ပေါင်းစည်းလယ်ယာစနစ်က ကောင်းသလား မကောင်းဘူးလား
ပေါင်းစည်းလယ်ယာ ဆိုတာ ဘာလဲ
Integrated Farming System (IFS) ဆိုတာကတော့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတစ်ခုပါပဲ။ ဘာကွာလို့လဲဆိုတော့ သူတို့မှာကျတော့ ရည်ရွယ်ချက်က သက်သက်ထပ်ရှိတယ်။ တတ်နိုင်သလောက် ညစ်ညမ်းမှုတွေ လျော့ချမယ် ပြီးတော့ မတူညီတဲ့ စိုက်ပျိုးမွေးမြူရေးစနစ်တွေကိုပေါင်းပြီးတော့ ဝင်ငွေများကြီးရအောင်လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်ပါပဲ။ ခုခေတ်က ဘာခေတ်လဲဆိုတော့ အမြန်ခေတ်လေ။ အဲ့တော့ အချိန်နည်းနည်း သုံးမယ်။ နေရာနည်းနည်းနဲ့ များများထုတ်မယ်လေ။
ဥပမာပေးရရင်တော့ ဝက်မွေးမယ်။ ကွင်းထဲလွှတ်လိုက်မယ်။ ဝက်တူးတာကနေ မြေကို မွပြီးသား၊ ဝက်ချေးကနေလည်း မြေသြဇာကို ရစေမယ်။ အချိန်တန်တော့ ဝက်ကလေးတွေကိုလည်း ပေါ်တာပေါ့နော်။ အဲ့တော့ အပင်လည်းရ အသားလည်းရ ဆိုတာပေါ့။
ငှက်တွေကို ခြံထဲလွှတ်ထားပေး၊ အသီးပုတ်တွေထိုးချ ပြီးတော့မြေထဲကိုပြန်ရောက် ဆိုတာလည်း နောက်ထပ် ပေါင်းစည်းလယ်ယာတစ်ခုပါပဲနော်။ အကြီးကြီးတွေမဟုတ်ပါဘူး၊ နိုင်သလောက်ပါပဲ ဒါဟာ ပေါင်းစည်းလယ်ယာပါပဲ။
ဘာတွေရောနိုင်လဲဆိုတော့ သီးနှံပင်တွေပါမယ်၊ ဟင်းသီးဟင်းရွက်တွေပါမယ်။ သီးပင်တွေပါမယ်။ ကြက်မွေးမြူရေး၊ ငါး၊ နွား၊ ဘဲ စတဲ့မွေးမြူရေးတွေနဲ့ ရောမယ်။ သီးနှံသစ်တော ရောနှောစိုက်ခင်းတွေလည်းပါမယ်။ ပျားမွေးတာ၊ မှိုစိုက်တာ အကုန်လုံးကို ပေါင်းစည်းလယ်ယာလုပ်လို့ရပါတယ်။
စပါးခင်းထဲ ငါးမွေးတာ... ပေါင်းစည်းလယ်ယာပေါ့။ ငါးကန်နဲ့ ဘဲမွေးတာအောင်မြင်ခဲ့တယ်ဆိုတဲ့သက်သေတွေကလည်း ရှိနေတယ်။

ကဲ အများကြီးမပြောတော့ဘူး ကောင်းတာနဲ့ ဆိုးတာဆိုတာ အမြဲဒွန်တွဲနေတာ
ကောင်းတာလေးတွေ ရှိတယ်
(၁) ပေါင်းစည်းလယ်ယာလုပ်ငန်းလုပ်တာကြောင့်မို့ ထုတ်လုပ်မှုစွမ်းအားက ပိုမြင့်လာတယ်။ ဒါကကောင်းတဲ့အချက်။
(၂) အညစ်အကြေး စွန့်ပစ်ပစ္စည်းတွေကို လယ်ယာအကျိုးအတွက် ကောင်းကောင်းပြန်အသုံးချနိုင်တာကြောင့်မို့ အပင်တွေအတွက် အထွက်ကိုလည်း တိုးစေတယ်။
