ဖုန်းအား အမြန်သွင်းနိုင်မယ့် နည်းလမ်းများ
“ခေတ်မီတောင်သူဖြစ်ဖို့ ဒစ်ဂျစ်တယ်နည်းပညာ လေ့လာစို့” အစီစဥ်လေးကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ် ခင်ဗျ။ ယခင်တစ်ပတ်ကတော့ အင်တာနက် သုံးရင် ဒေတာ ဘယ်လော က်ကုန်မလဲ ဆိုတာ မျှဝေပေးခဲ့တာ ဖြစ်ပါတယ်။ ယခုတစ်ပတ်မှာတော့ ဖုန်းအား အမြန်သွင်းနိုင်မယ့် နည်းလမ်းလေးတွေ မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
စမတ်ဖုန်းကို နေ့စဥ် ကိုယ်နဲ့ မကွာအသုံးပြုနေကြသလို အားသွင်းတဲ့ ကိစ္စဟာလည်း အလုပ်တစ်ခုဖြစ်နေပါတယ်။ ဒါကြောင့် ဖုန်းအားသွင်းရာမှာ အချိန်ကုန်သက်သာစေဖို့ နည်းလမ်းလေးတွေ မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
၁။ မှန်ကန်တဲ့ အားသွင်းကြိုးကို သုံးပါ
ခေတ်ပေါ်ဖုန်းတွေမှာ လျှင်မြန်စွာ အားသွင်းတဲ့ နည်းပညာတွေ ပါဝင်လာပါတယ်။ ဖုန်းဝယ်ကတည်းက ပါလာတဲ့ ကြိုးဟာ အလျှင်မြန်ဆုံး အားသွင်းပေးတယ်လို့ ယူဆလို့ မရပါဘူး။ ကြိုးမဲ့ အားသွင်းခြင်းဟာလည်း ကြိုးနဲ့ အားသွင်းခြင်းလောက် မမြန်ပါဘူး။ အားသွင်းနည်းပညာတွေ ထောက်ပံ့ပေးနိုင်တဲ့ Third-Party အားသွင်းကြိုးများကိုလည်း သုံးနိုင်ပါတယ်။
၂။ လေယာဥ်ပျံပုံလေးနဲ့ Airplane Mode ကိုသုံးပါ
လျှင်မြန်စွာ အားသွင်းချင်ရင်တော့ Airplane Mode ကိုဖွင့်ပြီး အားသွင်းပါ။ အဲ့လိုအားသွင်းရင် ၂၅ ရာခိုင်နှုန်း ပိုမိုလျှင်မြန်စွာ အားပြည့်မြန်ပါတယ်။
၃။ ဖုန်းပါဝါပိတ်ပါ
အရေးကြီး ကိစ္စမျိုး မရှိဘူးဆိုရင်တော့ ဖုန်းပါဝါပိတ် အားသွင်းတာက စွမ်းအင်ကုန်စေမယ့် အခြားအလုပ်တွေ မရှိတာကြောင့် အားပြည့်မြန်စေပါတယ်။
၄။ ဘက်ထရီသက်သာစေတဲ့ Mode သုံးပါ
သူကတော့ ဖုန်းတစ်မျိုးနဲ့ တစ်မျိုး မတူနိုင်ပါဘူး။ ပုံမှန်အားဖြင့် ဆက်တင် (Setting) ထဲဝင် ပြီးရင် ဘက်ထရီ (Battery) ထဲက Battery Saver ဆိုတဲ့ထဲမှာ ရှိပါတယ်။
၅။ မလိုတဲ့ ဆော့ဝဲနဲ့ လုပ်ဆောင်ချက်များ ပိတ်ပါ
အားသွင်းတဲ့ ချိန်မှာ ဝိုင်ဖိုင်တို့၊ အင်တာနက်တို့၊ ဘလူးတုဒ်တို့ စတာတွေကို ပိတ်ထားပေးပါ။ အဲ့သလို လုပ်ထားခြင်း အားဖြင့် အလိုအလျောက် အဆင့်မြှင့်တင်တာတွေကို ပိတ်ထားပေးပြီး အားသွင်းမြန်စေပါတယ်။
၆။ အားသွင်းနေစဥ် ဖုန်းမသုံးပါနဲ့
ဖုန်းမျက်နှာပြင်ဟာ ဘက်ထရီ အဓိကကုန်စေတာမို့ အားသွင်းနေစဥ် ဖုန်းသုံးခြင်းကို ရှောင်ရှားပါ။
အခုလောက်ဆိုရင် တောင်သူ ဦးလေး ဒေါ်လေးတို့လည်း ဖုန်းအားမြန်မြန်သွင်းနိုင်မယ့် နည်းလေးတွေ သိသွားမယ် ထင်ပါတယ်။ ဖုန်းအသုံးပြုရာမှာ အဆင်ပြေကြပါစေ ခင်ဗျ။
ယခင်တစ်ပတ်က ဖော်ပြခဲ့တဲ့ အင်တာနက် သုံးရင် ဒေတာ ဘယ်လော က်ကုန်မလဲ ဆိုတဲ့ ဆောင်းပါလေးကို ပြန်လည်ဖတ်ရှုချင်ရင်တော့ ဖော်ပြပါ လင့်ကနေတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် ခင်ဗျ။
အင်တာနက်သုံးရင် ဒေတာ ဘယ်လောက်ကုန်မလဲ
Androidpit
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဝင်းဇော်ဦး
လွန်ခဲ့သော ၅ နှစ် ကခရမ်းပင်တွေ အသီးကောင်းစေရန်နည်းလမ်း
ဆက်စပ်မေးခွန်းများ
ကရင်မစပါးပါ ပုံပါအတိုင်း ဝါနေလို ဘာဖြစ်တာလည်း
ဦးလင်း • ဖြေကြားချက် 3 ခု
ဆရာ မန်ကိုဇက်နဲ့ အမိုင်နိုအက်စစ် အဲ့ဆေးနှစ်မျိုးတွဲ ဖျန်းလို့ရလားဆရာ
U Yan • ဖြေကြားချက် 1 ခု
ခရမ်းချဉ် အပင်ပုတ်နေလို့ပါဘာဖြစ်လို့လည်းခမျရှင်းပြပေးပါ
Ba Gyan • ဖြေကြားချက် 2 ခု
စပါးလဲနေတာဘာလုပ်ရမလဲ အထွက်စုံနေပီ
aye Myat mon • ဖြေကြားချက် 1 ခု
ယနေ့ နှမ်းစျေးဘယ်လောက် ပေါက်လဲဗျ ကျေးဇုူးပြုပြီး ဖြေကြားပေးစေလိုပါတယ်
si thu • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Green Way
အားလုံး
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026