ကျွဲတစ်ကောင်ကို ကျပ် ၁၂ သိန်းမှ သိန်း ၅၀ အထိ စျေးတန်းရှိလာ
ပြည်တွင်း အသားစျေးကွက်မှာ အမဲသားစျေးနှုန်းမြင့်တက်နေပြီး တစ်ပိဿာကို အမြင့်ဆုံး ၃၈၀၀၀ ကျပ်အထိ ရှိလာတယ်လို့ သိရပါတယ်။
အမဲသား တစ်ပိဿာကို ၃၃၀၀၀ ကျပ်မှ ၃၈၀၀၀ ကျပ်အထိ စျေးတန်းရှိနေတာဖြစ်ပြီး အသားအနေအထားပေါ်လိုက်ကာ စျေးနှုန်းကွာခြားမှု ရှိသလို နေရာဒေသအပေါ်လိုက်ပြီးလည်း စျေးနှုန်းကွာခြားမှုရှိတယ်လို့ သိရပါတယ်။
ပြည်တွင်း အသားစားသုံးမှုမှာ အမဲသားစားသုံးမှုက ကြက်သားနဲ့ ငါးစားသုံးမှုထက်နည်းပြီး အလယ်အလတ် စားသုံးမှုသာရှိတယ်လို့ သိရပါတယ်။
"အမဲသားက လူတိုင်း သိပ်မစားဘူး။ အိမ်တစ်အိမ်မှာ လူတိုင်းစားသူဆိုတာ မရှိဘူး။ အခုက စျေးကလည်းမြင့်တော့ စားသူ ပိုနည်းတာပေါ့ ။ အမဲသားက အဆီဖတ်တွေမပါဘဲ အသားသီးသန့်ဆိုရင် စျေးကောင်းတယ်။ စျေးကောင်းတော့ အသားသီးသန့်ထက် အဆီအသားစတွေပဲ အဝယ်များတယ်" လို့ အသားရောင်းချသူ တစ်ဦးက ပြောပါတယ်။

အမဲသားစျေးကွက်ကောင်းနေတဲ့အတွက် နယ်ဒေသ ကျေးရွာဘက်တွေမှာ အသားလိုင်းထဲကိုရောင်းချနိုင်တဲ့ ခိုင်းနွားနဲ့ အသားစားနွားအပြင် ကျွဲမွေးမြူရေးကိုပါ လုပ်ကိုင်မှု ပြန်ရှိလာတယ်လို့ သိရပါတယ်။
အသားစျေးနဲ့ လယ်ယာလုပ်ငန်းခွင်သုံး နွားတွေနဲ့ ကျွဲအရှင်စျေးကွက်က ချိတ်ဆက်နေတာဖြစ်တဲ့အတွက် လက်ရှိမှာ လယ်ယာလုပ်ငန်းခွင်သုံး နွားတွေနဲ့ ကျွဲ အရှင် စျေးနှုန်းကလည်း မြင့်တက်လာနေတယ်လို့ သိရပါတယ်။
လက်ရှိမှာ ခိုင်းနွားနဲ့ ကျွဲစျေးကွက်မှာ ကျွဲတစ်ကောင်ကို ၁၂ သိန်း ကျပ်မှ သိန်း ၅၀ လောက်အထိ စျေးတန်းရှိနေပြီး အကောင်အကြီး ၊ အသေးစတဲ့ အချက်အလက်အပေါ်လိုက်ပြီး စျေးနှုန်း ကွာခြားမှုရှိတယ်လို့ သိရပါတယ်။
"နွားစျေးက ကောင်းနေတယ်။ နွားပေါက်စ အသေးတောင် ၉ သိန်း - ၁၀ သိန်းရှိတယ် ။ နွားက လှရင်လည်း စျေးပိုတယ်။ နွားက ရောင်းမယ်သာ ပြောလိုက်ရင် ဝယ်သူက ရှိပြီးသားပဲ။ ခိုင်းနွားက မရှုံးဘူးလေ။ လယ်ထဲခိုင်းလို့ရတယ် ။ မခိုင်းချင်ရင် ပြန်ရောင်းလည်းရတယ်။ လုံးဝ ခိုင်းမရတော့ဘူး ဆိုရင် အသားသမား ရောင်းလို့ရတယ်။ အသားသမားရောင်းမယ် ဆိုရင်တော့ နွားက ဝမှ စျေးကောင်းရမှာ " လို့ နွားမွေးမြူသူ လုပ်ကိုင်သူက ပြောပါတယ် ။
လယ်ယာလုပ်ငန်းခွင်မှာ အသုံးပြုဖို့ မသင့်လျော်တော့တဲ့ ခိုင်းနွားနဲ့ ကျွဲတွေကို သားသတ်ရုံတွေက အဝယ်လိုက်နေတာ ဖြစ်တယ်လို့ သိရ ပါတယ်။