(၃) မြေကြီးက အော်ဂဲနစ်ပစ္စည်းတွေကို ရနေတာကြောင့်မို့လို့ မြေပျက်တာမျိုးတွေ မဖြစ်တဲ့အပြင်ကို အချိန်တော်တော်ကြာအောင် မြေကြီးက ကောင်းနေဦးမှာပါ။
(၄) ပေါင်းစည်းလယ်ယာပါဆိုမှတော့ ပေါင်းစည်းဝင်ငွေပဲပေါ့။ ဒါပေမဲ့ သူ့ကို ဒီဟာကျွေး၊ ဒီဟာကို သူနဲ့ စိုက်ဆိုတာမျိုး လုပ်ထားတော့ ဝင်ငွေကိုလည်း တစ်ခြားကုန်ကျစရိတ်တွေ နုတ်စရာမလိုတော့ဘူး။ သေချာများ စီစဉ်လိုက်နိုင်တယ်ဆိုရင် နေ့တိုင်းက ဝင်ငွေတွေတောင်ဖြစ်နေမှာပါ။ တစ်ခုမဟုတ် တစ်ခုကနေ ရနေမှာပါ။
(၅) မျိုးစုံထုတ် လုပ်နိုင်တယ်။ ထုတ်လုပ်မှုစွမ်းအား ကောင်းတယ်ပေါ့။ ဒါက သူ့ရဲ့အားသာချက်ဖြစ်သွားတာပေါ့။
(၆) လုံခြုံစိတ်ချရတယ်။ ကိုယ်ထုတ်တာကိုယ်သိတယ်၊ ကြက်ကိုလည်း ပြောင်းဖူးပဲကျွေးတာ။ အဲ့ပြောင်းဖူးခင်းကိုလည်း ကြက်ချေးကျွေးထားတာ။ ကဲ ဘယ်လောက်စိတ်ချရသလဲ၊ ကြက်ချေး လည်း မနံတော့ဘူး ပြောင်းခင်းထဲရောက်ပြီ။ ဆိုတော့ ပတ်ဝန်းကျင်ကိုလည်း တစ်ကယ် အနှောက်အယှက်မဖြစ်တဲ့ နည်းဆိုတော့ ပေါင်းစည်းလယ်ယာက ကောင်းနေတာပေါ့။
(၇) နွားမွေးတယ်၊ နွားချေးကနေ ဇီဝလောင်စာပြန်ထုတ်တယ်ဆိုတာလည်း ပေါင်းစည်းလယ်ယာထဲမှာ ပါပါတယ်နော်။ အဲ့လို တစ်ခြားစွမ်းအင်တွေအဖြစ်ကို ပြောင်းလဲအသုံးချနိုင်တာကလည်း ကောင်းကျိုးတစ်ချက်ပါပဲ။
(၈) ကဲ လိုက်လုပ်တဲ့ တောင်သူလယ်သမားတွေဆိုရင် မပျင်းရပါဘူး။ ကိုယ့်ရှိတဲ့မြေကို အချိုးချပြီး ဘာက ဘယ်လောက် ဘာကောင်က ဘယ်လောက်ဆိုတာမျိုး တွေးရတယ်။ စိုက်ပျိုးရေးတင်မက မွေးမြူရေးကိုပါ လုပ်ရတာဆိုတော့ လေ့လာရင်းနဲ့ များများ ပိုတတ်တယ်။ အဆင်ပြေတာပေါ။
မကောင်းတာတွေလည်းရှိတယ်ဆိုတာက
(၁) တစ်ခုတည်းစိုက်ရင် တစ်ခုတည်းကိုပဲ ပြုစုရမယ်။ မွေးမြူရေးပါလုပ်တယ်ဆိုရင်တော့ မွေးမြူရေးက ဟာကိုပါ ဂရုစိုက်ရတော့မယ် ဆိုတော့ အလုပ်တော့များတာပေါ့လေ။ သိလည်းသိထားရမယ်။ (၂)ခုပေါင်း တစ်ခုတည်းဖြစ်အောင်လုပ်နိုင်ရမယ်ပေ့ါ။
