ဖုန်းသုံးရတာ နှေးလာတဲ့ အခါ ဘယ်လိုလုပ်မလဲ
“ခေတ်မီတောင်သူဖြစ်ဖို့ ဒစ်ဂျစ်တယ်နည်းပညာ လေ့လာစို့” အစီစဥ်လေးကနေ ကြိုဆို လိုက်ပါတယ် ခင်ဗျ။ ယခင်တစ်ပတ်ကတော့ ဝက်ဘ်ဆိုက် (Website) အကြောင်း မျှဝေပေးခဲ့တာ ဖြစ်ပါတယ်ခင်ဗျ။ ယခုတစ်ပတ်မှာတော့ တောင်သူ ဦးလေး ဒေါ်လေးတို့ ဖုန်းသုံးရတာ နှေးလာတဲ့ အခါ ဘယ်လိုလုပ်ရမလဲ ဆိုတဲ့ အချက်လေး ၃ ချက်ကို ပြန်လည်မျှဝေပေးသွားမှာ ဖြစ်ပါတယ် ခင်ဗျ။
၁။ ဖုန်းထဲမှ မလိုအပ်တာတွေ ဖျက်ပစ်ပါ
ဖုန်းရဲ့သိုလှောင်တဲ့ နေရာမှာ ဖိုင်တွေ၊ ဆော့ဝဲလ်တွေ၊ ဒေတာတွေက အဓိက နေရာယူထားတာပါ။ ဒါကြောင့် မလိုအပ်တဲ့ ဆော့ဝဲလ်တွေ၊ ဖိုင်တွေကို ဖျက်ပစ်ဖို့ လိုအပ်ပါတယ်။ ဖုန်းထဲက မလိုတဲ့ ဗီဒီယိုတွေ၊ သီချင်းတွေ၊ ဓာတ်ပုံတွေကိုလည်း ရှင်းလင်းဖို့ လိုအပ်ပါတယ်။ တစ်ခါတစ်ရံ ဖေ့စ်ဘုတ် မက်ဆင်ဂျာ (Facebook Messenger) လို ဖိုင်တွေထဲမှာလည်း ပုံတွေရှိနေတတ်ပါတယ်။ မလိုအပ်တဲ့ ဖိုင်တွေ ဖုန်းထဲမှာ များနေမယ်ဆိုရင် ဖုန်းသုံးတဲ့အခါ နှေးလာမှာမို့ ဖျက်ပစ်ဖို့ လိုအပ်ပါတယ်။
၂။ လှုပ်ရှားနေတဲ့ ပုံတွေ သုံးတာလျော့ချပါ
ဖုန်းရဲ့ မျက်နှာပြင်မှာ အချိန်နဲ့ အမျှ လှုပ်ရှားနေတဲ့ ပုံတွေ၊ လှုပ်ရှားနေတဲ့ မျက်နှာပြင်တွေ သုံးနေတယ် ဆိုရင် လျော့ချသင့်ပါတယ်။ ဒီလိုပုံတွေ အသုံးပြုခြင်းဟာ ဖုန်းရဲ့ဘက်ထရီအားကုန်တာမြန်စေသလို ကြာလာတာနဲ့ အမျှ ဖုန်းရဲ့လုပ်ဆောင်ချက်တွေကိုပါ နှေးကွေးစေနိုင်ပါတယ်။
၃။ အခါအားလျော်စွာ ပြန်လည်စတင်ခြင်း (Restart) ပြုလုပ်ပါ
Restart ဆိုတာ ပြုလုပ်ပေးခြင်းဖြင့် ဖုန်းအသုံးပြုရ ပိုမိုချောမွေ့စေပြီး ဖုန်းအတွင်းမှာ ရှိနေတဲ့ ပျက်စီးနေတဲ့ ဖိုင်တွေ၊ ဆော့ဝဲလ်တွေကို ရှင်းထုတ်နိုင်ပါတယ်။ တစ်ပတ်တစ်ကြိမ်လောက် Restart လုပ်ပေးမယ်ဆိုရင် ဖုန်းရဲ့ လုပ်ဆောင်ချက်တွေကို မြန်စေမှာ ဖြစ်ပါတယ်။ တောင်သူများ အားလုံး ဖုန်းအသုံးပြုရာမှာ အဆင်ပြေကြပါစေ ခင်ဗျ။
ယခင်တစ်ပတ်က ဝက်ဘ်ဆိုက် (Website) အကြောင်းဖော်ပြထားတဲ့ ဆောင်းပါလေးကို ပြန်လည်ဖတ်ရှုချင်ရင်တော့ ဖော်ပြပါ လင့်ကနေတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် ခင်ဗျ။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ကရင်မစပါးပါ ပုံပါအတိုင်း ဝါနေလို ဘာဖြစ်တာလည်း
ဦးလင်း • ဖြေကြားချက် 3 ခု
ဆရာ မန်ကိုဇက်နဲ့ အမိုင်နိုအက်စစ် အဲ့ဆေးနှစ်မျိုးတွဲ ဖျန်းလို့ရလားဆရာ
U Yan • ဖြေကြားချက် 1 ခု
ခရမ်းချဉ် အပင်ပုတ်နေလို့ပါဘာဖြစ်လို့လည်းခမျရှင်းပြပေးပါ
Ba Gyan • ဖြေကြားချက် 2 ခု
စပါးလဲနေတာဘာလုပ်ရမလဲ အထွက်စုံနေပီ
aye Myat mon • ဖြေကြားချက် 1 ခု
ယနေ့ နှမ်းစျေးဘယ်လောက် ပေါက်လဲဗျ ကျေးဇုူးပြုပြီး ဖြေကြားပေးစေလိုပါတယ်
si thu • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Green Way
အားလုံး
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....