တောင်သူများအပေါ် လွှမ်းမိုးလာသော ဓါတုမြေသြဇာဝယ်လိုအား
ဓါတုမြေသြဇာများအသုံးပြုခြင်းသည် မြေသြဇာရောင်းချသူတွေက တောင်သူတွေရဲ့ ငွေကြေးအကုန်ကျခံနိုင်မှုနှင့် ၄င်းတို့ရဲ့ဝယ်လိုအားကိုကြည့်ပြီး ပိုမိုသုံးစွဲချင်လာအောင် ဘယ်လိုဆွဲဆောင်ရမယ်ဆိုတာကို မြေသြဇာရဲ့အရည်အသွေးအပြင် ငွေကြေးတန်ဖိုးနှုန်းနဲ့လည်း သတ်မှတ်ကြပါတယ်။ ဓါတုမြေသြဇာအသုံးပြုသီးနှံတွေရဲ့တုန့်ပြန်ချက်တွေကို သိရှိစေရန် လိုအပ်တဲ့အချက်အလက်တွေနဲ့ စမ်းသပ်ကွက်များစိုက်ပြကြပြီး တောင်သူများ သိသာမြင်သာအောင်လုပ်ဆောင်သော ၄င်းလုပ်ငန်းအစီအစဥ်များလည်း ပြုလုပ်ကြပါတယ်။ ထိုသို့လုပ်ဆောင်ချက်နှစ်ခုစလုံးသည် တောင်သူတွေကို ၄င်းမြေသြဇာများရဲ့အကျိုးဆက်တွေအပြင် ပိုမိုသတိထားမိလာစေရန် မြေသြဇာရဲ့ဝယ်လိုအားကိုပိုကောင်းလာအောင် ဖန်တီးပေးတဲ့အချက်တွေလို့ ဆိုလိုနိုင်ပါတယ်။
ဒီအပြင် လက်ရှိမှာ အများဆုံးရောင်းချနေတဲ့ပုံစံကတော့ သီးနှံပေါ်သွင်း၊ အတိုးပေါင်းအကြွေးပေးတဲ့စနစ်မျိုးပဲဖြစ်ပါတယ်။ မြေသြဇာတန်ဖိုးကို အတိုးနှုန်းပါထပ်ပေါင်းထားပြီး စျေးနှုန်းသတ်မှတ်ကာ အကြွေးချပေးကြပါတယ်။ ကုမ္ပဏီတိုက်ရိုက်ဆိုရင် သီးနှံရောင်းချပြီး ၄င်းမြေသြဇာအကြွေးကို ဆပ်ကြရပါတယ်။ ဒါမှမဟုတ် သီးနှံပွဲစားပွဲရုံကတစ်ဆင့်ဆိုရင် သီးနှံနှင့်ပြန်သွင်းပေးရကာ စျေးနှိမ်ခံပြီး ၄င်းမြေသြဇာအကြွေးကို ဆပ်ကြရပါတယ်။
၄င်းနည်းလမ်းသည် ရာသီဥတုကောင်းလို့ အဆင်ပြေရင် သီးနှံအထွက်ပါကောင်းရင် တောင်သူတွေအတွက် မခက်ခဲပါဘူး။ ဒါပေမယ့် လက်ရှိအခြေအနေသည် ရုတ်တရက် မိုးများမယ်၊ ရေကြီးမယ်၊ မိုးခေါင်ကာရေရှားမယ်၊ ရာသီဥတုမမှန်ဘဲ အချိန်အခါမဟုတ် မိုးရွာမယ်၊ ရောဂါဝင်မယ်၊ ပိုးကျမယ်ဆိုရင် ဒီလိုမျိုးကြိုတင်မျှော်လင့်ထားလို့ အရင်လိုမဖြစ်နိုင်တဲ့အခါ ရာသီသီးနှံပေါ်ချိန်မှာ ၄င်းအကြွေးများအတွက် တောင်သူတွေအခက်အခဲဖြစ်ကြရပါတယ်။ သို့သော်လည်း ကောင်းတဲ့တစ်ချက်က အကုန်အကျစရိတ်သက်သာတဲ့ အော်ဂဲနစ်စိုက်ပျိုးရေးဘက် လှည့်လာကြတာပါပဲ။
ဒါပေမယ့် အော်ဂဲနစ်စိုက်ပျိုးရေးသည် တောင်သူတွေအတွက် စိန်ခေါ်မှုတစ်ရပ်လည်း ဖြစ်နေပါတော့တယ်။ လွယ်လွယ်ဝယ်လို့ အသုံးပြုလို့ရတဲ့ ဓါတုမြေသြဇာတွေလိုမဟုတ်ဘဲ နည်းပညာအရရော သွင်းအားစုပြုလုပ်နည်းနဲ့ အသုံးပြုပုံအရရော အားနည်းနေတဲ့အခါမှာ တောင်သူတွေအတွက် အခက်အခဲဆိုတာ ဖြစ်လာပါတော့တယ်။ နောက်တစ်ခုက အော်ဂဲနစ်စျေးကွက်ပဲဖြစ်ပါတယ်။ ၄င်းစျေးကွက်သည် လက်ရှိစျေးကွက်ထဲမှာ နေရာမရသေးတဲ့အတွက် တောင်သူတွေကိုယ်တိုင် ဒါမှမဟုတ် ကြားခံမီဒီယာတွေက မဖော်ဆောင်ပေးနိုင်ရင် စျေးကွက်ထိုးဖောက်ဖို့ လမ်းလိုအပ်နေပါသေးတယ်။ ဝမ်းသာစရာက ခုလက်ရှိမှာဆိုရင် လူတိုင်းလိုလိုက အော်ဂဲနစ်ဆိုတဲ့စကားလုံးနှင့် ရင်းနှီးလာကြပါပြီ၊ သုံးစွဲလာကြပါပြီ။ အော်ဂဲနစ်စျေးကွက်တစ်ခုကလည်း အခိုင်အမာရပ်တည်လာနိုင်ပါပြီ။
