ဒုတိယအကြိမ်လာပြီ အွန်လိုင်း ဘိုကာရှီ ထရိန်နင်!
ကိုယ့်အိမ်က မီးဖိုချောင်ထွက် စွန့်ပစ်ပစ္စည်းတွေ၊ စားကြွင်းစားကျန်တွေကို စီမံဖို့ နည်းလမ်းရှာနေတဲ့သူတွေအတွက်~
“ရာသီဥတုကလဲပူ၊ အပြင်တောင်ထွက်လို့ မနိုင်ပါဘူး။
ဒါပေမဲ့လဲ ထိရောက်တဲ့သင်တန်းတော့တတ်ချင်သား” လို့ တွေးနေပြီဆိုရင်တော့ ကျွန်တော်တို့ CPM အဖွဲ့မှ Bokashi Composting Virtual Training ကို ထပ်မံဖွင့်လှစ်ပေးလိုက်ပြီမို့ ဒီအခွင့်အရေးက သင့်အတွက်ပါပဲ။ 🎉
ပြန်လည်မိတ်ဆက်ရမယ်ဆိုရင်တော့ ကျွန်တော်တို့ Compost Point Myanmar သည် ရပ်ရွာလူထုအဖွဲ့အစည်းမှ အော်ဂဲနစ်စွန့်ပစ်ပစ္စည်းများ သုံးစွဲထုတ်လုပ်မှုပုံစံကို ဦးဆောင်ပြောင်းလဲစေရန် ရည်ရွယ်၍ အကျိုးရှိစေမဲ့ မြေဆွေးမြေသြဇာ လုပ်နည်း သင်တန်းများနှင့် သက်ဆိုင်ရာ အော်ဂဲနစ် ဗဟုသုတ၊ အတွေ့အကြုံများကို ဝေမျှပေးနေတဲ့ လူငယ်ဦးဆောင်အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။
📌ဒီသင်တန်းမှာတော့ မီးဖိုချောင်သုံးစွန့်ပစ်ပစ္စည်းများနှင့် အပင်အကြွင်းအကျန်များကို အဖိုးတန်မြေဆွေးဖြစ်အောင် ဘယ်လိုလုပ်နိုင်မလဲဆိုတာ သေချာစွာသိနိုင်မဲ့ အပြင်
Bokashi နည်းနဲ့ မြေဆွေးလုပ်နည်းကို သေသေချာချာနားလည်သဘောပေါက်သွားစေမှာပါ။
📌ဒါ့အပြင် မိမိကိုယ်တိုင်အိမ်မှာ လက်တွေ့အသုံးချနိုင်တဲ့အထိ လေ့ကျင့်ချင်သူများအတွက် CPM ရဲ့ Bokashi Bran အမှုန့်ထုပ်များကို စီစစ်ရွေးချယ်ကာ လက်ဆောင်ပေးအပ်သွားမှာဖြစ်ပြီး လေ့ကျင့်နေစဥ်တစ်လျှောက်လဲ အောင်မြင်စွာပြီးဆုံးတဲ့အထိ ကူညီအကြံပေးသွားမှာဖြစ်ပါတယ်။

📌Training အချက်အလက်အသေးစိတ်များ
- နေ့ရက် - ၆ရက်၊ ဧပြီလ၊၊ ၂၀၂၃ (ကြာသပတေးနေ့)
- အချိန် - ည ၇:၀၀ နာရီမှ ၈:၃၀ အထိ
- ပလက်ဖောင်း - Zoom
- နောက်ဆုံး စာရင်းပိတ်မည့်နေ့- ၃ရက်၊ ဧပြီလ၊ ၂၀၂၃။ ည ၇:၀၀ နာရီ
ဒီတော့ ဘိုကာရှီနည်းလမ်းနဲ့ မြေဆွေးလုပ်ဖို့ စိတ်ဝင်စားတဲ့ မည်သူမဆို အောက်ပါ linkလေးထဲဝင်ပြီး စာရင်းပေးသွင်းနိုင်ပါတယ်။
📌စာရင်းပေးသွင်းရန် link
https://forms.gle/Cf6gdkTxV7XGc4W78
ကဲ ကိုယ့်နီးစပ်ရာက စိတ်ဝင်စားတဲ့ မိတ်ဆွေ၊ သူငယ်ချင်းတွေကို လက်တို့ပေးလိုက်ပါဦးနော်။
Crd#Compost Point Myanmar
ကျော်မင်း
လွန်ခဲ့သော ၃ နှစ် ကဖေါင်ပိတ်လို့စာရင်းသွင်းမရပါ။သင်တန်းcodeကို ရက်နီးရင်ဖေါ်ပြပေးပါခင်ဗျာ။
Hnin Ei Phyu
လွန်ခဲ့သော ၃ နှစ် ကလင်ခ့် ကို နောက်တစ်ခါပြန်နှိပ်ကြည့်ပါနော်! https://forms.gle/KbbVVSbeNfQhzN3Y9 မရသေးရင် ဒီfb pageမှာ နာမည်နဲ့ email လာပြောပေးလို့ရပါတယ်ရှင်! အဆင်ပြေပါစေ! https://www.facebook.com/compostpointmyanmar?mibextid=ZbWKwL
U Aungkyawmin
လွန်ခဲ့သော ၃ နှစ် ကမရဘူး
SimonPeter Lian Bawi
လွန်ခဲ့သော ၃ နှစ် ကlink မရပါ
ဆက်စပ်ဆောင်းပါးများ
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
ဆက်စပ်မေးခွန်းများ
ကရင်မစပါးပါ ပုံပါအတိုင်း ဝါနေလို ဘာဖြစ်တာလည်း
ဦးလင်း • ဖြေကြားချက် 4 ခု
ဆရာ မန်ကိုဇက်နဲ့ အမိုင်နိုအက်စစ် အဲ့ဆေးနှစ်မျိုးတွဲ ဖျန်းလို့ရလားဆရာ
U Yan • ဖြေကြားချက် 2 ခု
ခရမ်းချဉ် အပင်ပုတ်နေလို့ပါဘာဖြစ်လို့လည်းခမျရှင်းပြပေးပါ
Ba Gyan • ဖြေကြားချက် 2 ခု
စပါးလဲနေတာဘာလုပ်ရမလဲ အထွက်စုံနေပီ
aye Myat mon • ဖြေကြားချက် 1 ခု
ယနေ့ နှမ်းစျေးဘယ်လောက် ပေါက်လဲဗျ ကျေးဇုူးပြုပြီး ဖြေကြားပေးစေလိုပါတယ်
si thu • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Green Way
အားလုံး
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....