မိုးများပြီး နေပြန်ပူလို့ အပင်နွမ်းတဲ့ပြဿနာနှင့် တစ်ပတ်အတွင်းစိတ်ဝင်စားစရာ အမေးအဖြေများ
စိတ်ဝင်စားစရာ အမေးအဖြေတွေကို လေ့လာရမယ့် စနေနေ့ကို ပြန်လည်လို့ရောက်ရှိလာခဲ့ပါပြီ။
ဒီတစ်ပတ်မှာလည်း ဦးကြီးတို့အတွက် လေ့လာမှတ်သားစရာကောင်းတဲ့ အမေးအဖြေလေးတွေကို စုစည်းပြီးဖော်ပြပေးလိုက်ပါတယ်နော်။
၁။ မေး (အမည်မသိ) - စပါးပေါင်းသတ်ဆေး ပတ်ထားတဲ့ ပုံးကိုဆပ်ပြာနဲ့ တစ်ထပ်ဆေးပြီး ရေသန့်နဲ့ နှစ်ထပ်ပြန်ဆေးရင်ပြောင်နိုင်လားဗျ ငရုတ် ဆေးပတ်မလို့ပါ။
ဖြေ ( ဒို့ဦးလေး) - ပေါင်းသတ်ဆေး ဖျန်းထားတဲ့ပုံးကို ဆပ်ပြာနဲ့ဆေးလို့မပြောင်ပါဘူး။ သီးနှံပင်အပေါ်မူတည်ပြီး အပင်ထိခိုက်နိုင်ပါတယ်၊။(ဗူး၊ဖရုံ၊သခွား...မျိုူရင်းဝင်တွေ ဆို ,ခံနိုင်ရည်နည်းတယ်) ဆရာဖုန်းမဏ်တိုးပြောသလို..၂ ပုံး ထားသင့်ပါတယ်။ မထားနိုင်ရင်တော့..နွံရည်(မြေကြီးနဲ့ရေနဲ့ရောပြီးအရည်)နဲ့ လှုပ်ဆေးပေးပါ။
(ဖုန်းမဏ်တိုး) - ဖြစ်နိုင်ရင်တော့ သပ်သပ်စီသုံးပေးပါနော် တစ်ချို့ပေါင်းသတ်ဆေးတွေကဆပ်ပြာလောက်နဲ့ကိုမပြောင်တတ်လို့ပါ။
(Ko Phyoe) - ရေနွေးနဲ့ ဆေးပြီးသုံးနိုင်ပါတယ်။
၂။ မေး (Myint Khaing) - မိုးများထားပြီး နေပြန်ပူတာအပင်တေပုံထဲကလိုနွမ်းကုန်တယ် ဘယ်လိုကုသလို့ရနိုင်မလဲဘာဆေးဖြန်းသင့်လဲဆရာ။

ဖြေ (Kyaw Moe) - မိုးများပြီး ရေကုန်အောင်မထုတ်မိလို့ပါ ညနေခင်းပိုင်းလေး ပုလဲလေးကျွေးကြည့်ပါဦး။ အရွက်ကတော့ခါသွားမှာပဲ။
(ဒို့ဦးလေး) -ရေထုတ်ပါ ဂျစ်ဆန်ပက်ပေးပါ။
(Ko Phyoe) - ငရုပ်အကြောက်ဆုံးက ရေဝပ်တာပဲ သူ့ကို နလန်ထချင်ရင် ရေတွေဖောက်ထုတ်ပစ်ပါ။ ရေရှိနေသေးရင် ဆေးမကြွေးသင့်ပါဘူး။ ရွက်ဖြန်းအားဆေးအသင့်တော်ဆုံးပါ။ ဒီနည်းကိုလဲ အသုံးပြပေးနိုင်ပါတယ်။ ငါးပိ ထမင်းစားဇွန်း ၂ဇွန်း အချိုမှုန့် ၃ဇွန်း Speed အချိုရည် ၁ဗူးရယ်ကုိ သမအောင်မွေပြီး ဆေးဖြန်းပုံးထဲကုိထည့်ပြီးအသုံးပြုနိုင်ပါတယ်။ ဆေးဖြန်းလို့အကောင်းဆုံးအချိန်ကတော့ မနက် ၉နာရီနဲ့ ၁၁နာရီကြားက အားဆေးဖြန်းလို့ အကောင်းဆုံးအချိန်ပဲ။
၃။ မေး (Ko Paing) - ပြောင်း သီနှံစိုက်ပျိုးရင် မြေဆီလွှာကိုပြန်လည်ကောင်းမွန်စေပါသလား
ဖြေ (ဒို့ဦးလေး) - ရှေ့သီးနှံမှာ ဖျုဆေရိယန်/မြစ်ခြောက်ဆွေးရောဂါ တို့ ကျရောက်နေရင်၊ ၄င်းသီးနှံကို နားပြီး၊ပြောင်းသီးနှံ ၂နှစ်၃နှစ်စိုက်ရပါတယ်။ မြေဆောင်ရောဂါတွေကို ရှောင်နည်းတမျိုးပါ။
