ဘယ်ချိန်မှာ ဖုန်း အသစ်ဝယ်သင့်လဲ
“ခေတ်မီတောင်သူဖြစ်ဖို့ ဒစ်ဂျစ်တယ်နည်းပညာ လေ့လာစို့” အစီစဥ်လေးပြန်လည် ရောက်ရှိလာပြန်ပါပြီ ခင်ဗျ။ ယခင်တစ်ပတ်ကတော့ ဖုန်းအသုံးပြုရင် သတိပြုရမယ့် အချက်တွေကို အကြောင်းကို မျှဝေပေးခဲ့တာ ဖြစ်ပါတယ် ခင်ဗျ။ ယခုတစ်ပတ်မှာတော့ ဘယ်လိုအချိန်ရောက်ရင် ဖုန်းအသစ် လဲသင့်တယ် ဆိုတဲ့ အကြောင်း မျှဝေပေးသွားမှာ ဖြစ်ပါတယ် ခင်ဗျ။

တောင်သူ ဦးလေး ဒေါ်လေးတို့ လက်ရှိသုံးနေတဲ့ ဖုန်း အဟောင်း ဘယ်လိုဖြစ်လာရင် ဖုန်းအသစ် လဲသင့်လဲဆိုတာ ပြန်လည်မျှဝေပေးလိုက်ပါတယ် ခင်ဗျ။
၁။ အလွန်နှေးကွေးနေရင်
မိမိရဲ့ ဖုန်းကို ပါဝါပိတ်လိုက်ချိန်၊ Restart ချပြီးတဲ့ နောက်မှာ ပြန်ပွင့်တဲ့ အချိန်ဟာ အလွန် နှေးကွေးနေတာမျိုးတွေ၊ ဖုန်းလာတဲ့အချိန် ဖုန်းပြန်ဖြေဆိုဖို့ ကြာနေတာမျိုးတွေ၊ ဆော့ဝဲလ်တွေ သုံးတဲ့အခါ အလွန်နှေးနေတာမျိုးတွေ ကြုံလာခဲ့ရင်တော့ ဖုန်းအသစ်လဲသင့်ပြီ ဖြစ်ပါတယ်။
၂။ ဖုန်း ဗားရှင်း ဒိတ်အောက်နေရင်
ဗားရှင်းအဟောင်း ထည့်သွင်းထားတဲ့ ဖုန်းများဟာ လုံခြုံရေးဆိုင်ရာ အားနည်းပါတယ်။ ထည့်ထားတဲ့ ဆော့ဝဲလ် များဟာလည်း မလုံခြုံတာကြောင့် ဖုန်းအသစ်လဲပေးသင့်ပါတယ်။
၃။ ဖုန်း ဘက်ထရီ သက်တမ်း နည်းလာရင်
လျှပ်စစ်နည်းပညာသုံး ကိရိယာများရဲ့ ဘက်ထရီ သက်တမ်းဟာ သုံးတာ ကြာလာတာနဲ့အမျှ သက်တမ်း ကျဆင်းလာကြပါတယ်။ ဖုန်းအသုံးပြုတာ များလေလေ၊ ဘက်ထရီ စွမ်းရည် ကျဆင်းလာလေ ဖြစ်တာကြောင့် ဘက်ထရီရဲ့ ကြာရှည်ခံနိုင်မှု နည်းလာပြီဆိုရင်တော့ ဖုန်းအသစ်လဲသင့်ပါတယ်။
၄။ ဖုန်းရဲ့ သိုလှောင်မှုစွမ်းရည် နည်းလာရင်
ဖုန်းမှာ သိုလှောင်မှုစွမ်းရည် နည်းလာတဲ့အခါ ဖုန်း အသစ်လဲဖို့ မလိုအပ်ပါဘူး။ ဖိုင်များကို micro SD Card (မိုက်ခရို) သို့ ပြောင်းလဲ သိမ်းဆည်းထားနိုင်ပါတယ်။ ဒီလို ပြုလုပ်ပြီးရင်တောင်မှ သင့်ဖုန်းဟာ သိုလှောင်မှု နည်းပါးနေသေးရင်တော့ ဖုန်း အသစ်ဝယ်ယူသင့်ပါပြီ။
၅။ ဖုန်းရဲ့ ဓါတ်ပုံများ အရည်အသွေး ညံ့ဖျင်းလာရင်
ယနေ့ခေတ်မှာ ဓာတ်ပုံကောင်းကောင်း ရိုက်လို့ရတဲ့ ဖုန်းတွေက လူကြိုက်များနေတာ ဖြစ်ပါတယ်။
တန်ဖိုးနည်း စမတ်ဖုန်းများမှာတောင် အရည်အသွေး မြင့်မားတဲ့ ကင်မရာများကို ထည့်သွင်းပေးလာကြတာ ဖြစ်ပါတယ်။ ဖုန်းရဲ့ ကင်မရာဟာ အစင်းရာတွေ၊ ကွဲအက်ရာတွေ ဖြစ်နေတယ်၊ ဓာတ်ပုံရိုက်ဖို့လည်း အဆင်မပြေတော့ဘူး ဆိုရင်တော့ ဖုန်း အသစ်လဲသင့်ပြီပဲ ဖြစ်ပါတယ်။
ယခင်တစ်ပတ်ကဖော်ပြခဲ့တဲ့ ဖုန်းအသုံးပြုရင် သတိပြုရမယ့် အချက်တွေ ဖော်ပြထားတဲ့ ဆောင်းပါလေးကို ပြန်လည်ဖတ်ရှုချင်ရင်တော့ ဖော်ပြပါ လင့်ကနေတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် ခင်ဗျ။
မိုဘိုင်းဖုန်းအသုံးပြုရာတွင် သတိပြုရမယ့် အခြေခံ အချက်များ
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်
Aung Gyi
လွန်ခဲ့သော ၆ နှစ် ကကျေးဇူးတင်ပါတယ်
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ကရင်မစပါးပါ ပုံပါအတိုင်း ဝါနေလို ဘာဖြစ်တာလည်း
ဦးလင်း • ဖြေကြားချက် 4 ခု
ဆရာ မန်ကိုဇက်နဲ့ အမိုင်နိုအက်စစ် အဲ့ဆေးနှစ်မျိုးတွဲ ဖျန်းလို့ရလားဆရာ
U Yan • ဖြေကြားချက် 2 ခု
ခရမ်းချဉ် အပင်ပုတ်နေလို့ပါဘာဖြစ်လို့လည်းခမျရှင်းပြပေးပါ
Ba Gyan • ဖြေကြားချက် 2 ခု
စပါးလဲနေတာဘာလုပ်ရမလဲ အထွက်စုံနေပီ
aye Myat mon • ဖြေကြားချက် 1 ခု
ယနေ့ နှမ်းစျေးဘယ်လောက် ပေါက်လဲဗျ ကျေးဇုူးပြုပြီး ဖြေကြားပေးစေလိုပါတယ်
si thu • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Green Way
အားလုံး
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....