‘မွေးမြူရေးကဏ္ဍအတွက်ခေါင်းလောင်းသံ’ နှင့် တစ်ပတ်အတွင်း စိတ်ဝင်စားစရာသတင်းဆောင်းပါးများ
အာရှတိုက်ရဲ့ အကြီးမားဆုံး မွေးမြူရေးပြပွဲကြီးဖြစ်တဲ့ VIV Asia 2023 ကို မတ်လ ၈ ရက်ကနေ ၁၀ ရက်အထိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ၃ ရက်တိုင်တိုင် ကျင်းပခဲ့သည်။ ယင်းနှင့်ဆက်စပ်ပြီး ထိုပွဲကိုကိုယ်တိုင် တက်ရောက်ခဲ့သည့် ဒေါက်တာသက်ခိုင် ရေးသားခဲ့သည့် ဆောင်းပါးတစ်ပုဒ်ကို ပြီးခဲ့သည့်တစ်ပတ်အတွင်း Green Way တွင် ဖော်ပြခဲ့သည်။

ပွဲတွင် လာရောက်ခင်းကျင်းပြသမှုများ၊ ဟောပြောပွဲများနှင့်ဆက်စပ်ပြီး အနာဂတ် ကမ္ဘာ့မွေးမြူရေးကဏ္ဍအလားအလာများအကြောင်းကို ဖော်ပြထားခြင်းဖြစ်သည်။
နည်းပညာခေတ်ကြီးတွင် အရာရာ တိုးတက် ပြောင်းလဲနေပါသည်။ အပြောင်းအလဲများကို မျက်ခြေပြတ်သွားပါက အတွေးအခေါ်ဟောင်းများတွင် နစ်ကျန်ခဲ့ပါလိမ့်မည်။ အတွေးအခေါ်ဟောင်းများနှင့် တစ်ဦးချင်းမဆင်မခြင်အမှားများမှသည် ကဏ္ဍတစ်ခုလုံးလိုက်အထိ ထိခိုက်မှုများရှိသွားနိုင်ပါသည်။ ထို့ကြောင့် ခေတ်နှင့်အညီအပြောင်းအလဲများပြင်ဆင်နေဖို့ လိုအပ်မည်ဖြစ်ပါသည်။
ဆောင်းပါးတွင် ဒေါက်တာသက်ခိုင်က အောက်ပါအချက်ငါးချက်ကို ဆွေးနွေးထားသည်။
- (၁) ပဋိဇီဝဆေးဝါးတွေအတွက် နေရာကျဉ်းလာနေပြီ။
- (၂) အင်ဇိုင်းနဲ့ ပရိုဘိုင်အိုးတစ်တွေ နေရာယူလာကြပြီ။
- (၃) ဇီဝနည်းပညာက ရှေ့တန်းရောက်လာလိမ့်မယ်။
- (၄) အသေးစားမွေးမြူရေးဆိုတာ စကားထဲထည့်ပြောလို့ မရနိုင်တော့ဘူး။
- (၅) အင်းဆက်တွေ ပါလာပြီ။
စိတ်ဝင်စားစရာ ချပြမှုများဖြစ်သည်။ အနာဂတ်တွင် အဆင်သင့်ဖြစ်ချင်နေသည်ဆိုပါက အထက်ဖော်ပြပါ အချက်များနှင့်ဘယ်လိုလိုက်လျောညီထွေဖြစ်အောင် ကြိုတင်ပြင်ဆင်မှုတွေလုပ်ကြမလဲဆိုတာကို ထည့်သွင်း စဉ်းစားထားသင့်ပါသည်။ နံပါတ် (၄) အချက်ဖြစ်သည့် အသေးစားမွေးမြူရေးသမားတွေဘယ်လိုရှင်သန်အောင် ကြိုတင်ပြင်ဆင်ထားကြမလဲဆိုသည်ကပင် အတော်အရေးကြီးလှပြီ။
ယင်းအချက် (၅) ချက်နှင့်ပတ်သက်ပြီး ဘယ်လိုဆွေးနွေးတင်ပြချက်တွေပြုလုပ်ထားသလဲဆိုသည်ကို အသေးစိတ်သိလိုလျှင်တော့ အောက်ပါလင့်တွင် အပြည့်အစုံ ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
ပြီးခဲ့သည့်တစ်ပတ်အတွင်း စိတ်ဝင်စားစရာတွေထဲမှာ မတ်ပဲ၊ ပဲစင်းငုံနီဈေးတွေ သိသိသာသာ ပြန်တက်လာတာ လည်း ပါသည်။ ပြီးခဲ့သည့်နှစ်ကုန်ပိုင်းတုန်းက အမြင့်ဆုံးဈေးတွေထိရောက်ခဲ့သော မတ်ပဲနှင့် ပဲစင်းငုံဈေးများ သည် ယခုနှစ် ၂၀၂၃ အစပိုင်းတွင်တော့ အကျဘက်ကို ပြန်ရောက်သွားခဲ့သည်။ သို့သော် ယခုအချိန်မှာတော့ ယခင်အမြင့်ဆုံးဖြစ်ခဲ့သည့်ဈေးတွေနားထိတောင် ပြန်ရောက်လာနေပြီ။