၄။ မေး (Kyaw Myint Soe) - ကွမ်းစိုက်ပြီးရောဂါမဝင်ရအောင်ကြိုတင်ကာကွယ်ဆေးအဖြစ်ဘာဆေးဖြန်းထားသင့်လဲဆရာတို့
(ဒို့ဦးလေး) - ကော့ပါး မှိုကာကွယ်ဆေး ကွမ်းတပတ်ခူးပြီးတိုင်းဖျန်းပေးပါ။ မိုးများရင် အပင်ခြေ ဂျစ်ဆန်ပက်ပါ။ ကာဆူကာမိုင်စင် ဖျန်းပါ။
၅။ မေး (Aung Thu Hein) - ပီပီအမ်(PPM)ကို သိချင်လို့ပါ။

(သိန်းစိုးမင်း) - အပုံ တစ်သန်းပုံ (parts per million) လို့ အဓိပ္ပါယ်ရပါတယ်။ ဒီမှာဆိုရင် မြေကြီးအမှုန်လေးပေါင်း ၁ သန်းမှာမှ ဘိုရွင်မှုန်လေး တစ်ဝက်ကနေ တစ်ခုပဲ ပါတယ်လို့ နားလည်လို့ရပါတယ်။
(ဖုန်းမာဏ်တိုး) - ၀.၅ ပီပီအမ် သည် ၀.၀၀၀၀၅ % ဖြစ်ပါသည်။ ပီပီအမ် မှ ရာခိုင်နှုန်းအလွယ်ပြောင်းနည်းမှာ ၁ ပီပီအမ် သည် ၀.၀၀၀၁ % ဖြစ်ပါသည်။
(အေးအေးမြင့်) – ppm = parts per million
မေးခွန်းတွေအကုန်လုံးကလည်း အခုချိန်တောင်သူတိုင်းကြုံတွေ့နေရတဲ့ ပြဿနာတွေကြီးကို စုစည်းထားတာမို့ ဗဟုသုတရမယ်လို့ မျှော်လင့်ပါတယ်ရှင့်။
တခြားမိတ်ဆွေတောင်သူတွေလည်း ဒီလိုမျိုးအကြံဉာဏ်တွေရယူချင်တယ်ဆို အမေးအဖြေကဏ္ဍမှာ ပို့စ်တင်မေးလို့ရနေပါပြီနော်။ ဘယ်လိုတွေမေးရမှန်းမသိရင် ပုံလေးသာတင်ပြီး မေးလိုက်။ ဆရာတို့က သေချာကြည့်ပြီး ဖြေပေးနေပါပြီရှင့်။ အမေးအဖြေကဏ္ဍမှာ အားမနာတမ်း ပို့စ်တင်မေးနိုင်ပါကြောင်း သတင်းကောင်းပေးရင်း ဒီတစ်ပတ်တော့ ဒီလောက်နဲ့ပဲ အဆုံးသတ်လိုက်ပါဦးမယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ကရင်မစပါးပါ ပုံပါအတိုင်း ဝါနေလို ဘာဖြစ်တာလည်း
ဦးလင်း • ဖြေကြားချက် 4 ခု
ဆရာ မန်ကိုဇက်နဲ့ အမိုင်နိုအက်စစ် အဲ့ဆေးနှစ်မျိုးတွဲ ဖျန်းလို့ရလားဆရာ
U Yan • ဖြေကြားချက် 2 ခု
ခရမ်းချဉ် အပင်ပုတ်နေလို့ပါဘာဖြစ်လို့လည်းခမျရှင်းပြပေးပါ
Ba Gyan • ဖြေကြားချက် 2 ခု
စပါးလဲနေတာဘာလုပ်ရမလဲ အထွက်စုံနေပီ
aye Myat mon • ဖြေကြားချက် 1 ခု
ယနေ့ နှမ်းစျေးဘယ်လောက် ပေါက်လဲဗျ ကျေးဇုူးပြုပြီး ဖြေကြားပေးစေလိုပါတယ်
si thu • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Green Way
အားလုံး
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026