အိမ်မှာ Home Stay ရင်း ကော်ဖီပင်လေး စိုက်ကြည့်မယ်
အရသာရှိပြီး မွှေးပျံ့တဲ့၊ စွဲမက်ဖွယ်ရာ ကော်ဖီစေ့တွေ သီးပေးနိုင်မယ့် ကော်ဖီပင်လေးတစ်ပင်လောက် အိမ်ထဲမှာ ရှိမယ်ဆိုရင် ဒီခံစားချက်ကလေးက သိပ်ကိုမကောင်းလွန်းဘူးလား…? ကော်ဖီပင်တွေက နှစ်ရှည်ပင်အမျိုးအစားဖြစ်သလို၊ လေဒဏ် မိုးဒဏ် ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိတဲ့ အပင်တွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။ အိမ်မှာ Home stay နေရင်းနဲ့ ကော်ဖီပင်လေးတစ်ပင်ကို စိုက်ကြည့်ရင်း၊ အပင်ပြုပြင်ထိန်းသိမ်းမှုလေးတွေ လုပ်ကြည့်ရအောင်။
(၁) ပထမဆုံးအနေနဲ့ ကော်ဖီပင် ပျိုးပင်ပေါက်ကို ဝယ်ယူပါ။
(၂) ဝယ်ယူလာတဲ့ပျိုးပင်နဲ့ သင့်တော်တဲ့ အိုးထဲမှာ အော်ဂဲနစ်မြေသြဇာနဲ့ ရောစပ်စိုက်ပျိုးပါ။
(၃) အပင်ကြီးထွားမှုလျှင်မြန်စေဖို့ တဆင့်ခံရရှိတဲ့ နေရောင်ခြည်မှာ ထားသင့်ပါတယ်။ ဒါ့ကြောင့် အပင်ကို အိမ်ပြတင်းပေါက်နားမှာ ထားနိုင်ပါတယ်။
(၄) အပင်ကိုရေ လောင်းပေးပြီး၊ မြေဆီလွှာကို အစိုဓာတ်ပေးရပါမယ်။ ရေကို တအား အိုင်နေတဲ့အထိတော့ လောင်းပေးနေဖို့ မလိုအပ်ပါဘူး။
(၅) မြေသြဇာကိုတော့ အော်ဂဲနစ်မြေသြဇာတွေကို သုံးပါ။
(၆) မူလဝယ်ထားတဲ့အပင်ထက် (၂)ဆ ကြီးထွားလာတဲ့အခါ အိုးပြောင်းစိုက်ပေးရပါမယ်။ ဒီလိုနည်းလမ်းနဲ့ အပင်ကြီးလာတိုင်း အိုးပြောင်းစိုက်ပေးပါ။
နေရောင်ခြည်ပေးပါ။ ရေပေးပါ။ အော်ဂဲနစ်မြေသြဇာကျွေးမွေးပါ။ အပင်ကို ဂရုစိုက်ပေးရင် ပေးသလောက် တစ်နှစ်အတွင်း အပင်ကြီးထွားမှုကို သိသိသာသာ တွေ့မြင်ရမှာဖြစ်ပြီး၊ (၃)နှစ်ကနေ (၅)နှစ်အကြာမှာတော့ အပွင့်ပွင့်လာကာ ဝတ်မှုန်ကူးပြီး၊ အသီးလေးတွေ ဖြစ်ထွန်းလာပါလိမ့်မယ်။ အိမ်မှာ စိုက်ပျိုးတဲ့ ကော်ဖီပင်လေး တစ်ပင်ကနေ ကော်ဖီမှုန့်အများကြီး ဖြစ်လာမှာတော့ မဟုတ်ပေမယ့်၊ ကိုယ်တိုင်ပြုစုပျိုးထောင်ရင်း ရရှိလာမယ့် ပီတိအပြင်၊ အိမ်ကိုလာလည်မယ့် မိတ်ဆွေတွေနဲ့ နောက်လာနောက်သားတွေကို ပြန်လည်မျှဝေပေးနိုင် မှာကတော့ မလွဲပါဘူး။
သင်ရော…
ကော်ဖီပင်လေးတစ်ပင်လောက် ကိုယ်တိုင်မစိုက်ဖူးချင်ဘူးလား..?
နန်းထက်ထက်ချစ်(ABM)
pann
လွန်ခဲ့သော ၃ နှစ် ကအိုးနက်မဟုတ်ပဲဒီတိုင်းအပ်ငပေါက်တေကိုစိုက်လို့မရဘူးလားရှင့်
အမည်မသိ
လွန်ခဲ့သော ၄ နှစ် ကကော်ဖီမုန့်ကိုဘာနဲ့ရောပီးထုပ်တာလဲဗျ
mg myo
လွန်ခဲ့သော ၅ နှစ် ကပျိးပင် သို့မဟုတ် အစေ့ ဘယ်မှာရနိုင်သလဲခဗျ
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ဆရာများခဗျစုတ်ဖွားဆေးအကြောင်းလေးရှင်းပြပေးပါလားဗျ
သူရစိုး • ဖြေကြားချက် 0 ခု
ဆရာခရမ်းချဥ်အတွက် ပိူတက်သီးသန့်မရလို့ ဝိစာရရဲ့ 15 ပတ်လည်ကွန်ပေါင်းပဲကျွေးခဲ့ပါတယ်ဆရာအဆင်ပြေရဲ့လားဆရာ အတာပီးဘယ်နှစ်ရက်နေမှ မန်ကိုဇက်ဖျန်းသင့်လဲဆရာ အပင်ပုမျိုးဆိုတော့ အတန်းတန်းပေးဖို့လိုသေးလားဆရာ
U Yan • ဖြေကြားချက် 0 ခု
ဧရာပဒေသာစပါး ပါ အပင်က ဘေးရွက်တွေ နီပြီး ခြောက်နေပါတယ် ဘယ်လို ကုသရမလဲ
Nay • ဖြေကြားချက် 3 ခု
စားတော်ပဲအတွက် ပဲမြစ်ဖုဇီဝမြေသြဇာ ဘယ်မှာဝယ်လို့ရနိုင်ပါလဲခင်ဗျာ ဒီနှစ်မှ စားတော်ပဲစစိုက်မှာဖြစ်လို့ ပါ
Nay • ဖြေကြားချက် 1 ခု
ဆရာတို့ခင်ဗျာ (1)ကြက်သွန်မြိတ်ပိုးရဲ့ သဘောသဘာဝက ရေရှိတာကိုကြိုက်တာလား ရေမရှိတာကို ကြိုက်တာလားသိပါရစေ။ (၂)ဖြုတ်ပိုးက စပါးမြုံဆယ်မြုံစစ်ဆေးလို့ တစ်မြုံမှာ အကောင်ကြီး နှစ်ကောင်လောက်ရှိရင် ပင်ပြလက္ခဏာပြလားခင်ဗျ (၃)ဖြုတ်ပိုးက စပါးဆယ်မြုံစစ်မှ အကောင်ကြီး နှစ်ကောင် သုံးကောင်လို့ တွေ့တာကို ပင်ပြလက္ခဏာက တစ်ခင်းလုံးဝါနေတာပါ( ပုံမရိုက်ဖြစ်လို့ပါ ) အနားသက်မညီပါဘူး အဖျားတွေခြောက်နေပါတယ် ဘက်တီးရီးယားလို့ယူဆနိုင်လားဆရာတို့ခင်ဗျာ။
Thurain Htun • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၂၄ -၂၈.၈.၂၀၂၆)
29/08/2026
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022