အစိမ်းရောင်လမ်း
ဘင်္ဂလားဒေ့ရှ်သို့ ငါးနှစ်အတွင်း ဆန်တန်ချိန် တစ်သန်း တင်ပို့နိုင်ရန် သဘောတူ လက်မှတ်ရေးထိုး

ဘင်္ဂလားဒေ့ရှ်သို့ ငါးနှစ်အတွင်း ဆန်တန်ချိန် တစ်သန်း တင်ပို့နိုင်ရန် သဘောတူ လက်မှတ်ရေးထိုး

Green Way
Green Way 23/01/2018
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ငါးနှစ်အတွင်း တန်ချိန်တစ်သန်း တင်ပို့ရောင်းချနိုင်ရန် နားလည်မှု စာချွန်လွှာ (MOU) လက်မှတ်ရေးထိုးထားပြီးဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။ အဆိုပါ ဆန်ဝယ်ယူမှု သဘောတူစာချွန်လွှာကို ဘင်္ဂလားဒေ့ရှ် စားနပ်ရိက္ခာ ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတို့က နေပြည်တော် Hilton ဟိုတယ်၌ စက်တင်ဘာ ၇ ရက်က နှစ်နိုင်ငံ အစိုးရချင်း (G to G) ရေးထိုးခဲ့ခြင်းဖြစ်သည်။ 
 
ကုန်သွယ်ရေး  ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက “အခုလို သဘောတူညီမှု ရရှိနိုင်ဖို့ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက မြန်မာဆန်ကုန်သည်တွေ ဘင်္ဂလားဒေ့ရှ် သွားပြီးတော့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တာပေါ့။ သူတို့ဘက်က အဓိက ဆန်ဖြူကို ဝယ်ယူကို ဝယ်ယူမှာပါ။ ပို့တာကတော့ ကုန်သည်တွေကပဲ စျေးနှုန်းညှို့နိုင်းပြီး တင်ပို့ရမှာပါ။” ဟု ပြောသည်။ 
 
အဆိုပါ ဆန်တန်ချိန် တစ်သန်းထံမှ ဆန်တန်ချိန် နှစ်သိန်းခွဲနှင့် ပေါင်းဆန် တန်ချိန် နှစ်သောင်းအပါအဝင် တန်ချိန်  သုံးသိန်းကို  ယခုနှစ် အောက်တိုဘာလ နှင့် နိုဝင်ဘာလများတွင် ဦးစွာ တင်ပို့ပေးရမည်ဖြစ်ပြီး ငါးနှစ်အတွင်း ဆန်တန်ချိန်တစ်သန်း တင်ပို့နိုင်ရေးကို  ဆက်လက်ဆောင်ရွက် မည်ဖြစ်ကြောင်း သိရသည်။ 
 
လက်ရှိ ရေးထိုးထားသည့် သဘောတူ စာချုပ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ဆန်ကွဲ ၁၀ ရာခိုင်နှုန်းသာ ပါဝင်သော ဆန်များ ဝယ်ယူနိုင်ရေးနှင့် သုံးလအတွင်း တင်ပို့ရောင်းချရေး သဘောတူချက်များ ပါဝင်သကဲ့သို့ မြန်မာဘက်မှ ရောင်းချမည့် ဆန်စျေးနှုန်းကိုလည်း ကမ္ဘာ့ပေါက်စျေးထက် မနိမ့်သော စျေးနှုန်းဖြင့် ဝယ်ယူသွားမည်ဟု ပါရှိကြောင့်း သိရသည်။ 
 
တရုတ်နိုင်ငံကို အားထားနေရသည့် မြန်မာ့ ဆန်စပါးစျေးကွက်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံအပါအဝင် ဥရောပ စျေးကွက်များသို့ တိုးချဲ့လာနိုင်သည့်အတွက် ရေရှည်တွင် ခိုင်မာသည့် စျေးကွက်များသို့ တိုးချဲ့လာနိုင်သည့် စျေးကွက်ဖြစ်လာနိုင်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချူပ် ဒုတိယဥက္ကဠ ဒေါက်တာစိုးထွန်းက ပြောကြားသည်။
 