(၂) နောက်တစ်ချက်ကတော့ ငါးမွေးတဲ့နေရာတွေမှာ၊ နွားမွေးတဲ့နေရာတွေမှာ အပင်တွေကို ပြုစုနည်းတွေကွာသေးတာ အဲ့အချက်တွေကို ဂရုပြုရမယ်။ ဆေးဖျန်းထားတာတွေ ကျွေးမိရင်တော့ ပြဿနာပေါ့။
(၃) နွားချေးတွေ အများကြီးရလို့ အခင်းထဲ အကုန်ထည့်လိုက်တယ်ဆိုတာ လုပ်သင့်လားပေါ့လေ။ ဒါဆို ပိုနေတဲ့ နွားချေးတွေကို မြေဆွေးပုံထားမလား။ အဲ့ဒါဆို ပုံဖို့ နည်းလမ်းတွေ နေရာတွေ လိုလာပြီပါ့နော်။ အဲ့လိုမျိုး ဖြစ်လာတဲ့ အကြောင်းအရာတွေကိုမူတည်ပြီတော့ကိုယ်လုပ်နေတဲ့ လုပ်ငန်းတစ်ခုလုံးကို သေသေချာချာနှံ့နှံ့စပ်စပ် သိအောင် လုပ်ထားဖို့ အမြဲတမ်းလေ့လာနေဖို့ လိုတာပါ။ ဒါကလည်း လိုအပ်တဲ့အချက်ပဲဖြစ်ပါတယ်။
(၄) ခုထိကို အငြင်းပွားနေကြတဲ့အချက်ပဲဖြစ်ပါတယ်။ ငါးကန်ပေါ်မှာ ဘဲခြံလုပ်ထားတာက မကောင်းဘူး ငါးတွေအတွက်မကောင်းဘူး ရောဂါတွေပိုများလာစေတယ်လို့ အယူအဆကတစ်ဖက်၊ ဘဲချေးက ငါးစားတော့ ငါးစာအတွက်ရတယ် ကောင်းတယ်လို့ အယူအဆက တစ်ဖက် ရှိသလိုပေါ့။ အနောက်နိုင်ငံတွေမှာ ရောမွေးလေ့ရှိတဲ့ ငှက်၊ ဝက်နဲ့ ငါးတွေကို ပေါင်းစည်းလယ်ယာလုပ်ပြီးမွေးတာကြောင့်မို့ တုပ်ကွေးလိုရောဂါဖြစ်နိုင်ချေပိုများတတ်ပါတယ်တဲ့။ တုပ်ကွေးက ကြက်တွေ ငှက်တွေမှာဖြစ်တဲ့ တုပ်ကွေးနဲ့ ဝက်မှာဖြစ်တဲ့တုပ်ကွေး အဲ့ဒါသာ (၂)ခုပေါင်းပြီး တုပ်ကွေးအသစ်တွေဖြစ်နိုင်တဲ့ ဗိုင်းရပ်စ်လေးတွေဖြစ်နိုင်တဲ့အခြေအနေကလည်း ရှိနေပြန်တယ်လို့ သိပ္ပံပညာရှင်တွေကပြောထားလေပြန်တယ်။ အတိအကျမရှိပေမဲ့လို့ မဖြစ်ခင်က သတိတော့ ထားရမှာပေါ့။ ဒါကြောင့်မို့ တောင်သူလယ်သမားတွေက ဝက်နဲ့ ကြက် ငှက်တွေလိုမျိုးကို ရောမမွေးသင့်ပါဘူးနော်။ အလားတူ ကိစ္စရပ်လေးတွေလည်း အများကြီးရှိတတ်တာက ပေါင်းစည်းလယ်ယာရဲ့ အားနည်းချက်ပဲဖြစ်ပါတယ်။က
ကဲ ပေါင်းစည်းလယ်ယာလုပ်မလား မလုပ်ဘူးလားကိုမပြောပါဘူး ရှိတတ်တာလေးတွေကိုပဲပြောပြထားတာဆိုတော့ စလုပ်မဲ့ သူတွေလည်း ရဲရဲလုပ် များများလေ့လာပါ။ လုပ်နေတဲ့သူတွေကလည်း ကြိုတင်ရှောင်ရှားနိုင်အောင် ဖြစ်လာရင် ဖြေရှင်းနိုင်အောင် လေ့လာအားတွေ ကောင်းဖို့တော့ လိုပါလိမ့်မယ်ဗျာ….
