ကောက်နေတဲ့ ရုံးပတီသီးအကြောင်းနဲ့ တစ်ပတ်အတွင်းစိတ်ဝင်စားစရာ အမေးအဖြေများ
မင်္ဂလာပါရှင့်
စိတ်ဝင်စားစရာ အမေးအဖြေတွေကို လေ့လာရမဲ့ စနေနေ့လေး ပြန်လည် ရောက်ရှိလို့လာပါပြီ။
ဒီတစ်ပတ်အတွင်းမှာ တောင်သူတွေရဲ့ စိုက်ခင်းမှာ ဘာပြဿနာတွေကြုံတွေ့နေရလဲဆိုတော့
၁။ မေး (Kyaw San Lin) - ရုံးပတီသီးအသီးကောက်နေလို့ဗျ အသီးကောက်တော့ကုန်သည်မယူဘူး။ ဘာဆေးလေးများပတ်ဖျန်းရင်ကောင်းမလဲ အကြံပြုကူညီကျပါဦးဗျ။
ဖြေ ( ဒို့ဦးလေး) - ရေနဲ့ အာဟာရ မလုံလောက်ရင် အဖျားကောက်တတ်ပါတယ်။ နောက်ပြီး စုပ်စားပိုး ၊ သီးထိုးပိုးကျရင်လည်း ကောက်တတ်ပါတယ်။ အဆီတာမီပရစ်အုပ်စု ဖျန်းပေးပါ။ ဆေးရွက်ကြီး၊ တမာ၊ ဆပ်ပြာ ပိုးသတ်ဆေးကျိုပြီး တစ်လှည့်ဖျန်းပေးပါ။ အီးအမ်နဲ့ ငါးအမိုင်နိုကိုလည်း အားဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။ နှုန်းထားနည်းနည်းဖြင့် အကြိမ်ရေများများဖျန်းပါ။
ဒုတိယမေးခွန်းကတော့ စပါးပင်မှာ ရေနည်းနည်းနဲ့ များများထားတာက ဘယ်ဟာက ပိုကောင်းလဲဆိုတာပါ။ တခြားတောင်သူတွေပါ သိသွားဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်နော်။
၂။ မေး (အာကာစိုး) - ရေစပ်စပ်နဲ့ ရေများများထည့်ထားတာက ဘယ်ဟာကအပင်ကိုပိုပွားစေလဲ။
ဖြေ (Ko Aung Moe San) - ရေစပ်စပ်။
(ဦးသက်လွင်) - ပင်ပွားလိုအပ်ချိန် ရေစပ်စပ်ထားရန် လိုအပ်ပြီး မလိုအပ်ချိန်တွင် ရေများများထားပြီး ပင်ပွားမထွက်နိုင်အောင် ရေမြုပ်သတ်ရပါတယ်။
နောက်မေးခွန်းလေးကတော့ ပူနေတဲ့ အပူချိန်ကြောင့် ငရုတ်ပျိုးပင်မှာ ကြုံတွေ့နေရတဲ့ အခက်အခဲလေးတစ်ခုမို့ ဖော်ပြပေးလိုက်ပါတယ်နော်။
၃။ မေး (Myint Khaing) - ငရုတ်ပျိုးပင်အရပ် ၈ လက်မလောက်ရှည်ပြီး နေ့ဘက်နွမ်းနေတယ် ခုချိန်ချစိုက်လို့အဆင်ပြေမလား ဘယ်လိုပြင်ဆင်ရင်အဆင်ပြေမလဲဆရာ။
ဖြေ (ဒို့ဦးလေး) - နေပူချိန်ပြင်းထန်လို့ပါ။ အပူချိန်မြင့်ရင် ယာယီအရိပ်မိုးလေးလုပ်ပေးသင့်ပါတယ်။ မိုးလေးတစ်မိုးရွာပြီးမှ ချစိုက်ရင်ကောင်းမယ်။
(ဦးသက်လွင်) - ပျိုးပင်အား ရေဝအောင်ပေးပါ အပင်နိမ့်သော ပျိုးပင်ပုများကို အဓိက ရွေးချယ်စိုက်ပျိုးပါ။
ဒီမေးခွန်းလေးကတော့ ကျွန်မအားလုံးမျှော်နေတဲ့ မိုး....။ ရွာလာရင် စိုက်ဖို့ ဘာတွေပြင်ဆင်ရမလဲသိချင်သူတွေအတွက် ဖော်ပြပေးလိုက်ပါတယ်ရှင့်။
၄။ မေး (U Lay Doi) - မိုးကာလမှာနံနံပင်စိုက်ချင်တယ်။ ဘာတွေပြင်ဆင်ထားရမလဲ ဆရာ
