မိုင်တိုင်တစ်ခုဆီ တွန်းပို့ပေးခဲ့သူအပေါင်းကို ကျေးဇူးတင်ခြင်း
Green Way-အစိမ်းရောင်လမ်း (စိုက်ပျိုး၊မွေးမြူရေး၊ ရေလုပ်ငန်းနည်းပညာပေးဖုန်းဆော့ဝဲ) ရဲ့ သတင်းဆောင်းပါးတွေ၊ နည်းပညာတွေ၊ ဗဟုသုတတွေ မျှဝေပေးနေတဲ့ နေရာတစ်ခုဖြစ်တဲ့ Facebook Page ဟာဆိုရင် Organic Followers ၅ သိန်းကျော်ဆိုတဲ့ မှတ်တိုင်ကို ယနေ့မှာ ရောက်ရှိသွားခဲ့ပါပြီ
🏆 ဒီမိုင်တိုင်ဆီရောက်ဖို့အတွက် အစိမ်းရောင်လမ်းကနေ အရည်အသွေးပြည့်မီတဲ့ ဆောင်းပါတွေကို တောင်သူများဆီသို့ရောက်ရှိရန် စဉ်ဆက်မပြတ်တင်ဆက်နိုင်ရန် လူအားစိတ်အားတွေနဲ့ အားပေးကူညီပေးခဲ့သူတွေကတော့ အစိမ်းရောင်လမ်းရဲ့ ပင်တိုင်ဆောင်းပါးရှင် ဆရာကြီး၊ ဆရာမကြီးများနှင့်
တောင်သူတွေလိုအပ်တဲ့ နည်းပညာများ လွယ်ကူလျင်မြန်ပြီး အဆင်ပြေချော့မွေစွာရောက်ရှိနိုင်ရန် ကြိုးစားအားထုတ်ပေးနေကြတဲ့ အစိမ်းရောင်လမ်းအဖွဲ့သားများကြောင့်ရယ်ပါ..🙏
တကယ်တော့ အခုလို အကျပ်တည်းဆုံးကာလဖြစ်တဲ့ တိုင်းပြည်နာမကျန်းဖြစ်နေချိန် ဒီလိုကာလကြီးမှာ မှတ်တိုင်တစ်ခုကို အမှတ်တရတင်ဖို့ဆိုတာကို အတော်စဉ်းစားခဲ့ရပါတယ်
🌟 ဒါပေမဲ့ ဒီလို အကျပ်အတည်းကာလအတွင်းမှာပဲ အစိမ်းရောင်လမ်းကို ဆက်လက်အားပေးနေသူတွေ၊ ဆက်တိုးလာတဲ့ အားပေးသူပရိသတ်တွေကို ကျေးဇူးတင်ကြောင်းပြသဖို့ အမှတ်တရတစ်ခုအနေနဲ့ အခုလို ‘ မိုင်တိုင်တစ်ခုဆီ တွန်းပို့ပေးခဲ့သူအပေါင်းကို ကျေးဇူးတင်ခြင်း’ ဆိုတဲ့ပို့စ်လေးနဲ့သာ မှတ်တမ်းတင်လိုက်ရခြင်းဖြစ်ပါတယ်ရှင့်
တောင်သူများအပါဝင် စာဖတ်သူများအနေနဲ့လည်း အစိမ်းရောင်လမ်းက မျှဝေနေတဲ့ နည်းပညာ၊ ဖြေဆိုပေးမှုတွေကြောင့် အောင်မြင်သွားတဲ့ သာဓကတွေ၊ ပြောင်းလဲသွားတဲ့ အလေ့အထလေးတွေရှိရင် အောက်က ကွန်မန့်မှာ မျှဝေပေးခဲ့ကြပါဦးနော်။
နောက်ထပ်သော တောင်သူအကျိုးပြုနည်းပညာများကို ဆက်လက်တင်ဆက်ပေးနိုင်ရန်လည်း ကြိုးစားနေပါဦးမည်...
တောင်သူတို့အတွက်
အစိမ်းရောင်လမ်း

kochan
လွန်ခဲ့သော ၁၀ လ က👍
ဦဇေယျာဝဏ
လွန်ခဲ့သော ၁၁ လ ကကျေးဇူပါအစိမ်ရောင်းလမ်
ဦးဇင်မင်းလတ်
လွန်ခဲ့သော ၁၁ လ ကတကယ်အကျိုးရှိပါတယ် အစိမ်းရောင်လမ်းဆော့ဝဲက ကျနော်ဘဝကို အများကြီးတိုးတက် ပြောင်းလဲစေခဲ့တယ် အခုဆိုအစိမ်းရောင်လမ်းဆော့ဝဲ ကပညာပေးဆောင်းပါးတွေ ဖတ်ရူပြီးလက်တွေ့အသုံးချနေပါတယ်။ဆောင်းပါးတွေကို ဘာသာပြန်မျှဝေပေးခဲ့တဲ့ ဆရာကြီးဆရာမကြီးများအားလုံးကို အထူးကျေးဇူးတင်ပါတယ်ခမျ။
Win Ko Thu
လွန်ခဲ့သော ၁၁ လ ကအမြဲတမ်းအားပေးနေပါတယ်မျက်စိထိခိုက်မှုရှိခဲ့လိုဒေါက်တာကနားခွင့်ပေးပါတဲ့တစ်လလောက်ဖုန်းမသုံးဖိုပြေားထားလိုပါခင်ဗျ
ဆက်စပ်မေးခွန်းများ
ကရင်မစပါးပါ ပုံပါအတိုင်း ဝါနေလို ဘာဖြစ်တာလည်း
ဦးလင်း • ဖြေကြားချက် 4 ခု
ဆရာ မန်ကိုဇက်နဲ့ အမိုင်နိုအက်စစ် အဲ့ဆေးနှစ်မျိုးတွဲ ဖျန်းလို့ရလားဆရာ
U Yan • ဖြေကြားချက် 2 ခု
ခရမ်းချဉ် အပင်ပုတ်နေလို့ပါဘာဖြစ်လို့လည်းခမျရှင်းပြပေးပါ
Ba Gyan • ဖြေကြားချက် 2 ခု
စပါးလဲနေတာဘာလုပ်ရမလဲ အထွက်စုံနေပီ
aye Myat mon • ဖြေကြားချက် 1 ခု
ယနေ့ နှမ်းစျေးဘယ်လောက် ပေါက်လဲဗျ ကျေးဇုူးပြုပြီး ဖြေကြားပေးစေလိုပါတယ်
si thu • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Green Way
အားလုံး
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026