 “ရောင်းချမယ့်စျေးနှုန်းတော့ မသတ်မှတ်ရသေးပါဘူး။ ဒီလိုစျေးကွက်ရထားတာ အခွင့်အရေး တစ်ရပ်ပါ။ ပုဂ္ဂလိက ဆန်ကုန်သည်တွေပဲ ချိတ်ဆက်ပို့မှာ ဖြစ်ပါတယ်” ဟု ဒေါက်တာစိုးထွန်းက ဆက်လက်ပြောကြားသည်။  
 
ယခုနှစ်တွင် မြန်မာနိုင်ငံလုံး၌  စပါးစိုက်ပျိုးမှုမှာ မိုးစပါး ၁၅ သန်းခန့် ရှိပြီး နွေစပါး နှစ်သန်းခန့်ရှိကြောင်း စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။ ဇာလင်းသူ(AMIA)
 
မြန်မာ့အလင်းသတင်းစာမှ ပြန်လည်ကူးယူဖော်ပြထားပါသည်။
You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဆရာများခဗျစုတ်ဖွားဆေးအကြောင်းလေးရှင်းပြပေးပါလားဗျ

သူရစိုး • ဖြေကြားချက် 0 ခု

ဆရာခရမ်းချဥ်အတွက် ပိူတက်သီးသန့်မရလို့ ဝိစာရရဲ့ 15 ပတ်လည်ကွန်ပေါင်းပဲကျွေးခဲ့ပါတယ်ဆရာအဆင်ပြေရဲ့လားဆရာ အတာပီးဘယ်နှစ်ရက်နေမှ မန်ကိုဇက်ဖျန်းသင့်လဲဆရာ အပင်ပုမျိုးဆိုတော့ အတန်းတန်းပေးဖို့လိုသေးလားဆရာ

U Yan • ဖြေကြားချက် 0 ခု

ဧရာပဒေသာစပါး ပါ အပင်က ဘေးရွက်တွေ နီပြီး ခြောက်နေပါတယ် ဘယ်လို ကုသရမလဲ

Nay • ဖြေကြားချက် 3 ခု

စားတော်ပဲအတွက် ​ပဲမြစ်ဖုဇီဝမြေသြဇာ ဘယ်မှာဝယ်လို့ရနိုင်ပါလဲခင်ဗျာ ဒီနှစ်မှ စားတော်ပဲစစိုက်မှာဖြစ်လို့ ပါ

Nay • ဖြေကြားချက် 1 ခု

ဆရာတို့ခင်ဗျာ (1)ကြက်သွန်မြိတ်ပိုးရဲ့ သဘောသဘာဝက ရေရှိတာကိုကြိုက်တာလား ရေမရှိတာကို ကြိုက်တာလားသိပါရစေ။ (၂)ဖြုတ်ပိုးက စပါးမြုံဆယ်မြုံစစ်ဆေးလို့ တစ်မြုံမှာ အကောင်ကြီး နှစ်ကောင်လောက်ရှိရင် ပင်ပြလက္ခဏာပြလားခင်ဗျ (၃)ဖြုတ်ပိုးက စပါးဆယ်မြုံစစ်မှ အကောင်ကြီး နှစ်ကောင် သုံးကောင်လို့ တွေ့တာကို ပင်ပြလက္ခဏာက တစ်ခင်းလုံးဝါနေတာပါ( ပုံမရိုက်ဖြစ်လို့ပါ ) အနားသက်မညီပါဘူး အဖျားတွေခြောက်နေပါတယ် ဘက်တီးရီးယားလို့ယူဆနိုင်လားဆရာတို့ခင်ဗျာ။

Thurain Htun • ဖြေကြားချက် 2 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။