တစ်ပတ်အတွင်း ကမ္ဘာ့ရော်ဘာဈေးကွက် သုံးသပ်ချက်
ပြီးခဲ့တဲ့အပတ်သောကြာနေ့မှာ အတက်နဲ့ပိတ်ပြီး၊ တနင်္လာနေ့ဈေးပြန်ဖွင့်တဲ့နေ့မှာလည်း တက်လိုက်တာ တိုကျို ကုန်စည်အိတ်ချိန်း TOCOM မှာ ရော်ဘာဈေးက သုံးလခွဲအတွင်း အမြင့်ဆုံးဈေးကို ရောက်သွားတယ်။ TOCOM ကိုကြည့်ကြတဲ့အကြောင်းက ဒီဈေးကွက်ဟာ ကျနော်တို့အရှေ့တောင်အာရှရဲ့ တိုင်ယာသုံးရော်ဘာ RSS3 ဈေးကို အရိပ်ထိုးလို့ပဲ။ တစ်ခါ TOCOM ကလည်း ခုနောက်ပိုင်း ရှန်ဟိုင်းရဲ့ SHFE ဈေးကွက်ကို မှီနေပြန်တယ်။ တရုတ် SHFE မှာက ဈေးကွက်ကြီးတယ်။ အနုတ်အသိမ်းများတယ်လေ။ တရုတ်က ရော်ဘာ ဝယ်လက် အကြီးဆုံးဖြစ်နေတယ်။ အခုတနင်္လာနေ့မှာ တက်တာလည်း SHFE မှာ ဈေးမာ နေလို့ပါ။
တနင်္လာနေ့မှာ ဒေါ်လာနဲ့ယှဉ်တဲ့ယန်းဈေးကမြင့်နေတယ်။ ဒီတော့ ယန်းနဲ့ သတ်မှတ်ထားတဲ့ ရော်ဘာကို အခြား ငွေကြေးဒေါ်လာနဲ့ဝယ်တဲ့အခါ ဈေးကြီးသွားတယ်။ ဈေးကြီးရင် အဝယ်နည်းပြီး ဈေးကျရမယ်။ ဒါပေမယ့် တနင်္လာနေ့မှာ ဈေးတက်တာက SHFE ဈေးကသိပ်မာ နေလို့ပါ။
သူတို့ဆီက ဈေးကွက်ကျွမ်းကျင်သူခန့်မှန်းတာက “ရော်ဘာဈေးတက်စရာ အကြောင်းအရင်းဘာမှမရှိပေမယ့် တရုတ်နှစ်သစ်ကူးမတိုင်မီ သူတို့ဆီမှာဈေးတက်လေ့ရှိတော့ သူတို့ဝယ်စုကြတယ်လေ။ နောက်ပြီး ရော်ဘာဈေးက အခြေခံအားဖြင့်ကို ကောင်းနေတာမဟုတ်တော့ ဒီလိုဈေးတက်တာက ရေရှည်ခံမှာမဟုတ်ပါဘူး” တဲ့။
အင်္ဂါနေ့နဲ့ ဗုဒ္ဓဟူးနေ့ မှာတော့ တိုကျိုရဲ့ TOCOM ရော်ဘာဈေးဟာ သုံးလခွဲအတွင်းအမြင့်ဆုံး ရောက်နေရာမှ အနိမ့်ဆုံးနီးပါး ပြန်ဆွဲချသွားပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေက ဈေးအတက်မှာ အမြတ်နဲ့ထုတ်ရောင်းကြတဲ့ အတွက်ကြောင့်ရယ်၊ ယန်းကလည်း ဒေါ်လာနဲ့ ယှဉ်ရာမှာ အမြင့်မှာဆက်ရှိနေတာကြောင့်ရယ်ပါပဲ။ ထုတ်ရောင်း ကြရင် ဈေးကွက်မှာပစ္စည်းများလာမယ်။ တစ်ခါ ယန်းကမာနေတော့ ဒေါ်လာနဲ့ဝယ်ရင် ဈေးကြီး နေဦးမယ်။ ပြီးတော့ သူမှီနေတဲ့ ရှန်ဟိုင်းဈေးကလည်း တစ်တန်ကို ၁၄၅ ယွမ်တောင်ကျသွားတော့ TOCOM ကဘယ်နေတော့မလဲ ကျပြီပေါ့။ စျေးပိတ်တော့ ၂၁၂.၉ ယန်း/ကီလိုဂရမ်ဈေးနဲ့ပိတ်တယ်။
