ဖုန်း လုံခြုံစိတ်ချဖို့ ဘာတွေလုပ်သင့်လဲ ?
“ခေတ်မီတောင်သူဖြစ်ဖို့ ဒစ်ဂျစ်တယ်နည်းပညာ လေ့လာစို့” အစီစဥ်လေးကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ် ခင်ဗျ။ ယခင်တစ်ပတ်ကတော့ ဂျီပီအက်စ် (GPS) အကြောင်း မျှဝေပေးခဲ့တာ ဖြစ်ပါတယ် ခင်ဗျ။ ယခုတစ်ပတ်မှာတော့ တောင်သူ ဦးလေး ဒေါ်လေးတို့ အသုံးပြုနေတဲ့ ဖုန်းတွေ လုံခြုံစိတ်ချရအောင် ဘာတွေလုပ်ဆောင်သင့်တယ် ဆိုတာကို မျှဝေပေးသွားမှာ ဖြစ်ပါတယ် ခင်ဗျ။
၁။ ဖုန်းကို လော့ခ်ချထားပေးပါ
မိမိရဲ့ ဖုန်းကိုလော့ခ်ချထားမယ်၊ လျှို့ဝှက်ကုဒ် ခံထားမယ်ဆိုရင် မိမိရဲ့ ကိုယ်ရေးအချက်အလက်တွေ လုံခြုံသလို မတော်တဆ ဖုန်းအခိုးခံရမယ် ဆိုရင်တောင် တခြားသူအလွယ်တကူ ဖွင့်နိုင်မှာ မဟုတ်ပါဘူး။
၂။ ဖုန်း ဂျီပီအက်စ် ဖွင့်ထားပါ
အန်းဒရွိုက်ဖုန်းတွေမှာ ဂူးဂဲဆက်တင်အက်ပ် (Google Setting App) နဲ့ Tap Security ထဲဝင်ပြီး Android Device Manager ရဲ့ အောက်မှာ ရှိတဲ့ Remotely Locate this Device နဲ့ Remote Lock and Erase ကိုဖွင့်ထားမယ် ဆိုရင် ဖုန်း မတော်တဆ ပျောက်သွားလို့ အရေးကြီး အချက်အလက်တွေ၊ လူသိမခံချင်တာတွေဆိုရင် ကွန်ပျူတာကနေ ဂျီပီအက်စ် (GPS) နဲ့ ခြေရာခံပြီး လှမ်းဖျက်နိုင်မှာ ဖြစ်ပါတယ်။
၃။ ဖုန်းမှာ အင်န်တီဗိုင်းရပ်စ် မသုံးပါနဲ့
ဗိုင်းရပ်စ်ပိုး မဝင်အောင် ကာကွယ်ပေးတဲ ဆော့ဝဲလ်တွေ ထည့်ထားရင် တစ်ခါတစ်ရံ မားလ်ဝဲလ် (Malware) ဆိုတဲ့ ဗိုင်းရပ်စ်တစ်မျိုး ဖုန်းထဲဝင်ပြီး ဖိုင်တွေ အလွယ်တကူ ပျက်တတ်ပါတယ်။
၄။ ဖုန်းထဲက ဆော့ဝဲလ်တွေကို အလိုအလျောက် အဆင့်မြှင့်တင်မှု (Update) လုပ်ခွင့် မပေးပါနဲ့
အက်ပ် (App) တစ်ခုကို အဆင့်မြှင့်တင်မှု လုပ်တဲ့အခါ တိုက်ခိုက်ချင်သူတွေ အနေနဲ့ ကြားဖြတ်ဝင်ရောက်ပြီး အိတ်စ်ပလိုအစ်ဘာ့ (Exploitbugs) လို ဆော့ဝဲလ်တွေကို အဆင့်မြှင့်တင်မှု လုပ်နေတဲ့ အက်ပ် (App) တွေထဲ ထည့်လိုက်မှာ ဖြစ်ပါတယ်။ ဂူးဂဲလ်မှာ လိုင်စင်ရှိတဲ့ အက်ပ် (App) ကိုပဲ အဆင့်မြှင့်တင်ဖို့ အကြံပြုပါတယ်။
တောင်သူ ဦးလေး ဒေါ်လေးတို့လည်း ဖော်ပြပါ နည်းလမ်းလေးတွေ သုံးပြီး မိမိဖုန်းကို လုံခြုံအောင် ပြုလုပ်ထားနိုင်ပါတယ်နော်။
ယခင်တစ်ပတ်က ဂျီပီအက်စ် (GPS) အကြောင်း ဖော်ပြခဲ့တဲ့ ဆောင်းပါလေးကို ပြန်လည်ဖတ်ရှုချင်ရင်တော့ ဖော်ပြပါ လင့်ကနေတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် ခင်ဗျ။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ကရင်မစပါးပါ ပုံပါအတိုင်း ဝါနေလို ဘာဖြစ်တာလည်း
ဦးလင်း • ဖြေကြားချက် 3 ခု
ဆရာ မန်ကိုဇက်နဲ့ အမိုင်နိုအက်စစ် အဲ့ဆေးနှစ်မျိုးတွဲ ဖျန်းလို့ရလားဆရာ
U Yan • ဖြေကြားချက် 1 ခု
ခရမ်းချဉ် အပင်ပုတ်နေလို့ပါဘာဖြစ်လို့လည်းခမျရှင်းပြပေးပါ
Ba Gyan • ဖြေကြားချက် 2 ခု
စပါးလဲနေတာဘာလုပ်ရမလဲ အထွက်စုံနေပီ
aye Myat mon • ဖြေကြားချက် 1 ခု
ယနေ့ နှမ်းစျေးဘယ်လောက် ပေါက်လဲဗျ ကျေးဇုူးပြုပြီး ဖြေကြားပေးစေလိုပါတယ်
si thu • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Green Way
အားလုံး
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026