ဒီပဲဈေးတွေက ထုံးစံအတိုင်း အိန္ဒိယဝယ်လိုအားပေါ် မူတည်နေခြင်းဖြစ်သည်။ သို့သော် မတ်ပဲဈေးတွေ တက်နေရခြင်းမှာတော့ အရင်အမြင့်ဈေးတွေနှင့်ဝယ်ထားသည့် လက်ကြီးသမားများက ဈေးဆွဲတင်နေတာတွေ ကြောင့်လည်း ပါနေသည်ဟုသိရသည်။ လက်ရှိတွင် တောင်သူတွေလက်ထဲမှာလည်း မတ်ပဲတွေ၊ ပဲစင်းငုံနီ လက်ကျန်တွေ မရှိသလောက်ဖြစ်နေတာကလည်း ဒီလိုဈေးတွေတက်နေခြင်းရဲ့ အကြောင်းရင်းတစ်ခုဟု ဆိုသည်။ ဆိုတော့ ဘာကြောင့် အခုလို ဈေးတွေတက်နေရတာလဲ၊ ရှေ့အလားအလာကော ဘယ်လိုရှိနေလဲ ဆိုတာတွေကိုတော့ အောက်ပါလင့်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
ပြီးခဲ့သည့်တစ်ပတ်အတွင်း ထူးခြားဖြစ်စဉ်များထဲတွင် အချိန်အခါမဟုတ် မိုးရွာသွန်းမှုများကြောင့် နောက်ဆက် တွဲဆိုးကျိုးများကို တောင်သူအချို့ ခံခဲ့ရခြင်းလည်းပါသည်။ လက်ရှိမှာလည်း မြန်မာနိုင်ငံအနောက်ပိုင်းနဲ့ မြောက်ပိုင်းတချို့မှာ အချိန်အခါမဟုတ် မိုးရွာသွန်းမှုတွေ၊ မိုးသီးကြွေနိုင်မှုတွေ၊ လေပြင်းတိုက်ခတ်မှုတွေ ကြုံရနိုင်ကြောင်း နိုင်ငံတကာမိုးလေဝသ ထုတ်ပြန်ချက်များကိုကိုးကားပြီး မိုးလေဝသခန့်မှန်းချက်များ ထုတ်ပြန်ပေးနေသူ ဦးဝင်းနိုင်က သတိပေးထားသည်။
ဒီလိုအချိန်အခါမဟုတ်မိုးများ ဝင်လာနေခြင်းမှာ Indian Dipole ဖြစ်စဉ်ကြောင့်ဟု ဦးဝင်းနိုင်က သုံးသပ်ထား သည်။ ဆိုတော့ Indian Dipole ဆိုတာ ဘယ်လိုမျိုးလဲ၊ လက်ရှိမှာကော ဘယ်ဒေသတွေမှာ မိုးလေအန္တရာယ်တွေ ရှိနေလဲဆိုတာတွေကို သိချင်လျှင်တော့ အောက်ပါလင့်ကနေ ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
အချိန်အခါမဟုတ်မိုးများမှာ ဆက်တိုက်လာနေခြင်းမျိုးဖြစ်နေ၍ တောင်သူများအနေဖြင့် မိုးလေဝသဖြစ်စဉ် ထုတ်ပြန်သတိပေးချက်များကို အချိန်ပြည့်သတိထားစောင့်ကြည့်ပြီး ကြိုတင်ပြင်ဆင်နိုင်သည်များ ပြင်ဆင်ကြဖို့တော့ တိုက်တွန်းလိုပါသည်။
တကယ်တော့ ပြီးခဲ့သည့်တစ်ပတ်အတွင်းမှာ စိုက်ပျိုးမွေးမြူရေးနယ်ပယ်ထက် တခြားနယ်ပယ်က စိတ်ဝင်စားစရာကိစ္စတွေက အများကြီး ပိုကြီးခဲ့သည်ဟု ဆိုနိုင်သည်။ စိုက်ပျိုးရေးထုတ်ကုန်ဈေးကွက်၊ ဓာတ်မြေဩဇာဈေးကွက်ကို သိသိသာသာ သက်ရောက်မှုရှိစေခဲ့သည့် ယူကရိန်း - ရုရှား အရေးနှင့်ပတ်သက်၍ ရုရှားသမ္မတပူတင်ကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး(ICC) က ဖမ်းဝရမ်းထုတ်လိုက်ခြင်းကိစ္စကတော့ စိတ်ဝင်စားခံရမှု အမြင့်ဆုံးဖြစ်ခဲ့မည်ထင်သည်။
