အိမ်ခြံတွင်းစိုက်ထားပါက ခိုက်တတ်တယ်ဆိုတဲ့ အပင်များ
ကိုယ့်ရဲ့အိမ်ခြံအတွင်းမှာ အလှစိုက်အပင်များ သစ်ပင်ကြီးများစိုက်ခြင်းက လူတို့အတွက် စိတ်ကိုလန်းဆန်းစေကာ အလှတရားများနဲ့ ကြည့်လို့ကောင်းနေမှာပါပဲ။ အခုအချိန်မှာဆိုရင် လူတွေဟာ ကိုယ့်ပတ်ဝန်းကျင်မှာသစ်ပင်စိုက်ခြင်း အိမ်တွင်းအလှစိုက်အပင်လေးများစိုက်ခြင်းကို ပိုပြီးအာရုံရလာကြပါပြီ။
ကိုယ့်ပတ်ဝန်းကျင်ကိုပိုလှစေပြီး ကံကောင်းစေတဲ့အပင်လေးများလည်းရှိသလို အိမ်ခြံတွင်းမစိုက်သင့်တဲ့ အပင်များဆိုပြီးလည်း ရှေးလူကြီးတွေရဲ့ စကားအရ ရှိခဲ့ပါတယ်။
တိုးတက်လာတာနဲ့အညီ လူကြီးတွေက အကြောင်းတစ်စုံတစ်ခုကြောင့်ပြောခဲ့ကြတာ ရှေးအယူအဆတွေပဲလို့ပြောပြော "ရှေးထုံးလည်းမပယ်နဲ့ ဈေးသုံးလည်းမကြွယ်နဲ့" ဆိုတဲ့စကားပုံရှိတာပဲပြောပြော အစိမ်းရောင်လမ်းဦးကြီးတို့ ဗဟုသုတရရှိစေဖို့ အိမ်မှာစိုက်ထားရင် ခိုက်တတ်တယ်ဆိုတဲ့အပင်တွေကို ဝေမျှပေးလိုက်ပါတယ်။
ဂမုန်းမျိုးစိတ်အများကြီးရှိတဲ့ထဲမှာမှ မစိုက်သင့်ဘူးဆိုတဲ့ ဂမုန်းပင်တွေက
ဆင်စွယ်ဂမုန်း

ဂမုန်းတော်တော်များက စိုက်ပျိုးထားရင် စီးပွားတက်စေတယ်လို့ တော်တော်များများကြားဖူးကြမှာပါ။ ဒါပေမဲ့ ဒီဆင်စွယ်ဂမုန်းကတော့ စီးပွားလာဘ်လာဘ တက်စေတာမျိုးမရှိပဲ အမျိုးသားများအပင်ကိုကျော်ခွမိရင်လည်း အူကျစေတယ်လို့ပြောကြပြီး ငါးရဲ့နဲ့ ဆင်စွယ်ရောချက်ရင်လည်း ဒူလာသွေးဝမ်းပျက်စေတတ်တယ်လို့ ပြောကြပါတယ်။ ဆင်စွယ်ဂမုန်းစိုက်ထားသော်လည်း စီးပွားတက်နေတဲ့အခြေအနေမျိုးမှာဆိုရင်လည်း မိသားစုတွေ အချင်းချင်းရန်လိုခြင်း ခိုက်ရန်ဖြစ်ပွားခြင်းတို့ မကြာခဏဖြစ်တတ်တယ်လို့ ဆိုပါတယ်။
ဆင်ဂမုန်း

ဆင်ဂမုန်းပင်ကတော့ ကျန်းမာရေးကို ထိခိုက်စေတာပါတဲ့။ စီးပွားရေးကောင်းတယ် အဆင်ပြေတယ်ဆိုသော်လည်း ကျန်းမာရေးမှာ ချို့ယွင်းမှုတွေဖြစ်တတ်တယ်လို့ လေ့လာသူတွေအရပြောထားချက်များကို တွေ့ရပါတယ်။
ကုမုဒ်ကြာဂမုန်း

