ငါးမွေးမြူရေးတွင် ပါဝင်ပတ်သက်နေသူများ ပိုမိုချိတ်ဆက်နိုင်မည့် အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်မည်
ငါးမွေးမြူရေးလုပ်ငန်းစဉ်မှာ ပါဝင်ပတ်သက်နေသူတွေအားလုံး ချိတ်ဆက်မှုပိုမိုလာခြင်းဖြင့် ဈေးကွက်ပိုမိုမြှင့်တင်နိုင်ရေးရည်ရွယ်တဲ့ အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ဇန်နဝါရီ ၂၆ ရက် မနက် ၉ နာရီကစပြီး ကျိုင်းတုံမြို့၊ တိုင်လီခန်းမမှာ ပြုလုပ်သွားဖို့ရှိတယ်လို့ သိရပါတယ်။

ဒီအလုပ်ရုံဆွေးနွေးပွဲကို နှစ်ရက်ကြာ ပြုလုပ်သွားမှာဖြစ်ပြီး World Fish အဖွဲ့နှင့် မော်ကွမ်းအဖွဲ့တို့ပူးပေါင်းအကောင်အထည်ဖော်နေတဲ့ လုပ်ကွက်ငယ်တောင်သူများ၏ ငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၏ လုပ်ငန်းစဉ်တခုဖြစ်တဲ့ တောင်သူနှင့်စျေးကွက်ချိတ်ဆက်ခြင်း အလုပ်ရုံဆွေးနွေးပွဲတစ်ခုအနေနဲ့ ပြုလုပ်တာဖြစ်ပါတယ်။
ယခုအလုပ်ရုံဆွေးနွေးပွဲကနေပြုလုပ်ရတဲ့ရည်ရွယ်ချက်တွေကတော့...
- စီးပွားရေးအယူအဆများကို လုပ်ကွက်ငယ် ငါးမွေးတောင်သူများ ပိုမိုသိရှိနားလည်သဘောပေါက်လာစေရန်
- ငါးစာထုတ်လုပ်သူများ၊ ငါးသားပေါက် ထုတ်လုပ်သူများ၊ ငါးအရောင်းအဝယ်လုပ်ငန်းရှင်များ၊ အခြားသွင်းအားစုလုပ်ငန်းရှင်များနှင့် လုပ်ကွက်ငယ်ငါးမွေးတောင်သူများကြား အချင်းချင်းချိတ်ဆက်နိုင်ခြင်းဖြင့် ရေရှည်တည်တံ့မည့် ငါးမွေးမြူရေးလုပ်ငန်းစဉ်များကို အဆင့်မြှင့်တင်နိုင်ရန်နှင့်
- World fish က ကူညီပံ့ပိုးပေးထားသော ငါးစာထုတ်လုပ်သူများက ထုတ်လုပ်သည့် ငါးစာလုံးများကို ရောင်းအားမြှင့်တင်သွားနိုင်ရန်
စတာတွေဖြစ်တယ်လို့ သိရပါတယ်။
အလုပ်ရုံဆွေးနွေးပွဲမှာတော့ ငါးမွေးတောင်သူများ၊ ငါးမွေးတောင်သူများနှင့် ချိတ်ဆက်လုပ်ငန်း လုပ်ဆောင်နေ သူများနဲ့ WorldFish အဖွဲ့နှင့် မော်ကွမ်းအဖွဲ့ဝန်ထမ်းများ ပါဝင်ဆွေးနွေးမှုတွေ ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ကရင်မစပါးပါ ပုံပါအတိုင်း ဝါနေလို ဘာဖြစ်တာလည်း
ဦးလင်း • ဖြေကြားချက် 4 ခု
ဆရာ မန်ကိုဇက်နဲ့ အမိုင်နိုအက်စစ် အဲ့ဆေးနှစ်မျိုးတွဲ ဖျန်းလို့ရလားဆရာ
U Yan • ဖြေကြားချက် 2 ခု
ခရမ်းချဉ် အပင်ပုတ်နေလို့ပါဘာဖြစ်လို့လည်းခမျရှင်းပြပေးပါ
Ba Gyan • ဖြေကြားချက် 2 ခု
စပါးလဲနေတာဘာလုပ်ရမလဲ အထွက်စုံနေပီ
aye Myat mon • ဖြေကြားချက် 1 ခု
ယနေ့ နှမ်းစျေးဘယ်လောက် ပေါက်လဲဗျ ကျေးဇုူးပြုပြီး ဖြေကြားပေးစေလိုပါတယ်
si thu • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Green Way
အားလုံး
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026