အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်ခြင်း
“ခေတ်မီတောင်သူဖြစ်ဖို့ ဒစ်ဂျစ်တယ်နည်းပညာ လေ့လာစို့” အစီစဥ်လေးကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ် ခင်ဗျ။ ယခင်တစ်ပတ်ကတော့ ဒစ်ဂျစ်တယ် စာပေတတ်မြောက်မှု အကြောင်း မျှဝေပေးခဲ့တာ ဖြစ်ပါတယ် ခင်ဗျ။ ယခုတစ်ပတ်မှာတော့ ပတ်ဝန်းကျင်မှာ မကြာခဏတွေ့မြင်နေရသလို အရေးလည်းကြီးတဲ့ အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်ခြင်း ဆိုတဲ့အကြောင်းကို တောင်သူ ဦးလေး ဒေါ်လေးတို့သတိပြုနိုင်အောင် မျှဝေပေးသွားမှာ ဖြစ်ပါတယ် ခင်ဗျ။
တောင်သူ ဦးလေး ဒေါ်လေးတို့ ကိုယ့်ပတ်ဝန်းကျင်မှာရော ကိုယ်တိုင်ရော အွန်လိုင်းကနေ ငွေကြေးအလိမ်ခံရတာတွေကို ကြုံဖူး ကြားဖူးမယ် ထင်ပါတယ် ခင်ဗျ။ ယခုလက်ရှိ ကျန်းမာရေးဆိုင်ရာ ကန့်သတ်ချက်တွေကြောင့် လူအများစုဟာ အိမ်မှာပဲနေပြီး အင်တာနက်သုံးရင်း ဖုန်းနဲ့ အချိန်ကုန်လေ့ရှိကြပါတယ်။ ယခုအချိန်ကို အခွင့်ကောင်းယူပြီး မသမာသူတွေက အွန်လိုင်းကနေရော ဖုန်းနဲ့ပါ ငွေကြေးလိမ်လည်မှုတွေကို နည်းမျိုးစုံနဲ့ ပြုလုပ်နေကြပါတယ်။ လေ့လာကြည့်ရအောင်လား ခင်ဗျ။
အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်ရာမှာ
- ကံစမ်းမဲ ပေါက်သည့်အတွက် ငွေသိန်းချီရမည်ဖြစ်ပြီး ကုန်ကျစရိတ်အား ငွေကြိုလွှဲပေးခိုင်းပြီး လိမ်လည်ခြင်း
- စိုက်ပျိုး စရိတ်ချေးငွေ၊ SMEs (အသေးစား အလတ်စား စီးပွားရေးလုပ်ငန်း) လုပ်ငန်းများအတွက် ချေးငွေ လွှဲပေးမည်ဟု မက်လုံးပေး၍ အာမခံကြေး ဦးစွာလွှဲပေးရန် လိမ်လည်ခြင်း
- ပစ္စည်းဝယ်ယူရာတွင် ငွေကြိုလွှဲခိုင်းပြီး လိမ်လည်ခြင်း
- ငွေ ၁ သောင်းတန်ပေးလျှင် ၆ ဆ အနေဖြင့် ငွေ ၆ သောင်း (ငွေအတု) လဲလှယ်ပေးမည်ဟု လိမ်လည်ခြင်း
- ဖေ့စ်ဘုတ်တွင် မိမိ၏ သူငယ်ချင်း မိတ်ဆွေရုပ်ပုံအသုံးပြုပြီး အကောင့်အတုဖွင့်ကာ ပိုက်ဆံချေးပြီး လိမ်လည်ခြင်း
- အွန်လိုင်းလုပ်ငန်းများတွင် ရင်းနှီးမြှပ်နှံပါက လစဥ်ဝင်ငွေရမည်ဆိုကာ လိမ်လည်ခြင်း
စသည်ဖြင့် နည်းလမ်းများစွာ ရှိနေတာကြောင့် တောင်သူ ဦးလေး ဒေါ်လေးတို့ အနေနဲ့ သတိပြုသင့်ပါတယ်။ ဖေ့စ်ဘုတ်ပေါ်မှာ မြင်သမျှကို လွယ်လွယ်မယုံသင့်ပါဘူး ခင်ဗျ။ လူပုံမပါ နာမည် မှန် ဟုတ်/မဟုတ် မသေချာသော၊ အပြင်မှာ လူချင်းမသိသော အကောင့်များ၊ မိမိမသိသော ဖုန်းနံပါတ်အစိမ်းများနဲ့ ဖေ့စ်ဘုတ်စာမျက်နှာများကို အလွယ်တကူမယုံသင့်ကြောင်း သတိပြုရပါမယ်။ မိမိအနေနဲ့ မသင်္ကာစရာကြုံတွေ့ခဲ့ရင်လည်း ပတ်ဝန်းကျင်မှ သိနားလည်ပြီး တတ်ကျွမ်းတဲ့ သူတွေနဲ့ ပြောပြတိုင်ပင်ဖို့ ကိုလည်း အကြံပြုလိုက်ရပါတယ် ခင်ဗျ။
ယခင်တစ်ပတ်ကဖော်ပြခဲ့တဲ့ ဒစ်ဂျစ်တယ် စာပေတတ်မြောက်မှု ဆိုတဲ့ ဆောင်းပါလေးကို ပြန်လည်ဖတ်ရှုချင်ရင်တော့ ဖော်ပြပါ လင့်ကနေတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် ခင်ဗျ။
Digital Literacy (ဒစ်ဂျစ်တယ် စာပေတတ်မြောက်မှု)ဆိုတာ ဘာလဲ
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်” ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
MarMarTun
လွန်ခဲ့သော ၅ နှစ် ကမှန်တယ်
ဆက်စပ်မေးခွန်းများ
ကရင်မစပါးပါ ပုံပါအတိုင်း ဝါနေလို ဘာဖြစ်တာလည်း
ဦးလင်း • ဖြေကြားချက် 3 ခု
ဆရာ မန်ကိုဇက်နဲ့ အမိုင်နိုအက်စစ် အဲ့ဆေးနှစ်မျိုးတွဲ ဖျန်းလို့ရလားဆရာ
U Yan • ဖြေကြားချက် 1 ခု
ခရမ်းချဉ် အပင်ပုတ်နေလို့ပါဘာဖြစ်လို့လည်းခမျရှင်းပြပေးပါ
Ba Gyan • ဖြေကြားချက် 2 ခု
စပါးလဲနေတာဘာလုပ်ရမလဲ အထွက်စုံနေပီ
aye Myat mon • ဖြေကြားချက် 1 ခု
ယနေ့ နှမ်းစျေးဘယ်လောက် ပေါက်လဲဗျ ကျေးဇုူးပြုပြီး ဖြေကြားပေးစေလိုပါတယ်
si thu • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Green Way
အားလုံး
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026