မှတ်ပုံတင်ခြင်း (Registration) လမ်းညွှန်
အစိမ်းရောင်လမ်း စိုက်/ မွေး ဖုန်းဆော့ဝဲလ်
မှတ်ပုံတင်ခြင်း (Registration) လမ်းညွှန်
အစိမ်းရောင်လမ်း ဖုန်းဆော့ဝဲလ် အသုံးပြုတဲ့အခါ မိမိရဲ့ ကိုယ်ရေးအချက်အလက်တွေ ထည့်သွင်းပြီး မှတ်ပုံတင်ခြင်း ဘယ်လိုလုပ်ရလဲဆိုတာ မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
အဆင့်(၁) ပထမဦးစွာ Green Way ဖုန်းဆော့ဝဲလ်ကို Play Store မှ Download ရယူပါ။ သို့မဟုတ် Green Way ဆော့ဝဲလ်ရှိထားသော ဖုန်းမှ Zapya ဖြင့် ကူးယူပါ။ ထို့နောက် ဖုန်းဆော့ဝဲလ် အသုံးပြုရန်အတွက် အင်တာနက် လိုင်းဖွင့်ထားရန် လိုအပ်ပါတယ်။
ပုံ ( ၁ )
အဆင့်(၂) အစိမ်းရောင်လမ်း ဆော့ဝဲလ်ကို သုံးရန်အတွက် မှတ်ပုံတင်ခြင်း ပြုလုပ်ရန် လိုအပ်ပါတယ်။ အင်တာနက်လိုင်းဖွင့်ပြီးပါက ဆော့ဝဲလ်ထဲဝင်၍ မိမိဖုန်းနံပတ်ကို ၀၉- ခံပြီး ရိုက်ထည့်ပေးပါ။ ပြီးလျှင် “စသုံးမည်” ကို နှိပ်ပါ။
ပုံ ( ၂ )
အဆင့်(၃) ထို့နောက် မိမိ ဖုန်းနံပါတ် မတ်ဆေ့ချ်ထဲသို့ ပေးပို့လာသော တစ်ခါသုံးလျှို့ဝှက်ကုဒ်ကို သတ်မှတ်ထားသည့် နေရာ၌ ဖြည့်ပေးပြီးလျှင် “အတည်ပြု” ဟူသော ခလုတ်ကို နှိပ်ပေးပါ။
ပုံ ( ၃ )
အဆင့်(၄) ဖုန်းဆော့ဝဲလ် အသုံးပြုမည့်သူသည် ပုံတွင် ပြထားသည့်အတိုင်း မိမိ၏ လက်ရှိအလုပ်အကိုင်ကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။ ထို့နောက် အမည်၊ အသက်ကို ဖြည့်ပေးပါ။ ကျား/မ ရွေးချယ်ပေးပါ။ ပုံထည့်လိုပါက ထိပ်ဆုံးမှ အဝိုင်းကွက်ထဲရှိ ကင်မရာပုံလေးကို နှိပ်၍ မိမိဓာတ်ပုံကို ထည့်သွင်းနိုင်ပါတယ်။
ပုံ ( ၄ ) (က) (ခ)
အဆင့်(၅) ထို့နောက် မိမိ၏ နေရပ်လိပ်စာကို ပုံတွင်ပြထားသည့်အတိုင်း ထည့်သွင်းပေးပါ။ တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ်၊ ကျေးရွာ၊ ကျေးရွာအုပ်စု စသည်ဖြင့် ရွေးချယ်ရန် လိုအပ်ပါတယ်။
ပုံ ( ၅ )
အဆင့်(၆) အလုပ်အကိုင်တွင် တောင်သူလယ်သမားအား ရွေးချယ်ခဲ့ပါက ပုံပါအတိုင်း မိမိစိုက်ပျိုးသော သီးနှံများကို ရွေးချယ်ပေးပါ။ ထို့အပြင် မွေးမြူရေးလုပ်ပါက မိမိမွေးမြူသော အကောင်ကို ရွေးချယ်ပေးပါ။
ပုံ (၆)(က) ပုံ (၆)(ခ)
ဆော့ဝဲလ် အသုံးပြုရန် မှတ်ပုံတင်ခြင်း ပြုလုပ်ရာတွင် အသုံးပြုသူ၏ အလုပ်အကိုင်ရွေးချယ်သော နေရာတွင်သာ ကွာခြားမည် ဖြစ်ပြီး ကျန်သော အဆင့်အားလုံးမှာ အတူတူပင် ဖြစ်ပါတယ်။ အထက်ဖော်ပြပါ အဆင့်များကို လုပ်ဆောင်ပြီးပါက အစိမ်းရောင်လမ်းဆော့ဝဲလ်ကို စတင်အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ကရင်မစပါးပါ ပုံပါအတိုင်း ဝါနေလို ဘာဖြစ်တာလည်း
ဦးလင်း • ဖြေကြားချက် 3 ခု
ဆရာ မန်ကိုဇက်နဲ့ အမိုင်နိုအက်စစ် အဲ့ဆေးနှစ်မျိုးတွဲ ဖျန်းလို့ရလားဆရာ
U Yan • ဖြေကြားချက် 1 ခု
ခရမ်းချဉ် အပင်ပုတ်နေလို့ပါဘာဖြစ်လို့လည်းခမျရှင်းပြပေးပါ
Ba Gyan • ဖြေကြားချက် 2 ခု
စပါးလဲနေတာဘာလုပ်ရမလဲ အထွက်စုံနေပီ
aye Myat mon • ဖြေကြားချက် 1 ခု
ယနေ့ နှမ်းစျေးဘယ်လောက် ပေါက်လဲဗျ ကျေးဇုူးပြုပြီး ဖြေကြားပေးစေလိုပါတယ်
si thu • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Green Way
အားလုံး
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026