ဆေးဖျန်းချိန် မိုးမလွတ်တဲ့ဒုက္ခတွေနဲ့ တစ်ပတ်အတွင်း စိတ်ဝင်စားစရာ အမေးအဖြေများ
စိတ်ဝင်စားစရာ အမေးအဖြေတွေကို လေ့လာရမယ့် စနေနေ့ကို ပြန်လည်လို့ရောက်ရှိလာခဲ့ပါပြီ။
ဒီတစ်ပတ်မှာလည်း ဦးကြီးတို့အတွက် လေ့လာမှတ်သားစရာကောင်းတဲ့ အမေးအဖြေလေးတွေကို စုစည်းပြီးဖော်ပြပေးလိုက်ပါတယ်နော်။
၁။ မေး (အမည်မသိ) - စပါးပေါင်းသတ်ဆေးပက်ပြီးတော့မှ မိုးရွာနေတာ။ အာနိသင်ထိခိုက်နိုင်လားဗျ။
ဖြေ ( ဒို့ဦးလေး) - ပေါင်းသတ်ဆေးဖျန်းပြီး မိုးဖွဲဖွဲရွာရင်ကိုပဲ ပေါင်းမသေပါဘူး။
၂။ မေး (Paing) စပါးခင်းထဲမှာ အစာကျွေးမလို့ ဒါပေမဲ့ရေက သူများစပါးခင်းတွေနဲ့တဆက်တည်း ကိုဖြစ်နေတာ အဲ့ဒါအစာကျွေးလို့ရှိရင် အလေအလွှင့်ရှိနိုင်မလား ကျေးဇူးပြုပြီးပြောပြပေးပါ။
ဖြေ (ဒို့ဦးလေး) - အစာကျွေးချိန် ၂ ပတ်လောက်ကတော့.. ကန်သင်း ပိတ်ထားမှဖြစ်မှာပါ။ နို့မို့ ..အစာတွေ ရေနဲ့အတူ အောက်ကိုပါသွားနိုင်ပါတယ်။
(ဦးမောင်မောင်ထွေး) - စပါးခင်းအစာကျွေးရင် ရေစပ်စပ်ထားပြီး ကျွေးရင် အလေအလွင့် နည်းပါတယ်။ ရေများနေရင်ရေထုတ်ပြီးမှအစာကျွေးပါ။
၃။ မေး (Ye Htet Kyaw) - စပါး ပိုး၊ မှို၊ အားဆေးဖျန်းတဲ့အခါ လယ်ကွက်ထဲက ရေကို ဘယ်နှစ်လက်မလောက်ထားရမလဲ။
ဖြေ (ဒို့ဦးလေး) - အပင်ပေါ်ဖျန်းချိန်မှာ.အောက်ကရေကို သတိထားစရာမလိုပါဘူးဗျ။ ပေါင်းသတ်ဆေးဖျန်းရင်တော့ ရေထုတ်ဖျန်းရပါတယ်၊ ၂ရက်ကြာမှ ရေပြန်သွင်းရပါတယ်။
(ဦးမောင်မောင်ထွေး) - အားဆေးဖျန်းရင် သွားလာရလွယ်ကူအောင်နှင့် အမြစ်ကိုပါထိရောက်နိုင်အောင် ရေစပ်စပ်ထားပြီးဖျန်းရန်အကြံပြုပါတယ်။

၄။ မေး (Soe Min Oo) - ပျားရည်ကို မူလအတိုင်းမပြုပြင်ဘဲ အမြစ်ထွက်ဟော်မုန်းအဖြစ် သုံးလို့ရပါသလားဆရာ။
(ဒို့ဦးလေး) - ရပါတယ်၊ သဘာဝပျားရည်စစ်စစ်မှာ အမြစ်ထွက်စေတဲ့ ဓာတ်နဲ့ မှို၊ဘက်တီးရီးယားတွေကိုကာကွယ်စေတဲ့ဓာတ်ပါတယ်လို့ ဆိုပါတယ်။ ရေ.မတ်ခွက် ၂ ခွက်စာကို ပျားရည် ၂ ဇွန်းနဲ့ မွှေပြီး အမြစ်ဖောက်မည့် အကိုင်းကိုစိမ် ပြီး ပြုလုပ်နိုင်ပါတယ်..(အစိမ်းရောင်လမ်း..မှ)
