အမေးအဖြေကဏ္ဍလမ်းညွှန်
အစိမ်းရောင်လမ်း စိုက်ပျိုး/မွေးမြူရေး ဖုန်းဆော့ဝဲထဲမှာဆိုရင် စိုက်ပျိုးမွေးမြူရေးသမားတွေ၊ စိုက်/မွေး ပညာရှင်တွေ၊ ကုန်သည် တွေ၊ ပွဲရုံပိုင်ရှင်တွေနဲ့ ပညာသင်ယူနေဆဲ ကျောင်းသား/သူတွေအပါအဝင် အခြားစိတ်ဝင်စားသူတွေ စသဖြင့် စိုက်/မွေး အသိုင်းအဝိုင်း အစုံအလင်ရှိနေပါတယ်..။
အဲ့ဒီထဲမှာမှ ကိုယ့်ရဲ့အခက်အခဲ ပြဿနာတွေနဲ့ပတ်သက်လို့ မေးခွန်းမေးမြန်းတာတွေလုပ်နိုင်အောင် အမေးအဖြေ ဆိုတဲ့ ကဏ္ဍလေးတစ်ခုလည်းပါဝင်ပါတယ်..။
ဒီကဏ္ဍလေးထဲကို အသုံးပြုလိုက်ရုံနဲ့ မိမိတို့ရဲ့ စိုက်/မွေးဆိုင်ရာ ပြဿနာတွေမှာ ပညာရှင်တွေရဲ့ တိုက်ရိုက်အကြံပြုချက်တွေကို အခမဲ့ရယူနိုင်မှာပါ။
ဆိုတော့ အသုံးမချတတ်သေးသူတွေ အသုံးချနိုင်ဖို့ မေးခွန်းမေးမြန်းနည်း လမ်းညွှန်အဆင့်ဆင့်ကိုဖော်ပြပေးလိုက်ပါတယ်။
ပထမဦးစွာ လိုင်းဖွင့်ပြီး အစိမ်းရောင်လမ်းဆော့ဝဲလ်သို့ဝင်ပါ။ အစိမ်းရောင်လမ်းဖုန်းဆော့ဝဲလ်တွင် မှတ်ပုံတင်ခြင်း ပြုလုပ်ပြီးပါက အမေးအဖြေကဏ္ဍတွင် စတင်မေးမြန်းနိုင်ပါပြီ။

အဆင့်(၁) အစိမ်းရောင်လမ်းဖုန်းဆော့ဝဲလ်အတွင်း စတင်ဝင်ရောက်ပြီး ပင်မစာမျက်နှာရှိ အမေး အဖြေကဏ္ဍကိုနှိပ်ပါ။ ထို့နောက် အခြားတောင်သူဦးကြီးများ၏ မေးခွန်းများကိုတွေ့ရပါမည်။

အဆင့်(၂) မေးခွန်းမေးလိုပါက အပေါင်းသင်္ကေတ (+) လေးကို နှိပ်ပါ။ ထိုသို့နှိပ်ပြီးပါက စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ နှစ်ခုပေါ်လာပါမည်။ စိုက်ပျိုးရေးအတွက် မေးလိုပါက စိုက်ပျိုးရေးကို ရွေးချယ်ပြီး မွေးမြူးရေးအတွက် မေးလိုပါကမွေးမြူရေးကို ရွေးချယ် ရပါမည်။

အဆင့်(၃) ထိုနောက် မေးခွန်းအသစ်စာမျက်နှာတွင် “အမျိုးအစားရွေးချယ်ပါ” နေရာ၌ ပိုးမွှားရောဂါ ၊ အပင်အာဟာရ အစရှိသဖြင့် ရွေးချယ်၍ “သီးနှံရွေးချယ်ပါ” နေရာတွင်မိမိမေးလိုသော သီးနှံကို ရွေးချယ်ပါ။ ထို့နောက်‘မိတ်ဆွေ မေးချင်သော အကြောင်းအရာရိုက်ထည့်ပါ”နေရာတွင် မိမိသိလိုသော အကြောင်းအရာများကို စာရိုက်ထည့်ပါ။ ပုံနှင့်တကွ မေးမြန်းလိုပါက(ပုံထည့်မယ်)နေရာတွင်ပုံ ရိုက်၍သော်လည်းကောင်း၊ ဖုန်းအတွင်းရှိပုံများကို ရွေးချယ်၍သော်လည်းကောင်း ထည့်သွင်းပါ။

အဆင့်( ၄) အသေးစိတ်ရွေးချယ်ပြီးပါက Apply ကို နှိပ်ရပါမည်။


အခြားတောင်သူများ၏ မေးခွန်းများကို ဖြေဆိုပေးလိုပါက (ဖြေဆို) ဟူသောနေရာတွင် ဝင်ရောက်ဖြေဆိုနိုင်ပါသည်။
မိမိ၏မေးခွန်းများကို ကိုယ်ရေးအချက်အလက်ရှိ (ကိုယ်ပိုင်မေးခွန်းများ)တွင် အလွယ်တကူပြန်လည် ကြည့်ရှူ့ နိုင်ပါသည်။
(ဆောင်းပါးများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
That Paing
လွန်ခဲ့သော ၄ နှစ် က+
ဆက်စပ်ဆောင်းပါးများ
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
ဆက်စပ်မေးခွန်းများ
ကရင်မစပါးပါ ပုံပါအတိုင်း ဝါနေလို ဘာဖြစ်တာလည်း
ဦးလင်း • ဖြေကြားချက် 4 ခု
ဆရာ မန်ကိုဇက်နဲ့ အမိုင်နိုအက်စစ် အဲ့ဆေးနှစ်မျိုးတွဲ ဖျန်းလို့ရလားဆရာ
U Yan • ဖြေကြားချက် 2 ခု
ခရမ်းချဉ် အပင်ပုတ်နေလို့ပါဘာဖြစ်လို့လည်းခမျရှင်းပြပေးပါ
Ba Gyan • ဖြေကြားချက် 2 ခု
စပါးလဲနေတာဘာလုပ်ရမလဲ အထွက်စုံနေပီ
aye Myat mon • ဖြေကြားချက် 1 ခု
ယနေ့ နှမ်းစျေးဘယ်လောက် ပေါက်လဲဗျ ကျေးဇုူးပြုပြီး ဖြေကြားပေးစေလိုပါတယ်
si thu • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Green Way
အားလုံး
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....