ကမ္ဘာ့စိုက်ပျိုးရေးထုတ်ကုန်ဈေးကွက်နှင့် ဓာတ်မြေဩဇာဈေးကွက်မှာ အရေးပါသည့် ရုရှား၊ ယူကရိန်းတို့နှင့် ဆက်စပ်နေခြင်းဖြစ်၍ ဒီကိစ္စက စိုက်ပျိုးရေးဈေးကွက်အပေါ် နောက်ဆက်တွဲ သက်ရောက်မှုတွေ ရှိမလာဘူးဟုလည်း ပုံသေကားချ မဆိုနိုင်ပေ။ ဒီဖြစ်စဉ်အစပိုင်းတုန်းကတော့ သိသိသာသာ သက်ရောက်မှုရှိခဲ့ပြီး ယခုအချိန်ထိလည်း နောက်ဆက်တွဲသက်ရောက်မှုတွေရှိနေဆဲဖြစ်ပါသည်။
ဒီတစ်ပတ်အတွက် ရင်ကိုထိရှစေသော သတင်းဆောင်းပါးများကဏ္ဍကိုတော့ ဒီလောက်နှင့်ပဲ နိဂုံးချုပ်ပါရစေ။ တောင်သူဦးကြီးဒေါ်ကြီးအပေါင်းလည်း ရုန်းကန်လှုပ်ရှားရမှုများကို အမြန်ဆုံးကျော်ြဖတ်ပြီး အကောင်းဆုံးတွေ ရရှိပိုင်ဆိုင်နိုင်ကြပါစေ။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ဆရာများခဗျစုတ်ဖွားဆေးအကြောင်းလေးရှင်းပြပေးပါလားဗျ
သူရစိုး • ဖြေကြားချက် 0 ခု
ဆရာခရမ်းချဥ်အတွက် ပိူတက်သီးသန့်မရလို့ ဝိစာရရဲ့ 15 ပတ်လည်ကွန်ပေါင်းပဲကျွေးခဲ့ပါတယ်ဆရာအဆင်ပြေရဲ့လားဆရာ အတာပီးဘယ်နှစ်ရက်နေမှ မန်ကိုဇက်ဖျန်းသင့်လဲဆရာ အပင်ပုမျိုးဆိုတော့ အတန်းတန်းပေးဖို့လိုသေးလားဆရာ
U Yan • ဖြေကြားချက် 0 ခု
ဧရာပဒေသာစပါး ပါ အပင်က ဘေးရွက်တွေ နီပြီး ခြောက်နေပါတယ် ဘယ်လို ကုသရမလဲ
Nay • ဖြေကြားချက် 3 ခု
စားတော်ပဲအတွက် ပဲမြစ်ဖုဇီဝမြေသြဇာ ဘယ်မှာဝယ်လို့ရနိုင်ပါလဲခင်ဗျာ ဒီနှစ်မှ စားတော်ပဲစစိုက်မှာဖြစ်လို့ ပါ
Nay • ဖြေကြားချက် 1 ခု
ဆရာတို့ခင်ဗျာ (1)ကြက်သွန်မြိတ်ပိုးရဲ့ သဘောသဘာဝက ရေရှိတာကိုကြိုက်တာလား ရေမရှိတာကို ကြိုက်တာလားသိပါရစေ။ (၂)ဖြုတ်ပိုးက စပါးမြုံဆယ်မြုံစစ်ဆေးလို့ တစ်မြုံမှာ အကောင်ကြီး နှစ်ကောင်လောက်ရှိရင် ပင်ပြလက္ခဏာပြလားခင်ဗျ (၃)ဖြုတ်ပိုးက စပါးဆယ်မြုံစစ်မှ အကောင်ကြီး နှစ်ကောင် သုံးကောင်လို့ တွေ့တာကို ပင်ပြလက္ခဏာက တစ်ခင်းလုံးဝါနေတာပါ( ပုံမရိုက်ဖြစ်လို့ပါ ) အနားသက်မညီပါဘူး အဖျားတွေခြောက်နေပါတယ် ဘက်တီးရီးယားလို့ယူဆနိုင်လားဆရာတို့ခင်ဗျာ။
Thurain Htun • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၂၄ -၂၈.၈.၂၀၂၆)
29/08/2026
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
More from Green Way
အားလုံး
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....