တန်ဖိုးကြီး……ငါးကြီးအန်ဖတ်
ငါးကြီးအန်ဖတ် (Ambergris) ဆိုတာကတော့ စပန်းဝေလငါးကြီးများ (Sperm Whale)ရဲ့ အစာခြေလမ်းကြောင်းကနေ ထုတ်လုပ်တဲ့ အညိုပုပ်ပုပ်အရောင်ရှိတဲ့ ကျိချွဲချွဲ အရာတစ်မျိုးကို ခေါ်တာပါ။
လတ်ဆတ်တဲ့ငါးကြီးအန်ဖတ်မှာ ရေညှိနံ့လိုလို မစင်နံ့လိုလို အနံ့တစ်မျိုးရှိပါတယ်။ ငါးကြီးအန်ဖတ်က ရေမွှေးနံ့သာတွေ ထုတ်လုပ်တဲ့နေရာမှာ အသုံးဝင်တဲ့အတွက် ဈေးကွက်ထဲမှာ တန်ဖိုးကြီးကြီးနဲ့ ရောင်းချနိုင်ပါတယ်။ ငါးကြီးအန်ဖတ်ကို စပန်းဝေလငါးကြီးတွေရဲ့ သည်းခြေအိတ်ကနေ ထုတ်လုပ်ပါတယ်။ ဝေလငါးကြီးများက giant squid လို့ခေါ်တဲ့ ဧရာမကင်းမွန်ကြီးတွေကို စားတဲ့အခါ ထိုကင်းမွန်ကြီးတွေရဲ့ နှုတ်သီးချွန်တွေက ၎င်းတို့ရဲ့ အူနံရံကို အနာတရမဖြစ်စေရအောင် ကျိချွဲနေတဲ့ အရည်တစ်မျိုးကို ထုတ်ပေးတယ်လို့ ယူဆထားကြပါတယ်။
ငါးကြီးအန်ဖတ်လို့ခေါ်ပေမဲ့ တကယ်ကတော့ အန်ဖတ်မဟုတ်ပါဘူး။ အဆိုပါ အကျိအချွဲတွေကို မစင်နဲ့အတူ စအိုပေါက်ကနေ စွန့်ထုတ်လိုက်တာပါ။
တစ်ခါတလေမှာတော့ အန်ရင်းနဲ့လည်း ထွက်လာနိုင်တယ်လို့ဆိုပါတယ်။ ဝေလငါးကိုယ်ထဲက ထွက်လာပြီးတဲ့နောက် သမုဒ္ဒရာရေမျက်နှာပြင်မှာ နှစ်ပေါင်းများစွာ မျောနေပါသေးတယ်။ ထိုသို့ မျောနေစဉ်အတွင်း နေရောင်ခြည်နဲ့ ကြာမြင့်စွာထိတွေ့တဲ့အခါ အောက်ဆီဂျင်နဲ့ပေါင်းပြီး အရောင်မဲလာကာ မာကျောလာပါတယ်။ ထိုအခါမှာတော့ ငါးကြီးအန်ဖတ်က အရက်ပြန်လက်သန့်ဆေးထဲမှာပါတဲ့ isopropyl alcohol လိုအနံ့မျိူး ရှိလာပါတယ်။ ဒါပေမယ့် အရက်ပြန်လိုလည်း အနံ့စူးရှခြင်းမရှိပါဘူး။
ငါးကြီးအန်ဖတ်က ပင်လယ်ထဲမျောနေပြီးနောက် ကမ်းရိုးတန်းဒေသတစ်ခုခုမှာ သောင်တင်လေ့ရှိပါတယ်။ အတ္တလန္တိတ်ကမ်းရိုးတန်းတလျှောက်၊ တောင်အာဖရိက၊ မာဒါဂါစကာ၊ အရှေ့တောင်အာရှ၊ မော်ဒိုက်၊ တရုတ်၊ ဂျပန်၊ ဩစတေးလျနဲ့ နယူးဇီလန်တို့မှာ အများဆုံးတွေ့ရပါတယ်။
ငါးကြီးအန်ဖတ်က အရွယ်အစား အမျိုးမျိုးရှိနိုင်ပါတယ်။ ၁၅ ဂရမ်လောက်ကနေ ကီလို ၅၀ လောက်ထိ တွေ့ရတတ်ပါတယ်။
ငါးကြီးအန်ဖတ်ထဲမှာ အဓိကပါဝင်တဲ့ ဒြပ်ပေါင်းတွေကတော့ ambrein၊ ambroxan နဲ့ ambrinol တို့ပဲဖြစ်ပါတယ်။