၅။ မေး (Aung Thu Hein) ဆရာခဗျ မိုးတွက်ချိန်ခါမှ စပါးဆေးဖြန်းရတာမိုးလွတ်ဖို့အလွန်ခက်ပါတယ်။ တချို့ပြောတာတော့ ကော်ရည်ထည့်ရင် အဆင်ပြေတယ်ပြောလို့ပါ။ ကော်ရည်ထည့်ဖြန်းရင်ကောအချိန်ဘယ်လောက်ကြာကြာမိုးလွတ်ရမလဲသိချင်ပါတယ်။ကျေးဇူးပါ။
(ဒို့ဦးလေး) - ရိုးရိုးကော်ရည်ထက် စိမ့်ဝင်/စွဲကပ်ကော်ရည်ဆိုရင်တော့ ဆေးဖျန်းပြီး.၁-၂နာရီ ကြာမှ မိုးရွာရင် ရတယ်လို့ဆိုပါတယ်။ (ပုံမှန်ကတော့ ၄-၆ နာရီ ကြာပါတယ်)
မေးခွန်းတွေအကုန်လုံးကလည်း အခုချိန်တောင်သူတိုင်းကြုံတွေ့နေရတဲ့ ပြဿနာတွေကြီးကို စုစည်းထားတာမို့ ဗဟုသုတရမယ်လို့ မျှော်လင့်ပါတယ်ရှင့်။
တခြားမိတ်ဆွေတောင်သူတွေလည်း ဒီလိုမျိုးအကြံဉာဏ်တွေရယူချင်တယ်ဆို အမေးအဖြေကဏ္ဍမှာ ပို့စ်တင်မေးလို့ရနေပါပြီနော်။ ဘယ်လိုတွေမေးရမှန်းမသိရင် ပုံလေးသာတင်ပြီး မေးလိုက်။ ဆရာတို့က သေချာကြည့်ပြီး ဖြေပေးနေပါပြီရှင့်။ အမေးအဖြေကဏ္ဍမှာ အားမနာတမ်း ပို့စ်တင်မေးနိုင်ပါကြောင်း သတင်းကောင်းပေးရင်း ဒီတစ်ပတ်တော့ ဒီလောက်နဲ့ပဲ အဆုံးသတ်လိုက်ပါဦးမယ်။
ဆက်စပ်မေးခွန်းများ
ကရင်မစပါးပါ ပုံပါအတိုင်း ဝါနေလို ဘာဖြစ်တာလည်း
ဦးလင်း • ဖြေကြားချက် 3 ခု
ဆရာ မန်ကိုဇက်နဲ့ အမိုင်နိုအက်စစ် အဲ့ဆေးနှစ်မျိုးတွဲ ဖျန်းလို့ရလားဆရာ
U Yan • ဖြေကြားချက် 1 ခု
ခရမ်းချဉ် အပင်ပုတ်နေလို့ပါဘာဖြစ်လို့လည်းခမျရှင်းပြပေးပါ
Ba Gyan • ဖြေကြားချက် 2 ခု
စပါးလဲနေတာဘာလုပ်ရမလဲ အထွက်စုံနေပီ
aye Myat mon • ဖြေကြားချက် 1 ခု
ယနေ့ နှမ်းစျေးဘယ်လောက် ပေါက်လဲဗျ ကျေးဇုူးပြုပြီး ဖြေကြားပေးစေလိုပါတယ်
si thu • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Green Way
အားလုံး
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026