မြေနီမှာ ပြောင်းကြဲလို့ရလားနှင့် တစ်ပတ်အတွင်း စိတ်ဝင်စားစရာ အမေးအဖြေများ
မင်္ဂလာပါရှင့်
စိတ်ဝင်စားစရာ အမေးအဖြေတွေကို လေ့လာရမယ့် စနေနေ့လေးကနေ ကြိုဆိုလိုက်ပါတယ်နော်။
ဒီတစ်ပတ်မှာတော့ ဦးကြီးတို့ ဇဝေဇဝါဖြစ်ကြလေ့ရှိတဲ့ မေးခွန်းလေးတွေကို ရွေးထုတ်ပြီး ဖော်ပြပေးလိုက်ပါတယ်ရှင့်
၁။ မေး (Ko Thet) ဆရာကြီးများခင်ဗျာ။ တချို့ကပြောကြတယ် ယူရီးယားဓာတ်မြေဩဇာကို မြေခံမထည့်ရဘူးလို့တဲ့။တစ်ချို့ကြပြန်တော့လဲမြေခံထည့်ရတယ်လို့ပြောကြတယ်။ ဘယ်ဟာယုံရမှန်းမသိလို့ရှင်းပြပေးစေချင်ပါတယ်ခင်ဗျာ။
ဖြေ ( ဒို့ဦးလေး) - နှစ်ခုစလုံး မှန်တယ်လို့ပြောနိုင်ပါတယ်။ ယူရီးယားကို မြေခံထည့်ရင် မျိုးစေ့ကို မထိခိုက်ရင် အပင်ပေါက်သန်နိုင်တာကိုး။ သို့ပေမယ့်..ဓာတ်လျော့မြန် တဲ့အတွက် ဆုံးရှုံးနိုင်ချေပိုများပါတယ်။ ဥပမာ..၁၀၀ ဖိုးထည့်ရင် ၃၀ ဖိုးလောက်ဘဲ အပင်စားရတယ်ပေါ့။ ချင့်ချိန်သုံးပါလေ...။
၂။ မေး ( Ye Kyaw) - အပင်မှုန်းတယ်ဆိုတာ ဘာကိုပြောတာလဲဗျ နောက်ပြီးပြောင်းပန်းခိုင်မထွက်ခင် ပြောင်းရွက် ခြွေပေးဖို့လည်းလိုလို့လား။ ခြွေရင်ရောဘာကောင်းလဲဗျ။ အခုက ၅လပိုင်းထဲမှာဆိုတော့ ပြောင်းထပ်ကြဲချင်တာမို့ ထယ်ရေးလုပ်ဖို့ မှီသေးလားဗျ။
ဖြေ (ဒို့ဦးလေး) – “မှုန်း” တယ်..ဆိုတာ.ချေမှုန်း/သုတ်သင်/ဖယ်ရှား တယ်လို့ အဓိပ္ပာယ်ရပါတယ်။ အပင်ဦးရေ နည်းအောင်၊ ပါးအောင် သားခွဲပေးရတာကိုပြောတာပါ။ လက်နဲ့ သားခွဲသလို ထွန်နဲ့ ကန့်လန့် မှုန်းတာလဲ..ပြုလုပ်ကြပါတယ်။ ပြောင်းကြဲလို့မီပါသေးတယ်။ အောက်ရွက်ဟောင်းခြွေတာကတော့.. လုပ်နိုင်ရင်ကောင်းပါတယ်။

၃။ မေး (ကျော်ကျော်) - မြေနီ မာ ပြောင်းကြဲချင်လို့ အဆင်ပြေနိုင်လားဗျ။ ကြက်ချေးအိတ်၁၅၀ ဖြန့်ထားတယ် ၈ ဧက လောက်ရှိပါတယ်။ အဲမြေမှာ တခါမှ မလုပ်ဖူးပါဘူး သူများက ပေးကြဲလို့ပါ။
ဖြေ (ဒို့ဦးလေး) - အဆင်ပြေပါတယ်.. တခါမှ မစိုက်ဖူးသေးတဲ့ မြေနီက ပိုပြီးအာဟာရ ရနိုင်ပါတယ်။ ပေါင်း နဲ့ ပိုးကို ကာကွယ်ပါ။
၄။ မေး (Myo Myint) - ငရုတ်ခင်း မိုးစွေပြီး စိုထိုင်းနေလို့ ကျောက်မှုန့်ပက်ရင် အဆင်ပြေလားဗျ ?