တောင်သူအကျိုးစီးပွားများ အောင်မြင်တိုးတက်စေရန် ရည်မှန်းလျှက်….
Reference - https://www.legit.ng/1129268-advantages-disadvantages-integrated-farming-system.html
အောင်
လွန်ခဲ့သော ၂ နှစ် ကဟုpe
Maran Jat Awng
လွန်ခဲ့သော ၄ နှစ် ကကျေးဇူးပါ
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ဆရာများခဗျစုတ်ဖွားဆေးအကြောင်းလေးရှင်းပြပေးပါလားဗျ
သူရစိုး • ဖြေကြားချက် 0 ခု
ဆရာခရမ်းချဥ်အတွက် ပိူတက်သီးသန့်မရလို့ ဝိစာရရဲ့ 15 ပတ်လည်ကွန်ပေါင်းပဲကျွေးခဲ့ပါတယ်ဆရာအဆင်ပြေရဲ့လားဆရာ အတာပီးဘယ်နှစ်ရက်နေမှ မန်ကိုဇက်ဖျန်းသင့်လဲဆရာ အပင်ပုမျိုးဆိုတော့ အတန်းတန်းပေးဖို့လိုသေးလားဆရာ
U Yan • ဖြေကြားချက် 0 ခု
ဧရာပဒေသာစပါး ပါ အပင်က ဘေးရွက်တွေ နီပြီး ခြောက်နေပါတယ် ဘယ်လို ကုသရမလဲ
Nay • ဖြေကြားချက် 3 ခု
စားတော်ပဲအတွက် ပဲမြစ်ဖုဇီဝမြေသြဇာ ဘယ်မှာဝယ်လို့ရနိုင်ပါလဲခင်ဗျာ ဒီနှစ်မှ စားတော်ပဲစစိုက်မှာဖြစ်လို့ ပါ
Nay • ဖြေကြားချက် 1 ခု
ဆရာတို့ခင်ဗျာ (1)ကြက်သွန်မြိတ်ပိုးရဲ့ သဘောသဘာဝက ရေရှိတာကိုကြိုက်တာလား ရေမရှိတာကို ကြိုက်တာလားသိပါရစေ။ (၂)ဖြုတ်ပိုးက စပါးမြုံဆယ်မြုံစစ်ဆေးလို့ တစ်မြုံမှာ အကောင်ကြီး နှစ်ကောင်လောက်ရှိရင် ပင်ပြလက္ခဏာပြလားခင်ဗျ (၃)ဖြုတ်ပိုးက စပါးဆယ်မြုံစစ်မှ အကောင်ကြီး နှစ်ကောင် သုံးကောင်လို့ တွေ့တာကို ပင်ပြလက္ခဏာက တစ်ခင်းလုံးဝါနေတာပါ( ပုံမရိုက်ဖြစ်လို့ပါ ) အနားသက်မညီပါဘူး အဖျားတွေခြောက်နေပါတယ် ဘက်တီးရီးယားလို့ယူဆနိုင်လားဆရာတို့ခင်ဗျာ။
Thurain Htun • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၂၄ -၂၈.၈.၂၀၂၆)
29/08/2026
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
More from Htunn Winn Kyaw
အားလုံး
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
အသံ
ရေကြီး ဒေသတွေမှာ ရေကျပြီးရင် တောင်သူတွေအနေနဲ့ ဘာတွေ ပြန်လုပ်ကြရမလဲ? ဘာတွေပြန်စိုက်မလဲ?
22/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
ဇူလိုင် ၁၆ တွင်စတင်သင်ကြားမည့် မြားနီနည်းပညာပေးရေးအဖွဲ့၏ အခမဲ့သင်တန်း တက်ခွင့်ရရှိသူများ
06/07/2026
စိုက်ပျိုးသွင်းအားစု ရောင်းချချင်သူများအတွက် ဖွင့်လှစ်ထားတဲ့ အခမဲ့သင်တန်းတက်ရောက်ခွင့်ရရှိသူများစာရင်း
28/06/2026