မိုဘိုင်းဖုန်း အသုံးပြုရာတွင် သတိပြုရမယ့် အခြေခံ အချက်များ
“ခေတ်မီတောင်သူဖြစ်ဖို့ ဒစ်ဂျစ်တယ်နည်းပညာ လေ့လာစို့” အစီစဥ်လေးကနေ ပြန်လည် ကြိုဆိုလိုက်ပါတယ် ခင်ဗျ။ ယခင်တစ်ပတ်ကတော့ စမတ်ဖုန်းတွေ ဘယ်တုန်းက ပေါ်ခဲ့လဲ ဆိုတာ မျှဝေပေးခဲ့တာ ဖြစ်ပါတယ် ခင်ဗျ။ ယခုတစ်ပတ်မှာတော့ ဖုန်းအသုံးပြုရင် သတိပြုရမယ့် အချက်များ ကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

၁။ ဖုန်း အပူဓာတ်လွန်ကဲမှု မဖြစ်အောင် ဂရုစိုက်ပါ
အချိန်ကြာမြင့်စွာ သုံးပြီး အပူလွန်ကဲတာတွေ၊ နေရောင်နဲ တိုက်ရိုက်ထိတွေ့တာတွေဟာ နည်းပညာဆိုင်ရာ ပစ္စည်းတွေကို ပျက်စီးလွယ်စေတဲ့ အပြင် အန္တရာယ်လည်း များပါတယ်။
၂။ ဖုန်း ထဲသို့ ရေမဝင်အောင် ဂရုစိုက်ပါ
လျှပ်စစ် ပစ္စည်းတွေဖြစ်တာကြောင့် ရေနဲ့ တိုက်ရိုက်ထိတွေ့လို့ မရပါဘူး။ ရေစိုခဲ့ရင် ခြောက်သွေ့အောင် သေချာပြုလုပ်ပြီးမှ ဖုန်းကို ပါဝါဖွင့်ပါ။ ဖုန်းခြောက်သွေ့ပြီးတဲ့နောက် ဖုန်းဖွင့်ကြည့်တဲ့အခါ ဖုန်းပါဝါ မပွင့်ဘူးဆိုရင်တော့ ဖုန်းဆိုင်ကို ပြကြည့်ပါ။
၃။ ဖုန်းကို အားကုန်အောင် မသုံးသင့်ပါ
ဖုန်း သုံးတဲ့ အခါမှာ ဖုန်းအား ကုန်သည်အထိ မသုံးသင့်ပါဘူး။ အဲ့လိုသုံးမယ် ဆိုရင် ဖုန်းရဲ့ ဘက်ထရီ သက်တမ်းနည်းပြီး စွမ်းဆောင်ရည်လည်း ကျနိုင်ပါတယ်။ ဘက်ထရီ အကုန်သက်သာစေတဲ့ ဆော့ဝဲလ် လေးတွေထည့်ပြီးတော့လည်း အသုံးပြုလို့ရပါတယ်။
၄။ ဖုန်း ပွန်းပဲ့ ထိခိုက်မှုများမှ ကာကွယ်ပါ
ဖုန်း သုံးနေရင် လွတ်ကျတာမျိုး၊ ပြုတ်ကျတာမျိုး ဖြစ်လာခဲ့ရင် ကာကွယ်နိုင်ဖို့အတွက် ဖုန်း ကာဗာတွေ၊ ဖုန်းမျက်နှာပြင်မှာ မှန်မကွဲလို အရာမျိုး ကြိုတင်ကပ်ထားတာတွေ ပြုလုပ်မယ်ဆိုရင် ထိခိုက်ပွန်းပဲ့မှုများမှ ကာကွယ်နိုင်မှာပဲ ဖြစ်ပါတယ်။
ယခင်တစ်ပတ်က ဖော်ပြခဲ့တဲ့ စမတ်ဖုန်းတွေ ဘယ်တုန်းက ပေါ်ခဲ့လဲ ဆိုတဲ့ ဆောင်းပါးလေး ပြန်လည်ဖတ်ရှုချင်ရင်တော့ ဖော်ပြပါ လင့်ကနေတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် ခင်ဗျ။
စမတ်ဖုန်းတွေ ဘယ်တုန်းက စပေါ်လာခဲ့တာလဲ
Knowledge Box App
(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ကရင်မစပါးပါ ပုံပါအတိုင်း ဝါနေလို ဘာဖြစ်တာလည်း
ဦးလင်း • ဖြေကြားချက် 4 ခု
ဆရာ မန်ကိုဇက်နဲ့ အမိုင်နိုအက်စစ် အဲ့ဆေးနှစ်မျိုးတွဲ ဖျန်းလို့ရလားဆရာ
U Yan • ဖြေကြားချက် 2 ခု
ခရမ်းချဉ် အပင်ပုတ်နေလို့ပါဘာဖြစ်လို့လည်းခမျရှင်းပြပေးပါ
Ba Gyan • ဖြေကြားချက် 2 ခု
စပါးလဲနေတာဘာလုပ်ရမလဲ အထွက်စုံနေပီ
aye Myat mon • ဖြေကြားချက် 1 ခု
ယနေ့ နှမ်းစျေးဘယ်လောက် ပေါက်လဲဗျ ကျေးဇုူးပြုပြီး ဖြေကြားပေးစေလိုပါတယ်
si thu • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Green Way
အားလုံး
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....