အဖြူရောင်ပန်းပွင့်လေးတွေပွင့်တတ်ပြီး အရွက်ရှည်ကာ ဘေးအနားလှိုင်းတွန့်ပုံစံရှိတဲ့ အရွက်မျိုးတွေပဲဖြစ်ပါတယ်။ ကုမုဒ်ကြာဂမုန်းစိုက်ထားမယ်ဆိုပါက အိမ်တွင်းပြဿာနာများ များစေပါတယ်တဲ့။
အိမ်တွင်းအပင်တွေမှမဟုတ်ဘူး အိမ်ခြံတွင်းထဲမှာအပင်တွေစိုက်တဲ့ပုံစံပေါ်မူတည်ပြီးလည်း အိမ်ကိုလာဘ်တိတ်စေတယ်ဆိုတဲ့ အယူအဆတွေကိုလည်းတစ်ချက်လေ့လာကြည့်ရအောင်။
- အိမ်ရဲ့ အရှေ့ဘက်အရပ်တွင် ညောင်ပင်၊ သပြေပင်များ
- အနောက်ဘက်တွင် လက်ပံပင်၊ ထိန်ပင်
- တောင်ဘက်တွင် သျှစ်သျှားပင်၊ ဖီးကြမ်းငှက်ပျော၊ သင်္ဘောပင် မစိုက်ရ။ ဗူးပင်များမစိုက်ကောင်း အသီးသီးဖို့ခက်သလို သီးလာရင်လည်း လူသေတတ်တယ်လို့ ကြားဖူးကြမှာပါ။
- မြောက်ဘက်တွင် ထန်းပင်၊ ဆန်းပင်၊ သဖန်းပင်နှင့် သျှစ်သျှားပင်
- အိမ်၏ရှေ့မျက်နှာစာတွင် မန်ကျည်းပင်များမစိုက်သင့်။ ကျန်းမာရေးညံ့တတ်သည် ဟူပြီး အဆိုများရှိပါတယ်။
ထိုအပင်များကို ဖော်ပြပါ အရပ်မျက်နှာများမှာစိုက်ပျိုးမယ်ဆိုရင် စီးပွားရေးကျခြင်း၊ ကျန်းမာရေးညံ့ခြင်း၊ အိမ်တွင်းအိမ်ပြင် ဆူပူမှုမကြာခဏဖြစ်ပွားခြင်းတို့ဖြစ်တတ်သည်ဟု ပြောကြပါတယ်။
ရှေးလူကြီးတို့ရဲ့စကားအရ မစိုက်ပျိုးသင့် မလုပ်သင့် မထားသင့် ဆိုတဲ့အရာမှာ အကြောင်းပြချက်စုံစုံလင်လင်တော့ရှိကြတာပါပဲ။ အိမ်တွင်းခိုက်တယ်ဆိုတာထက် ဥပမာ- အိမ်ရဲ့တောင်ဘက်မှာဗူးပင်စိုက်ထားပြီး အသီးသီးလာရင် လူသေတတ်တယ်ဆိုတဲ့ စကားမှာ အိမ်ရဲ့တောင်ဘက်မှာလေတိုက်နှုန်းအရ ဗူးပင်များဝတ်မှုံကူးတဲ့အခါ မအောင်မြင်တတ်ပဲ အသီးမတင်မှုများဖြစ်တဲ့အခါ မစိုက်ပျိုးရအောင်လို့ ရှေးအယူအရ တိုက်ဆိုင်မှုတွေနဲ့ ဆိုခဲ့တဲ့စကားများဖြစ်တယ်လို့လည်း ကြားသိခဲ့ရတာပေါ့။
ဒါ့ကြောင့် အိမ်တွင်းမစိုက်သင့်တဲ့အပင်များကို ရှေးလူကြီးများရဲ့အဆိုအရ ဗဟုသုတအနေနဲ့ လေ့လာနိုင်စေရန် ရေးသားဖော်ပြလိုက်ရပါတယ်။
ကိုးကား- လူမှုကွန်ယက်စာမျက်နှာများမှ ကူးယူဖော်ပြပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
U Aung Baw
လွန်ခဲ့သော ၅ နှစ် ကm
ဆက်စပ်မေးခွန်းများ
ကရင်မစပါးပါ ပုံပါအတိုင်း ဝါနေလို ဘာဖြစ်တာလည်း
ဦးလင်း • ဖြေကြားချက် 3 ခု
ဆရာ မန်ကိုဇက်နဲ့ အမိုင်နိုအက်စစ် အဲ့ဆေးနှစ်မျိုးတွဲ ဖျန်းလို့ရလားဆရာ
U Yan • ဖြေကြားချက် 1 ခု
ခရမ်းချဉ် အပင်ပုတ်နေလို့ပါဘာဖြစ်လို့လည်းခမျရှင်းပြပေးပါ
Ba Gyan • ဖြေကြားချက် 2 ခု
စပါးလဲနေတာဘာလုပ်ရမလဲ အထွက်စုံနေပီ
aye Myat mon • ဖြေကြားချက် 1 ခု
ယနေ့ နှမ်းစျေးဘယ်လောက် ပေါက်လဲဗျ ကျေးဇုူးပြုပြီး ဖြေကြားပေးစေလိုပါတယ်
si thu • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Green Way
အားလုံး
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....