ကြာသပတေးနေ့မှာ တိုကျိုရဲ့ TOCOM မှာဈေးပြန်တက်သွားပါတယ်။ ၂ ရက်တာ ဈေးကျနေပြီးနောက် ထိုင်းနိုင်ငံမှ ရော်ဘာလက်ငင်းဈေး(physical price) မြင့်လာတယ်၊၊ ယန်းငွေဟာလည်း အမေရိကန် ဒေါ်လာနဲ့ ယှဉ်ရာမှာ ဈေးနိမ့်သွားတဲ့အတွက်ကြောင့်ပါပဲလို့ ကုန်သည်တွေက ပြောပါတယ်။
" ထိုင်းမှ ရော်ဘာထုတ်လုပ်သူတွေက ဈေးအမြင့်ရကြတာကလည်း ဈေးကွက်ကို အထောက်အပံ့ပြုပါတယ်" လို့ တိုရှိတက တဇဝ ကပြောပါတယ်။ သူက ဖူဂျီတိုမိကုမ္ပဏီမှ ကုန်စည်လေ့လာဆန်းစစ်သူပါ။ ထိပ်သီးရော်ဘာ ထုတ်လုပ်သူ ၃ နိုင်ငံရဲ့ ရော်ဘာအိတ်စပို့လျှော့ချခြင်းက အကျိုးသက်ရောက်မှုရှိလာပြီလို့ သူက မှတ်ချက်ပြု ပါတယ်။ ယန်းဈေးကျရင် ယန်းနဲ့သတ်မှတ်တဲ့ ရော်ဘာဟာ ဒေါ်လာနဲ့ဝယ်ရင် ဈေးသက်သာကာ အဝယ်လိုက် ပါတယ်။ အဝယ်လိုက်တော့လည်း ဈေးတက်ရပြန်တာပါပဲ။
ရော်ဘာဈေးအတက်/အကျ အကြောင်းရင်းတွေက တွေ့ရတဲ့အတိုင်း အမျိုးမျိုးပါပဲ။ ခုတွေ့ရတာက ပုံမှန်အတက် အကျဖြစ်စေတဲ့ အကြောင်းတွေပါ။ တကယ့်အကြောင်းအရင်း ကြီးကြီးမားမားကလည်း မဖြစ်သေးတော့ ရော်ဘာ ဈေးဟာ ခုဈေးတစ်ဝိုက်မှာပဲ တက်လိုက်ကျလိုက်နဲ့ဖြစ်နေဦးမှာပါ။
ညီသွေး
ဆက်စပ်ဆောင်းပါးများ
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ကရင်မစပါးပါ ပုံပါအတိုင်း ဝါနေလို ဘာဖြစ်တာလည်း
ဦးလင်း • ဖြေကြားချက် 4 ခု
ဆရာ မန်ကိုဇက်နဲ့ အမိုင်နိုအက်စစ် အဲ့ဆေးနှစ်မျိုးတွဲ ဖျန်းလို့ရလားဆရာ
U Yan • ဖြေကြားချက် 2 ခု
ခရမ်းချဉ် အပင်ပုတ်နေလို့ပါဘာဖြစ်လို့လည်းခမျရှင်းပြပေးပါ
Ba Gyan • ဖြေကြားချက် 2 ခု
စပါးလဲနေတာဘာလုပ်ရမလဲ အထွက်စုံနေပီ
aye Myat mon • ဖြေကြားချက် 1 ခု
ယနေ့ နှမ်းစျေးဘယ်လောက် ပေါက်လဲဗျ ကျေးဇုူးပြုပြီး ဖြေကြားပေးစေလိုပါတယ်
si thu • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Green Way
အားလုံး
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....