မြေကြီးကိုသေချာစွာ အစာကျွေးထားရင် ဘာအကျိုးရသလဲ
အော်ဂဲနစ် လယ်ယာစိုက်ပျိုးရေးမှာ အဓိကအရေးကြီးတဲ့ အခြေခံအချက်က ဇီဝသက်ရှိများဖြစ်တဲ့ ဘက်တီးရီးယား၊ မှို၊ ပရိုတိုဇွ၊ နီမတုတ်၊ ပိုးမွှားများနှင့် တီကောင်များက အဆွေးပစ္စည်းတွေကို အာဟာရသတ္တုဓာတ်အဖြစ်ပြောင်းလဲပေးပြီး အပင်တွေစားသုံးလို့ရအောင် လုပ်ပေးတယ်ဆိုတာသိပါပြီနော်။ ဒါကြောင့်မို့လို့ အော်ဂဲနစ်လယ်ယာရဲ့ “Feed the soil not the plant”, “မြေကြီးကိုအစာကျွေးပါ။” ဆိုတဲ့ ဆောင်ပုဒ်အတိုင်း အော်ဂဲနစ်အပင်တို့ရဲ့ အခြေခံပစ္စည်းဖြစ်တဲ့ အဆွေးပစ္စည်းမျိုးစုံတွေကို မိမိတို့စိုက်ကွက်ထဲ လုံလောက်အောင် ထည့်ပေးရပါတယ်။
မြေကြီးထဲကို အဆွေးပစ္စည်းတွေကို ထည့်ပေးခြင်းဖြင့် ရရှိမယ့် အကျိုးကျေဇူးတွေကို တိတိကျကျ ပြန်လည်ဖော်ပြရရင်တော့...
- အဏုဇီဝ သက်ရှိတွေရဲ့ လှုပ်ရှားမှုရှိနေတဲ့ (သို့) ရှင်သန်နေတဲ့ မြေဆီလွှာ အစာအဖွဲ့အစည်းအဖြစ် ထောက်ပံ့ပေးပါတယ်။
- အပင်ကျန်းမာရေးအတွက် လိုအပ်သော အဓိကနဲ့ အနည်းငယ်လို အာဟာရဓာတ်များကိုပေးပါတယ်။
- မြေဆီလွှာတည်ဆောက်မှုကောင်းပြီးတော့၊ ထယ်ရေးထွန်ရေးပိုကောင်းပိုလွယ်စေပါတယ်။
- မြေကြီးမှာ ရေကိုပိုပြီး စုပ်ထားနိုင်ပြီး၊ သီးနှံပိုမိုအသုံးပြုလို့ရတယ်။ ရေထိန်းထားနိုင်တယ်။
- အာဟာရများကို သိုလှောင်တဲ့စွမ်းရည်မြင့်မားလာစေပါတယ်။
- အာဟာရများကို တဖြည်းဖြည်းချင်းထုတ်ပေးတယ်။ မပျော်ဝင်နိုင်သော သတ္တုပစ္စည်းများကို အပင်အ သုံးပြုလို့ရတဲ့ ရေမှာပျော်ဝင်သောပုံစံ၊ အာဟာရသတ္တုဓာတ်သို့ပြောင်းလဲပေးတယ်။
- ပိုးမွှားနှင့်ရောဂါဒဏ်ကြံ့ခိုင်မှုကို ပိုမိုတိုးတက်လာစေတယ်။
- ရေအရည်အသွေးကို ထိန်းသိမ်းကာကွယ်ပေးထားတယ်။ နိုက်ထရိတ်ဓာတ်တွေမြေအောက်ရေသို့ ပျောက်ဆုံးခြင်း မဖြစ်အောင် မြေဆီလွှာ အဏုဇီဝတွေကအမြစ်ဇုံတွေမှာ နိုက်ထရိုဂျင်ကို ဆုပ်ကိုင်ပေး ထားတယ်။
- မိမိစိုက်ပျိုးတဲ့ အပင်ကို ကျန်းမာသန်စွမ်းစေတယ်။
- ဟင်းသီးဟင်းရွက်ကို အနံ့အရသာနဲ့ ပြည့်စုံစေတယ်။ ပန်းပွင့်ကို အထူးလှပစေတယ်။
မြို့/ရွာတွေမှာ အမှိုက်သရိုက်တွေ ဖယ်ရှားကာ လယ်ယာမှာ အသုံးပြုခြင်းဖြင့် ညစ်ညမ်းမှုမျိုးစုံကိုလည်း လျော့ကျစေ ပါတယ်။ ဒါပေမယ့် မြို့ပေါ်အမှိုက်မျိုးစုံမှာက ပလတ်စတစ်နှင့် ကော်ပါဝင်မှု၊ ဓာတုပိုးသတ်ဆေးဓာတ်ကြွင်းများ၊ ခဲဓာတ်၊ ဇင့်၊ ပြဒါး၊ သံဓါတ်ကဲ့သို့ အဆိပ်ဖြစ်စေ သတ္တုပစ္စည်းပါဝင်နေတတ်သည့်အတွက် အော်ဂဲနစ်က မထောက်ခံပါဘူး။ ကျေးရွာအမှိုက် ကျတော့ အိမ်ခြံများရှိသီးစားပင်၊ အရိပ်များမှ ကြွေကျသော သစ်ရွက် ကြွေများဖြစ်သည့်အတွက် အော်ဂဲနစ်မှာ အသုံးပြုနိုင်ပါတယ်။
အခြေခံ အော်ဂဲနစ် လယ်ယာ (မင်းဝင်းထိန်-B.Ag)
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ကရင်မစပါးပါ ပုံပါအတိုင်း ဝါနေလို ဘာဖြစ်တာလည်း
ဦးလင်း • ဖြေကြားချက် 3 ခု
ဆရာ မန်ကိုဇက်နဲ့ အမိုင်နိုအက်စစ် အဲ့ဆေးနှစ်မျိုးတွဲ ဖျန်းလို့ရလားဆရာ
U Yan • ဖြေကြားချက် 1 ခု
ခရမ်းချဉ် အပင်ပုတ်နေလို့ပါဘာဖြစ်လို့လည်းခမျရှင်းပြပေးပါ
Ba Gyan • ဖြေကြားချက် 2 ခု
စပါးလဲနေတာဘာလုပ်ရမလဲ အထွက်စုံနေပီ
aye Myat mon • ဖြေကြားချက် 1 ခု
ယနေ့ နှမ်းစျေးဘယ်လောက် ပေါက်လဲဗျ ကျေးဇုူးပြုပြီး ဖြေကြားပေးစေလိုပါတယ်
si thu • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Green Way
အားလုံး
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....