မြေသြဇာအကြောင်းကိုပဲ ထပ်ဆက်ကြစို့ ...... တောင်သူတွေရဲ့မြေသြဇာဝယ်လိုအားသည် အချက် ၂ ချက်ပေါ်မူတည်ပါတယ်။
( ၁ ) တောင်သူများရဲ့တတ်နိုင်သော ငွေကြေးပမာဏ
( ၂ ) လုပ်ငန်းငွေပမာဏနှင့် ငွေပေါ်လွယ်မှုတို့ဖြစ်ပါတယ်။
ဝင်ငွေနှင့် ထွက်ငွေ အချိုးပေါ်မူတည်ပြီး တောင်သူတွေက မြေသြဇာသုံးစွဲမှုနှုန်းထားကို သတ်မှတ်ဆုံးဖြတ်ကာ ချိန်တွက်ကြပါတယ်။ မျိုးစေ့ကောင်းပြီး သီးနှံအထွက်များလေလေ မြေသြဇာအသုံးပြုမှုများလေ ဖြစ်တယ်။ ၄င်းမြေသြဇာကမ္ပဏီတွေကလည်း သီးနှံအထွက်ကောင်းမှုနှင့် မြေသြဇာရဲ့အရည်အသွေး၊ တုန့်ပြန်ချက်တွေကိုကြည့်ပြီး ထုတ်လုပ်ဖြန့်ချီရောင်းချခြင်းများ လုပ်ဆောင်ကြပါတယ်။
တောင်သူတွေက သူတို့အမှန်တကယ်လိုအပ်မှသာ ၄င်းမြေသြဇာတွေကို ဝယ်ယူအသုံးပြုကြတာကြောင့် မြေသြဇာဝယ်လိုအားကို ကြိုတင်မှန်းဆလို့တော့ မရနိုင်ဘူး။ အတွေ့အကြုံအရ ဖွံ့ဖြိုးဆဲနိုင်ငံတော်တော်များများမှာ မြေသြဇာရရှိနိုင်မှုနှင့် သင့်လျော်သောရောင်းချဖြန့်ချီခြင်းများသည် များသောအားဖြင့် အရေအတွက်ကန့်သတ်ထားကြပါတယ်။ ၄င်းဖြစ်စဥ်ကနေ ရနိုင်တာက နှစ်စဥ်မြေသြဇာဝယ်လိုအားသည် ပို၍တိုးတိုးလာတာကို အတိအကျသတိထားမိလာစေပါတယ်။
ရှေ့ရေးကိုမျှော်မှန်းပြီး တောင်သူတွေရဲ့ဆန္ဒအလျောက် မြေသြဇာဝယ်လိုအားသည် အောက်ပါအချက်တွေပေါ် မူတည်နေပါတယ်။
(၁) စိုက်ပျိုးမြေများနှင့် စိုက်ပျိုးနိုင်သောမြေပမာဏ
(၂) အမှန်တကယ်စိုက်ပျိုးခဲ့သော မြေဧရိယာ
(၃) မိုးရေချိန်ပမာဏ သုံးစွဲနိုင်မှုနှင့် ရရှိနိုင်မှု
(၄) သီးနှံများစွာစိုက်ပျိုးနိုင်သော ရေရရှိမှု
(၅) လိုအပ်သော သီးနှံအာဟာရဓါတ်နှင့် စိုက်ပျိုးနည်းစနစ်များ
(၆) မြေအနေအထားနှင့် အာဟာရဓါတ်ပါဝင်မှု
(၇) ပိုင်ဆိုင်သော မြေပမာဏ ( ဦးပိုင်စိုက်ပျိုးမြေနည်းလေ သီးနှံထုတ်လုပ်မှုမှာသတ်မှတ်ချက်တွေဖြစ်ပြီး မြေသြဇာဝယ်လိုအားနှင့် စျေးနှုန်းအတွက်ထိခိုက်မှုများ ဖြစ်နိုင်ပါတယ်) ဆိုတဲ့အချက်တွေသည် မြေသြဇာဝယ်လိုအားကို အဆုံးဖြတ်ပေးနိုင်ပါတယ်။
ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ တောင်သူများသည် မြေယာပိုင်ဆိုင်မှုနှင့် အိမ်သုံးအတွက်သာ အထောက်အပံ့ဖြစ်သော်လည်း မပိုလျှံသော စိုက်ပျိုးရေးလုပ်ငန်းတွေကြောင့် မြေသြဇာဝယ်လိုအားသည် စျေးနှုန်းတွေကြောင့် မြေသြဇာအရောင်းအဝယ်ကို ထိခိုက်စေပါတယ်။ ဘယ်လိုပဲ စျေးနှုန်းတွေသတ်မှတ်ထားထား ၄င်းတောင်သူမျိုးတွေအတွက် ဝယ်ယူသုံးစွဲဖို့ မတတ်နိုင်တဲ့အနေအထား ဖြစ်နေပါတယ်။ (ဥပမာ - အာရှနိုင်ငံတွေမှာ မုတ်သုံရာသီဆိုရင် ကုန်သွယ်မှုအခက်အခဲအရ မြေသြဇာစျေးများ တက်နိုင်ပါတယ်။) သို့သော် မြင်တွေ့နေရသလောက်ကတော့ တောင်သူအများစုသည် မြေသြဇာကို မသုံးမဖြစ်သုံးနေကြရတဲ့ အနေအထားမျိုးဖြစ်နေပါတယ်။ ဓါတုမြေသြဇာတွေသည်လည်း စျေးကွက်ထဲမှာ တံဆိပ်အမျိုးမျိုး၊ စျေးအမျိုးမျိုးနှင့် ရောင်းချပုံအမျိုးမျိုးတွေ့နေရပါတယ်။ ထိုလုပ်ငန်းရှင်များရဲ့ နည်းဗျူဟာဆွဲဆောင်ချက်တွေအောက်မှာ တောင်သူတွေသည် တုံရင်းတုံရင်းလိုက်နေပါတော့တယ်။ စိုက်လိုက် အကြွေးဆပ်လိုက်နဲ့ စိုက်ပျိုးရေးကအမြတ်ဆိုတာ မဖြစ်စလောက်လေးသာ ဖြစ်နေပါတော့တယ်။ စိုက်ပျိုးရေးလောကအတွက် ကြီးမားသောစိန်ခေါ်မှုတစ်ရပ်လည်း ဖြစ်နေပါတော့တယ်။
ခေတ်လူငယ်တွေ ဘာကြောင့်စိုက်ပျိုးရေးမလုပ်ချင်ကြသလဲ။ ဒီလိုမေးခွန်းအတွက် အဖြေမရှိ ဖြစ်နေပါတော့တယ်။ ဒါပေမယ့် ပြောင်းလဲလာတဲ့ ခေတ်အခြေအနေနဲ့ နည်းပညာတွေအရ ခေတ်ပညာတတ်လူငယ်တွေ အများကြီးလိုအပ်ပါတယ်။ ဓါတုမြေသြဇာတွေရဲ့ ကောင်းကျိုး၊ ဆိုးကျိုးများ ဝေဖန်ပိုင်းခြားတတ်ပြီး ဖြစ်ထွန်းအောင်မြင်နိုင်တဲ့ စိုက်ပျိုးနည်း ရှာဖွေတွေ့ရှိကာ ကျန်းမာရေးကိုရှေးရှုသော စိုက်ပျိုးသီးနှံများ ထုတ်လုပ်နိုင်စွမ်းတဲ့ ပညာတတ်တောင်သူများကို ဖိတ်ခေါ်ရင်း .......
မယ်အေး (B.Agr.Sc, 2013)
Thein Soe
လွန်ခဲ့သော ၆ နှစ် ကဖုန်း နံပတ် 09794313219
Thein Soe
လွန်ခဲ့သော ၆ နှစ် ကဖိတ်ခေါ်ရင် ထိပ်ဆုံးက ပါဝင်ပါမည် ကျောက်ပန်းတောင်း မြို့နယ် ညောင်ပင်သာ အုပ်စု ရွာသာယာကျေးရွာ က ကိုသိန်း စိုး ပါ
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ကရင်မစပါးပါ ပုံပါအတိုင်း ဝါနေလို ဘာဖြစ်တာလည်း
ဦးလင်း • ဖြေကြားချက် 3 ခု
ဆရာ မန်ကိုဇက်နဲ့ အမိုင်နိုအက်စစ် အဲ့ဆေးနှစ်မျိုးတွဲ ဖျန်းလို့ရလားဆရာ
U Yan • ဖြေကြားချက် 1 ခု
ခရမ်းချဉ် အပင်ပုတ်နေလို့ပါဘာဖြစ်လို့လည်းခမျရှင်းပြပေးပါ
Ba Gyan • ဖြေကြားချက် 2 ခု
စပါးလဲနေတာဘာလုပ်ရမလဲ အထွက်စုံနေပီ
aye Myat mon • ဖြေကြားချက် 1 ခု
ယနေ့ နှမ်းစျေးဘယ်လောက် ပေါက်လဲဗျ ကျေးဇုူးပြုပြီး ဖြေကြားပေးစေလိုပါတယ်
si thu • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Green Way
အားလုံး
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....