ဖြေ (ဒို့ဦးလေး) - အဆင်ပြေပါတယ်ဗျ။
ကျောက်မှုန့်ပက်ပေးရင် မြေကြီးထဲက မှိုလည်း အထိုက်အလျောက်ကာကွယ်ပါတယ်။ အပင်အခြေအနေကြည့်ပြီး လိုအပ်ရင်မှိုဆေးဖျန်းပါ။
(ဦးတင်ဝင်း) - အဆင်ပြေပါတယ်။ မှိုမတက်ဘူးပေါ့။
၅။ မေး (Ko Chit Myat Maung) - မိုးစပါးအတွက် လယ် ၁ ဧကကိုယ် မြေဩဇာ ဘယ်နှစ်ခါကျွေးသင့်လဲ မြေဩဇာ ဘယ်နှစ်အိတ်ကျွေးသင့်လဲ။
(ဒို့ဦးလေး) - ပုလဲ၂ အိတ် တီစူပါ၁ အိတ် ပိုတက် ၁ အိတ်ကို ပုံမှန်မြေသားအတွက်ကျွေးသင့်ပါတယ်။ ကုန်ကျစရိတ်တွေတော့..မပြောတတ်ဘူးပေါ့ဗျာ။ အဲဒီနှုန်းထားကို ၃ ပုံပုံပြီး ၁ ပုံကို မြေခံထည့်ပါ။ နောက် ၁ ပုံကို အပင်ပွားချိန်နဲ့ နောက်ဆုံးချိန် ဖုံးလုံးချိန် ကျွေးပါ။
တခြားမိတ်ဆွေတောင်သူတွေလည်း ဒီလိုမျိုးအကြံဉာဏ်တွေရယူချင်တယ်ဆို အမေးအဖြေကဏ္ဍမှာ ပို့စ်တင်မေးလို့ရနေပါပြီနော်။ ရှေ့တစ်ပတ်က တိုက်သွားတဲ့ မိုခါမုန်တိုင်းကြောင့် ဘာတွေများပျက်စီးသွားကြသေးလဲရှင့်။ ပြုပြင်လို့ရမဲ့နည်းတွေကို ဆရာတို့က ဖြေပေးနေပါပြီ။ အားမနာတမ်း ပို့စ်တင်မေးနိုင်ပါကြောင်း သတင်းကောင်းပေးရင်း ဒီတစ်ပတ်တော့ ဒီလောက်နဲ့ပဲ အဆုံးသတ်လိုက်ပါဦးမယ်။
ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ကရင်မစပါးပါ ပုံပါအတိုင်း ဝါနေလို ဘာဖြစ်တာလည်း
ဦးလင်း • ဖြေကြားချက် 4 ခု
ဆရာ မန်ကိုဇက်နဲ့ အမိုင်နိုအက်စစ် အဲ့ဆေးနှစ်မျိုးတွဲ ဖျန်းလို့ရလားဆရာ
U Yan • ဖြေကြားချက် 2 ခု
ခရမ်းချဉ် အပင်ပုတ်နေလို့ပါဘာဖြစ်လို့လည်းခမျရှင်းပြပေးပါ
Ba Gyan • ဖြေကြားချက် 2 ခု
စပါးလဲနေတာဘာလုပ်ရမလဲ အထွက်စုံနေပီ
aye Myat mon • ဖြေကြားချက် 1 ခု
ယနေ့ နှမ်းစျေးဘယ်လောက် ပေါက်လဲဗျ ကျေးဇုူးပြုပြီး ဖြေကြားပေးစေလိုပါတယ်
si thu • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Green Way
အားလုံး
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026