတ် ၈၈၀၀၀ ကနေ ၉၀၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ကုလားပဲ (929) ကတော့ တစ်အိတ်ကို ၉၁၅၀၀ ကနေ ၉၂၀၀၀ ပေါက်ဈေး ရှိပြီး တစ်အိတ်ကို ၂၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ကုလားပဲ (v2) ကတော့ တစ်အိတ်ကို ၁၀၀၀၀၀ ပေါက်ဈေးရှိပြီး ၆၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ကုလားပဲ V7 က တစ်အိတ်ကို ၉၇၀၀၀ ကနေ ၉၈၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ် အသီးသီးဈေးတက်လာပါတယ်။
မုံရွာဈေးကွက်မှာတော့ ကုလားပဲ(ထိုင်ဝမ်)က တစ်တင်းကို ၃၀၅ ပေါက်ဈေးရှိပြီး ၁၃၀၀ ကျပ်၊ ကုလးပဲ (929) ကတော့ တစ်တင်းကို ၃၀၈၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်၊ ကုလားပဲ v2 ကတော့ တစ်တင်းကို ၃၃၃၀၀ ကျပ်ရှိပြီး ၂၃၀၀ ကျပ်အသီးသီးဈေးတက်လာပါတယ်။
အောင်လံဈေးကွက်မှာတော့ ကုလားပဲ(ဟော်လန်)က တစ်တင်းကို ၃၃၃၀၀ ပေါက်ဈေးရှိပြီး ၁၇၀၀ ကျပ် ဈေးတက်လာပြီး ကုလားပဲ(မြကြေး)ကတော့ တစ်တင်းကို ၃၁၅၀၀ နဲ့ ၅၀၀ကျပ် ဈေးတက်လာပါတယ်။
ကုလားပဲကလည်း ပြီးခဲ့တဲ့ ကာလတူအခြေအနေနဲ့ နှိုင်းယှဉ်လိုက်ရင် တစ်အိတ်ကို ငွေကျပ် ၃၀၀၀၀ နီးပါးဈေးတက်လာခဲ့ပြီး အမြင့်ဆုံးဈေးရရှိနေပါတယ်။
ပဲပုတ်
ပဲပုတ်ကလည်း ဆက်တိုက်ဈေးတက်နေခဲ့ပါတယ်။ ပြည်တွင်း ဝယ်ယူမှုလည်း မြင့်တက်နေပါတယ်။လက်ကျန် ကလည်း လျော့နည်းနေပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ ပဲပုတ်(မြစ်ဝကျွန်းပေါ်)က တစ်ပိဿာကို ၁၄၆၅ ကနေ ၁၅၃၅ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။
မန္တလေးဈေးကွက်မှာတော့ ပဲပုတ်(ဗမာ)က တစ်အိတ်ကို ၁၀၅၀၀၀ ကနေ ၁၁၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ပဲပုတ်(ရှမ်း)ကတော့ တစ်အိတ်ကို ၇၅၀၀၀ ကနေ ၈၅၀၀၀ ပေါက်ဈေးရှိပြီး ၇၀၀၀ ကျပ်ဈေးတက်လာပါတယ်။
မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၃၆၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။
မော်လမြိုင်ဈေးကွက်မှာတော့တစ်တင်းကို ၃၁၀၀၀ ပေါက်ဈေးရှိပြီး ၁၅၀၀ ကျပ်ဈေးတက်လာပါတယ်။
ဆက်စပ်မေးခွန်းများ
ကရင်မစပါးပါ ပုံပါအတိုင်း ဝါနေလို ဘာဖြစ်တာလည်း
ဦးလင်း • ဖြေကြားချက် 4 ခု
ဆရာ မန်ကိုဇက်နဲ့ အမိုင်နိုအက်စစ် အဲ့ဆေးနှစ်မျိုးတွဲ ဖျန်းလို့ရလားဆရာ
U Yan • ဖြေကြားချက် 2 ခု
ခရမ်းချဉ် အပင်ပုတ်နေလို့ပါဘာဖြစ်လို့လည်းခမျရှင်းပြပေးပါ
Ba Gyan • ဖြေကြားချက် 2 ခု
စပါးလဲနေတာဘာလုပ်ရမလဲ အထွက်စုံနေပီ
aye Myat mon • ဖြေကြားချက် 1 ခု
ယနေ့ နှမ်းစျေးဘယ်လောက် ပေါက်လဲဗျ ကျေးဇုူးပြုပြီး ဖြေကြားပေးစေလိုပါတယ်
si thu • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Green Way
အားလုံး
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026