ဖြေ (ဒို့ဦးလေး) - ပြင်ဆင်ရမှာကတော့.. ပေါင်းမျိုးစေ့များ မပေါက်နိုင်အောင် ပေါင်းအုပ်ဆေးသုံးပါ။ သို့မဟုတ် ပေါင်းတွေပေါက်ခိုင်းပြီး ထယ်ထိုးထွန်မွှေပါ။ ထယ်ရေးညက်ပြီး ရေမဝပ်အောင် ဘောင်ယောင်တင်ပေးပါ။ နံနံစေ့အနည်းငယ်ကို အဝတ်စဖြင့်ထုတ်ပြီး အပင်ပေါက်စမ်းသပ်ထားပါ။
ဒီတစ်ပတ်တော့ ဒီလောက်နဲ့ပဲ အဆုံးသတ်ပါဦးမယ်။
အခက်အခဲတွေအကြံဉာဏ်တွေလိုအပ်လာပြီဆိုရင် အစိမ်းရောင်လမ်းရဲ့ အမေးအဖြေကဏ္ဍမှာ အကူအညီပေးမဲ့ ဆရာတွေမျှော်နေကြောင်းကိုလည်း သတင်းကောင်းပေးပါရစေ။

အပူချိန်တွေမြင့်မားနေတဲ့ ကာလမို့ ဦးကြီးတို့အားလုံးကျန်းမာရေးကို ဂရုစိုက်ကြပါနော်။
ပြင်းထန်သည့်အပူဒဏ်အန္တရာယ်ကို ကာကွယ်ရန်အတွက် -
- ၁။ ရေများများသောက်ပါ။ ဆိုဒါ/သကြားပါသောအချိုရည်များကို မသောက်ပါနှင့်။ ၎င်းတို့သည် မိမိတို့ခန္ဓာကိုယ်တွင်ရှိသောရေဓာတ်ကို ပိုမိုဆုံးရှုံးစေပါသည်။
- ၂။ ပြင်းထန်သောနေရောင်ခြည်နှင့် နေရောင်ခြည်တိုက်ရိုက်ထိတွေ့မှုကို ရှောင်ရှားရန်အတွက် အလုပ်အချိန်ဇယားစီစဥ်ပါ။ အပူရှိန်ပြင်းသည့် နံနက် (၁၁း၀၀) နာရီ မှ မွန်းလွဲ (၃း၀၀)နာရီအချိန်တွင် ခန္ဓာကိုယ်နှင့်အားစိုက်ပြီးလုပ်ရသည့်အလုပ်များ၊ ကိုယ်လက်လှုပ်ရှားမှုများကို ရှောင်ရှားရန်လိုအပ်ပါသည်။
- အကယ်၍ ၎င်းအချိန်တွင် လယ်၊ ခြံယာထဲ၌ အလုပ်လုပ်ရန်လိုအပ်ပါက အေးမြသည့်အရိပ်အောက်တွင် မကြာခဏအနားယူပါ။ အေးမြသည့်အချိန် နံနက်စောစော၊ ညနေခင်းအချိန်တို့တွင် အလုပ်လုပ်ပါ။
- ၃။ အရေပြားကို ဖုံးလွှမ်းနိုင်သောအရောင်ဖျော့ဖျော့အဝတ်အစားများကို ဝတ်ပါ။ ဦးရေပြား၊ နားရွက်၊ လည်ပင်းတို့ကို ကာကွယ်ရန်အနည်းဆုံး(၃)လက်မအစွန်းရှိသော ဦးထုပ်ကို ဝတ်ဆင်ပါ။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
wai wai
လွန်ခဲ့သော ၂ နှစ် ကကြံကိုထုံးစိမ်ပြီးစိုက်ပျိုးခြင်းအကြောင်း သိချင်ပါတယ်ဗျ
ဆက်စပ်မေးခွန်းများ
ကရင်မစပါးပါ ပုံပါအတိုင်း ဝါနေလို ဘာဖြစ်တာလည်း
ဦးလင်း • ဖြေကြားချက် 3 ခု
ဆရာ မန်ကိုဇက်နဲ့ အမိုင်နိုအက်စစ် အဲ့ဆေးနှစ်မျိုးတွဲ ဖျန်းလို့ရလားဆရာ
U Yan • ဖြေကြားချက် 1 ခု
ခရမ်းချဉ် အပင်ပုတ်နေလို့ပါဘာဖြစ်လို့လည်းခမျရှင်းပြပေးပါ
Ba Gyan • ဖြေကြားချက် 2 ခု
စပါးလဲနေတာဘာလုပ်ရမလဲ အထွက်စုံနေပီ
aye Myat mon • ဖြေကြားချက် 1 ခု
ယနေ့ နှမ်းစျေးဘယ်လောက် ပေါက်လဲဗျ ကျေးဇုူးပြုပြီး ဖြေကြားပေးစေလိုပါတယ်
si thu • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Green Way
အားလုံး
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026