စားသောက်ကုန်လုပ်ငန်းရှင်တွေအတွက် သတင်းကောင်း
“အာဟာရပြည့်ဝသိပ်သည်းတဲ့ အစားအစာဆိုတာကတော့ ဗိုက်တာမင်နှင့် သတ္တုဓါတ်တွေအပါအဝင် အခြားအဏုအာဟာရဓါတ်တွေ ပါဝင်တဲ့ ဒါမှမဟုတ် ၄င်းတို့ကို အထူးထည့်သွင်းထုတ်လုပ်ထားတဲ့ အားဖြည့်အစားအစာတွေဖြစ်ပါတယ်။
ဥပမာအနေနဲ့ ပြည်တွင်းက ပါဝင်ပစ္စည်းတွေ အသုံးပြုထားတဲ့ အားဖြည့် ဆန်ပြုတ်၊ ဘီစကစ်၊ ခေါက်ဆွဲ၊ စွပ်ပြုတ်/ကြက်ပေါင်းရည်နဲ့ အာဟာရဖြည့်စွက်စာတွေ ဖြစ်နိုင်သလို အခြားအာဟာရပြည့်ဝ စားသောက်ကုန် ပုံစံအမျိုးအမျိုးအနေနဲ့လည်း ဖန်တီးထုတ်လုပ်နိုင်ပါတယ်။”
အသေးစားအလတ်စား စားသောက်ကုန်လုပ်ငန်းတွေဟာ မြန်မာနိုင်ငံရဲ့ အာဟာရဆိုင်ရာစိန်ခေါ်မှုနဲ့ အခက်အခဲတွေကို ဖြေရှင်းဖို့ အရေးပါတဲ့ သော့ချက်တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် စားသောက်ကုန်လုပ်ငန်းတွေကို စွမ်းဆောင်ရည်မြှင့်တင်ပေးဖို့ “SBN PowerBiz: Building Business for Local Nutri-dense Solutions” ကို အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင်။
ဒီပရိုဂရမ်ကို SUN Business Network Myanmar နဲ့ UN World Food Programme တို့က ဦးဆောင်ကာ Impact Hub Yangon, Fresh Studio နဲ့ Wageningen University & Research တို့နှင့် နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းပါဝင်ထားပါတယ်။

ပရိုဂရမ်တွင် ပြည်တွင်းစားသောက်ကုန်ထုတ်လုပ်ရေးနယ်ပယ်ထဲက အထူးသဖြင့် အလတ်စားစီးပွားရေးလုပ်ငန်းတွေအနေနဲ့ အားလုံးလက်လှမ်းမီနိုင်မယ့် စျေးနှုန်းသင့်တင့်ပြီး အာဟာရပြည့်ဝသိပ်သည်းတဲ့ စားသောက်ကုန်တွေ ထုတ်လုပ်နိုင်ကြစေဖို့ လိုအပ်တဲ့ စီးပွားရေးဆိုင်ရာကျွမ်းကျင်မှုနဲ့ ထုတ်လုပ်မှုဆိုင်ရာနည်းပညာများ ပံ့ပိုးလမ်းညွှန်သွားမှာ ဖြစ်ပါတယ်။ ဒီလို သင်ယူစရာတွေအပြင် ဆန်ကာတင်လုပ်ငန်းတွေနဲ့ နောက်ဆုံးရွေးချယ်ခံလုပ်ငန်းတွေအတွက် ဆုကြေးငွေတွေ၊ နည်းပညာပံ့ပိုးမှုနဲ့ စျေးကွက်ချိတ်ဆက်မှုတွေ၊ ဘဏ္ဍာရေးအခွင့်အလမ်းတွေကို ချိတ်ဆက်ပံ့ပိုးပေးသွားမှာ ဖြစ်လို့ လျှောက်ထားပါဝင်နိုင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်။
ပရိုဂရမ်မှာ ဘာတွေပါဝင်မလဲဆိုတော့ အာဟာရ ပြည့်ဝသိပ်သည်းတဲ့ စားသောက်ကုန်တွေ ထုတ်လုပ်နိုင်ဖို့
၁။ စီးပွားရေးစီမံကိန်းရေးဆွဲမှုသင်တန်းနဲ့ အခြေခံထုတ်ကုန် ထုတ်လုပ်မှုသင်တန်း
၂။ စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာဆိုင်ရာ အထူးသင်တန်း
၃။ ပါဝင်လုပ်ငန်းတွေရဲ့ ထုတ်လုပ်ရေးနေရာတွေကို ကွင်းဆင်းလေ့လာခြင်းနဲ့ စောင့်ကြည့်ကြပ်မတ်ပေးခြင်း
၄။ ကျွမ်းကျင်ပညာရှင်များက တစ်ဦးချင်း အနီးကပ်လမ်းညွှန်မှုတွေ
