ဝိုင်ဖိုင် အသုံးပြုနည်း လေ့လာကြမယ်
အပတ်စဥ် တင်ဆက်ပေးနေကြဖြစ်တဲ့ “ခေတ်မီတောင်သူဖြစ်ဖို့ ဒစ်ဂျစ်တယ်နည်းပညာ လေ့လာစို့” အစီစဥ်လေး ရောက်ရှိလာပြန်ပါပြီ ခင်ဗျ။ ယခင်တစ်ပတ်က ဝိုင်ဖိုင် (Wifi) အကြောင်းကို စတင် မိတ်ဆက်ပေးခဲ့ပြီး ဖြစ်ပါတယ် ခင်ဗျ။ ယခု တစ်ပတ်မှာ တော့ ဝိုင်ဖိုင် အသုံးပြုနည်းကို တောင်သူဦးလေး ဒေါ်လေးတို့ သိရှိသွားအောင် မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
ဦးလေး ဒေါ်လေးတို့ ဖုန်း ဝိုင်ဖိုင်ဖွင့်မယ်ဆိုရင်တော့
၁။ ဖုန်းမျက်နှာပြင် (စက်ခရင်) ရဲ့ အပေါ်ဘက်မှာ ရှိတဲ့ အသိပေးစင်တာ (သို့မဟုတ်) Notofication Bar ကိုဆွဲချလိုက်ရမှာ ဖြစ်ပါတယ်။ တစ်ချို့ဖုန်းအမျိုးအစား တွေမှာတော့ အောက်ဘက်မှာ ရှိတတ်ပါတယ် ခင်ဗျ။ ဒါမှမဟုတ် ဆက်တင် ထဲမှာလည်း သွားပြီးရှာလို့ရပါတယ် ခင်ဗျ။
၂။ ဝိုင်ဖိုင် (Wifi) ဆိုပြီး ရေးထားတာ တွေ့ရင် ခလုတ်လေးဖွင့်ပေးရမှာ ဖြစ်ပါတယ်။
၃။ ဦးလေး ဒေါ်လေးတို့က ဝိုင်ဖိုင် (Free) အလကားသုံးလို့ရတဲ့ နေရာမှာ ရောက်ရှိနေမယ်ဆိုရင်တော့ ဝိုင်ဖိုင်ကိုဖွင့်လိုက်ပြီးရင် အင်တာနက်လွှင့်ပေးထားတဲ့ လိုင်းနာမည်လေးတွေ ပေါ်လာမှာ ဖြစ်ပါတယ် ခင်ဗျ။
၄။ မိမိချိတ်ဆက် အသုံးပြုမယ့် လိုင်းနာမည်ကို နှိပ်ရမှာ ဖြစ်ပါတယ်။
တချို့လိုင်းတွေက ချိတ်ပြီးတာနဲ့ အင်တာနက် ချက်ချင်း အသုံးပြုလို့ရပြီး တချို့လိုင်းတွေကတော့ သတ်မှတ်ထားတဲ့ လျှို့ဝှက်ကုဒ် ထည့်သွင်းပြီးမှ သုံးလို့ရမှာ ဖြစ်ပါတယ် ခင်ဗျ။ ဖော်ပြပါ အဆင့်လေးတွေ အတိုင်း နှိပ်ပြီးရင်တော့ တောင်သူ ဦးလေး ဒေါ်လေး တို့ အနေနဲ့ ဝိုင်ဖိုင်ချိတ်ပြီး အင်တာနက်သုံးရင်း စိုက်ပျိုးရေး နည်းပညာ၊ ဗဟုသုတတွေကို လေ့လာနိုင်မှာပဲ ဖြစ်ပါတယ် ခင်ဗျ။ အခုလောက်ဆို ဝိုင်ဖိုင်အသုံးပြုဖို့ အတွက် နားလည်သွားမယ်လို့ ယုံကြည်ပါတယ် ခင်ဗျ။ တနင်္လာနေ့တိုင်း ယခုအစီစဥ်လေးကို ဖော်ပြမှာ ဖြစ်လို့ နောက်တစ်ပတ် ပြန်လည် ဆုံတွေ့ပါမယ် ခင်ဗျ။
ယခင်တစ်ပတ်က ဝိုင်ဖိုင် အကြောင်း ဖော်ပြထားတဲ့ ဆောင်းပါလေးကို ပြန်လည်ဖတ်ရှုချင်ရင်တော့ ဖော်ပြပါ လင့်ကနေတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် ခင်ဗျ။
(ဆောင်းပါးများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
အမည်မသိ
လွန်ခဲ့သော ၅ နှစ် ကwifi တပ်ပြီးလအဗသာ်ကြာလူအများဝိုင်းသုံးကြဥဖြင့်ကြပ်တဲလာဝိုင်းသုံးသူများဖြုတ်ညပြစ်လို၍ပတ်ဖိုချိန်းနည်းလိုအပ်နေပါသည်ကျေးဇူးပြု၍သင်ပေးပါ
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ကရင်မစပါးပါ ပုံပါအတိုင်း ဝါနေလို ဘာဖြစ်တာလည်း
ဦးလင်း • ဖြေကြားချက် 3 ခု
ဆရာ မန်ကိုဇက်နဲ့ အမိုင်နိုအက်စစ် အဲ့ဆေးနှစ်မျိုးတွဲ ဖျန်းလို့ရလားဆရာ
U Yan • ဖြေကြားချက် 1 ခု
ခရမ်းချဉ် အပင်ပုတ်နေလို့ပါဘာဖြစ်လို့လည်းခမျရှင်းပြပေးပါ
Ba Gyan • ဖြေကြားချက် 2 ခု
စပါးလဲနေတာဘာလုပ်ရမလဲ အထွက်စုံနေပီ
aye Myat mon • ဖြေကြားချက် 1 ခု
ယနေ့ နှမ်းစျေးဘယ်လောက် ပေါက်လဲဗျ ကျေးဇုူးပြုပြီး ဖြေကြားပေးစေလိုပါတယ်
si thu • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Green Way
အားလုံး
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....