နွားစျေးကွက် ကောင်းလာတဲ့အတွက် နွားကို လူငှားနဲ့ မွေးမြူမှု အထိ ရှိလာပေမယ့်လည်း လက်ရှိ နွားစျေးကွက်မှာ ရောင်းလိုအား နည်းပြီး ဝယ်လိုအား များနေသေးတယ်လို့ သိရပါတယ်။
နွား အရှင်စျေးကွက် မြင့်တဲ့အတွက် နွားဝယ်ယူ မွေးမြူနိုင်တဲ့နှုန်းကလည်း နည်းနေသေးတာ ဖြစ်တယ်လို့ သိရပါတယ် ။
နွားမွေးမြူရေးကဏ္ဍမှာ အလှမွေးနွား၊ နို့စားနွား၊ ခိုင်းနွားစသဖြင့် မွေးမြူလုပ်ကိုင်ကြပြီး လက်ရှိမှာ လယ်ယာလုပ်ငန်းခွင်နဲ့ သားသတ်ရုံတွေက အဝယ်လိုက်လာတဲ့အတွက် စျေးကွက်ကောင်းလာတာ ဖြစ်တယ်လို့ သိရပါတယ်။
ချစ်ခွန်းချို(AMIA)
AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
မွေးမြူရေးသတင်း
ဦးမျိုးမြင့်အောင်
လွန်ခဲ့သော ၈ လ ကနို့စားနွားရောရောင်းရင်ဈေးကောင်းရပါ့မလား။
ဆက်စပ်မေးခွန်းများ
ဆရာများခဗျစုတ်ဖွားဆေးအကြောင်းလေးရှင်းပြပေးပါလားဗျ
သူရစိုး • ဖြေကြားချက် 0 ခု
ဆရာခရမ်းချဥ်အတွက် ပိူတက်သီးသန့်မရလို့ ဝိစာရရဲ့ 15 ပတ်လည်ကွန်ပေါင်းပဲကျွေးခဲ့ပါတယ်ဆရာအဆင်ပြေရဲ့လားဆရာ အတာပီးဘယ်နှစ်ရက်နေမှ မန်ကိုဇက်ဖျန်းသင့်လဲဆရာ အပင်ပုမျိုးဆိုတော့ အတန်းတန်းပေးဖို့လိုသေးလားဆရာ
U Yan • ဖြေကြားချက် 0 ခု
ဧရာပဒေသာစပါး ပါ အပင်က ဘေးရွက်တွေ နီပြီး ခြောက်နေပါတယ် ဘယ်လို ကုသရမလဲ
Nay • ဖြေကြားချက် 3 ခု
စားတော်ပဲအတွက် ပဲမြစ်ဖုဇီဝမြေသြဇာ ဘယ်မှာဝယ်လို့ရနိုင်ပါလဲခင်ဗျာ ဒီနှစ်မှ စားတော်ပဲစစိုက်မှာဖြစ်လို့ ပါ
Nay • ဖြေကြားချက် 1 ခု
ဆရာတို့ခင်ဗျာ (1)ကြက်သွန်မြိတ်ပိုးရဲ့ သဘောသဘာဝက ရေရှိတာကိုကြိုက်တာလား ရေမရှိတာကို ကြိုက်တာလားသိပါရစေ။ (၂)ဖြုတ်ပိုးက စပါးမြုံဆယ်မြုံစစ်ဆေးလို့ တစ်မြုံမှာ အကောင်ကြီး နှစ်ကောင်လောက်ရှိရင် ပင်ပြလက္ခဏာပြလားခင်ဗျ (၃)ဖြုတ်ပိုးက စပါးဆယ်မြုံစစ်မှ အကောင်ကြီး နှစ်ကောင် သုံးကောင်လို့ တွေ့တာကို ပင်ပြလက္ခဏာက တစ်ခင်းလုံးဝါနေတာပါ( ပုံမရိုက်ဖြစ်လို့ပါ ) အနားသက်မညီပါဘူး အဖျားတွေခြောက်နေပါတယ် ဘက်တီးရီးယားလို့ယူဆနိုင်လားဆရာတို့ခင်ဗျာ။
Thurain Htun • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၂၄ -၂၈.၈.၂၀၂၆)
29/08/2026
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
More from AMIA
အားလုံး