ငါးကြီးအန်ဖတ်ကို အဓိကအားဖြင့် ရေမွှေးနံ့သာတွေထုတ်တဲ့နေရာမှာ fixator (အနံ့ပေါင်းဆေး) အနေနဲ့ အသုံးပြုပါတယ်။ သို့သော်လည်း ဝေလငါးများရှားပါးလာမှု့နဲ့အတူ ငါးကြီးအန်ဖတ်ရဲ့ဈေးကလည်း အဆမတန်ကြီးမြင့်လာတာကြောင့် ရေမွှေးထုတ်လုပ်သူတွေက အစားထိုးဒြပ်ပေါင်းများကို အသုံးပြုလာနေကြပါပြီ။
ပင်လယ်ပြာ(ငါးဦးစီး)
Ref; http://www.bk burmese knowledge. com မှကောက်နှုတ်ဖော်ပြပါသည်။
ဆက်စပ်မေးခွန်းများ
ဆရာများခဗျစုတ်ဖွားဆေးအကြောင်းလေးရှင်းပြပေးပါလားဗျ
သူရစိုး • ဖြေကြားချက် 0 ခု
ဆရာခရမ်းချဥ်အတွက် ပိူတက်သီးသန့်မရလို့ ဝိစာရရဲ့ 15 ပတ်လည်ကွန်ပေါင်းပဲကျွေးခဲ့ပါတယ်ဆရာအဆင်ပြေရဲ့လားဆရာ အတာပီးဘယ်နှစ်ရက်နေမှ မန်ကိုဇက်ဖျန်းသင့်လဲဆရာ အပင်ပုမျိုးဆိုတော့ အတန်းတန်းပေးဖို့လိုသေးလားဆရာ
U Yan • ဖြေကြားချက် 0 ခု
ဧရာပဒေသာစပါး ပါ အပင်က ဘေးရွက်တွေ နီပြီး ခြောက်နေပါတယ် ဘယ်လို ကုသရမလဲ
Nay • ဖြေကြားချက် 3 ခု
စားတော်ပဲအတွက် ပဲမြစ်ဖုဇီဝမြေသြဇာ ဘယ်မှာဝယ်လို့ရနိုင်ပါလဲခင်ဗျာ ဒီနှစ်မှ စားတော်ပဲစစိုက်မှာဖြစ်လို့ ပါ
Nay • ဖြေကြားချက် 1 ခု
ဆရာတို့ခင်ဗျာ (1)ကြက်သွန်မြိတ်ပိုးရဲ့ သဘောသဘာဝက ရေရှိတာကိုကြိုက်တာလား ရေမရှိတာကို ကြိုက်တာလားသိပါရစေ။ (၂)ဖြုတ်ပိုးက စပါးမြုံဆယ်မြုံစစ်ဆေးလို့ တစ်မြုံမှာ အကောင်ကြီး နှစ်ကောင်လောက်ရှိရင် ပင်ပြလက္ခဏာပြလားခင်ဗျ (၃)ဖြုတ်ပိုးက စပါးဆယ်မြုံစစ်မှ အကောင်ကြီး နှစ်ကောင် သုံးကောင်လို့ တွေ့တာကို ပင်ပြလက္ခဏာက တစ်ခင်းလုံးဝါနေတာပါ( ပုံမရိုက်ဖြစ်လို့ပါ ) အနားသက်မညီပါဘူး အဖျားတွေခြောက်နေပါတယ် ဘက်တီးရီးယားလို့ယူဆနိုင်လားဆရာတို့ခင်ဗျာ။
Thurain Htun • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၂၄ -၂၈.၈.၂၀၂၆)
29/08/2026
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
More from နှင်းဖြူဖြူ
အားလုံး
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
မြန်မာမြေက မွေးဖွားခဲ့သော ရှားပါးရတနာ — မြန်မာ့ကြယ်လိပ်
26/01/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....