၅။ လုပ်ငန်းအစီအစဥ်နဲ့ ဗျူဟာအသစ်တွေကို ယှဉ်ပြိုင်ရမဲ့ အစီအစဥ်တွေ
၆။ Bridging Business and Nutri Link-Up Event မှာ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အလားအလာရှိတဲ့ စီးပွားရေးမိတ်ဖက်တွေနဲ့ ချိတ်ဆက်နိုင်မယ့် အခွင့်အရေး
၇။ ဆန်ကာတင်ပါဝင်သူတွေနဲ့ နောက်ဆုံးရွေးချယ်ခံရသူတွေအတွက် ဆုကြေးငွေ၊ နည်းပညာပံ့ပိုးမှု၊ စျေးကွက်ချိတ်ဆက်မှုနဲ့ ဘဏ္ဍာရေးအခွင့်အလမ်းအမျိုးမျိုး စတဲ့ ပံ့ပိုးကူညီမှုများရရှိမှာ ဖြစ်ပါတယ်။

စိတ်ပါဝင်စားသူများအတွက် လျှောက်ထားရန်လိုအပ်ချက်တွေလဲ တစ်ပါတည်းလေ့လာကြည့်ရအောင်နော်။
၁။ မြန်မာနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ လုပ်ငန်းဖြစ်ရမယ်။
၂။ အနည်းဆုံး အချိန်ပြည့်ဝန်ထမ်း ၁၀ ဦး ရှိရမယ်။
၃။ အနည်းဆုံး ၃ နှစ် နဲ့ အထက် လည်ပတ်လျက်ရှိတဲ့ လုပ်ငန်းဖြစ်ရမယ်။
၄။ ပရိုဂရမ်ရည်ရွယ်ချက်နဲ့ ကိုက်ညီတဲ့၊ အာဟာရပြည့်ဝသိပ်သည်းတဲ့ ထုတ်ကုန်တွေ လက်ရှိထုတ်လုပ်လျက် (ဒါမှမဟုတ်) ထုတ်လုပ်ဖို့ ပြင်ဆင်လျက် ဖြစ်ရပါမယ်။
၅။ ပရိုဂရမ်ကာလအတွင်းမှာ ထုတ်ကုန်သစ်ရဲ့ ရှေ့ပြေးနမူနာကို အောင်အောင်မြင်မြင် ထုတ်လုပ်နိုင်ရမယ်။
လိုအပ်ချက်တွေ ကိုက်ညီပြီး လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး အာဟာရဆိုင်ရာ စိန်ခေါ်မှုတွေကို တစ်တပ်တအား ပါဝင်ဖြေရှင်းဖို့ အဆင်သင့်ပဲဆိုရင်တော့
လျှောက်လွှာတင်ဖို့ - https://forms.gle/ATdKCxXPkrgbmCTj7 ကနေ
နောက်ဆုံးလျှောက်ထားရမယ့်ရက် - 16th February, 2025 (Sunday) မတိုင်မီ အချိန်မီလျှောက်ထားလိုက်ပါနော်။
ပရိုဂရမ် အသေးစိတ်အချက်အလက်တွေကို ဒီလင့်ခ် [https://shorturl.at/J2pml] ကနေလည်း ဒေါင်းလုတ်ဆွဲ ရယူနိုင်ပါတယ်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
အခွင့်အလမ်းနှင့် အခြားမေးခွန်းများ
Win Ko Thu
လွန်ခဲ့သော ၁ နှစ် ကစိတ်ဝင်စားတယ်ခင်ဗျာ
ဆက်စပ်ဆောင်းပါးများ
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
ဆက်စပ်မေးခွန်းများ
ကရင်မစပါးပါ ပုံပါအတိုင်း ဝါနေလို ဘာဖြစ်တာလည်း
ဦးလင်း • ဖြေကြားချက် 4 ခု
ဆရာ မန်ကိုဇက်နဲ့ အမိုင်နိုအက်စစ် အဲ့ဆေးနှစ်မျိုးတွဲ ဖျန်းလို့ရလားဆရာ
U Yan • ဖြေကြားချက် 2 ခု
ခရမ်းချဉ် အပင်ပုတ်နေလို့ပါဘာဖြစ်လို့လည်းခမျရှင်းပြပေးပါ
Ba Gyan • ဖြေကြားချက် 2 ခု
စပါးလဲနေတာဘာလုပ်ရမလဲ အထွက်စုံနေပီ
aye Myat mon • ဖြေကြားချက် 1 ခု
ယနေ့ နှမ်းစျေးဘယ်လောက် ပေါက်လဲဗျ ကျေးဇုူးပြုပြီး ဖြေကြားပေးစေလိုပါတယ်
si thu • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Green Way
အားလုံး
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....