စီးပွားရေးအရအရေးပါသော ကဏန်းနီ ခေါ် ဘုန်းကြီးကဏန်း
ကဏန်းနီကို မြိတ်ဒေသအခေါ်အရ “ဘုန်းကြီးကဏန်း” ဟု လူသိများကြပြီး အင်္ဂလိပ်လို “Spanner Crab or Frog Crab” ဟု ခေါ်ဆိုကြပါသည်။ သိပ္ပံအမည်မှာ “Ranina ranina” ဖြစ်သည်။
ကဏန်းနီဆိုသည့်အတိုင်း အရောင်မှာ အနီရောင်ဖြစ်ပြီး ၄င်း၏ကျောခွံ (carapace)မှာ အရှေ့ဘက်တွင်ကျယ်ပြန့်ပြီး နီညိုရောင်ရှိကာ အဖြူရောင်အစက်အပျောက် အနည်းငယ်ပါရှိကြပါသည်။ ထူးခြားချက်မှာ ကဏန်းနီများသည် ညဘက်တွင်သာ ပင်လယ်ရေအောက်ကြမ်းပြင်မှာ သွားလာကျက်စားတတ်ကြပြီး သွားလာသည့်အခါ ဘေးတိုက်မသွားဘဲ အတည့်အတိုင်းသွားသည့် မျိုးစိတ်ဖြစ်သည်။ နေ့ဘက်တွင်မူ ကဏန်းနီများမှာ သဲထဲတွင် နစ်မြုပ်ပြီးနေတတ်သော သဘာဝရှိကြသည်။
ကဏန်းနီမျိုးစိတ်များမှာ အရွယ်အစားအားဖြင့် 150 mm (၅.၉ လက်မ) ထိ ကြီးထွားနိုင်ကြပြီး အလေးချိန်အားဖြင့် 900 gm(2.0 ပေါင်) ထိ ရှိကြပါသည်။
အပူပိုင်းနှင့် အပူလျော့ပိုင်းဒေသများတွင် ကဏန်းနီမျိုးစိတ်များကို တွေ့ရှိရပါသည်။ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှရှိ ကမ်းရိုးတန်းဒေသများတွင်လည်း တွေ့ရှိရပါသည်။
မြန်မာနိုင်ငံတွင် ကဏန်းနီ(ခေါ်) ဘုန်းကြီးကဏန်းကို တနင်္သာရီတိုင်းဘက်တွင် ပိုမိုတွေ့ရပြီး မြိတ်ကျွန်းစုမှ ရေမိုင် ၁၀၀ ကျော်ဝေးသော ပင်လယ်ရေပြင်တွင် သံမြှုံးများကို ရေအောက်ကြမ်းပြင်သို့ချ၍ ဖမ်းဆီးခြင်းဖြစ်ပြီး ဖမ်းဆီးမှုကြာမြင့်ချိန်သည် လှေတစ်ခေါက်ထွက်လျှင် ပင်လယ်ပြင်တွင် ၂ ပတ်ခန့် ကြာမြင့်သည်ဟု ကဏန်းနီဖမ်းသော ရေလုပ်သားများ ပြောပြချက်အရ သိရပါသည်။
ပင်လယ်ပြင်မှ ဖမ်းဆီးရမိလာသော ကဏန်းနီများကို ကုမ္ပဏီနှင့် အအေးခန်းစက်ရုံများက ဝယ်ယူကြပြီး အေးခဲပြုပြင်၍ ဂျပန်၊ ဟောင်ကောင်၊ တရုတ်၊ ထိုင်ဝမ် စသည့်နိုင်ငံများသို့ တင်ပို့ရောင်းချကြကြောင်း သိရပါသည်။ ကဏန်းနီကိုပုံမှန်အားဖြင့် စက်တင်ဘာလမှ ဖေဖော်ဝါရီ လထိ ဖမ်းဆီးကြသည်ဟု သိရပါသည်။
ရေထွက်ပစ္စည်းစျေးကွက်အတွင်း ကဏန်းနီကို Spanner Crab ဟုခေါ်ဆိုကြပြီး ပြည်ပစျေးကွက်သို့ အများဆုံးတင်ပို့ရသည့် ရေထွက်ကုန်ပစ္စည်းများတွင် ကဏန်းနီသည်လည်း တစ်ခုပါဝင်ကြောင်း စျေးကွက်အတွင်းမှ သိရပါသည်။
ကဏန်းနီ၏ကိုယ်ထည်မှာ အချို့တွင် လူကြီးလက်ဖဝါးစာ အရွယ်လောက်ရှိကြပြီး တချို့မှာ လူမျက်နှာအရွယ်ခန့်ထိ အရွယ်အစားမျိုးစုံရှိကြပါသည်။ ကိုယ်ထည်မှာ အသားများပြီး အလွန်ချိုပါသည်။
ကဏန်းနီ ခေါ် ဘုန်းကြီးကဏန်းကို ပေါင်းစား၊ ကင်စား၊ ကဏန်းမဆလာချက်၊ ကဏန်းချဥ်စပ် ၊ကဏန်းထမင်းကြော်၊ ကဏန်းကော်ကြော်၊ အသားထွင်းပြီး ကြက်ဥနဲ့ကြော်စား၊ ပြုတ်ပြီး အချဥ်ရည်ဖြင့်တို့စား စသဖြင့် ပြုလုပ်စားသုံးကြပါသည်။
ကဏန်းနီ ခေါ် ဘုန်းကြီးကဏန်းမှာ အရွယ်အစားပေါ်မူတည်ပြီး 1kg ကို ၁၀၀၀၀ - ၁၂၀၀၀ ကျပ် စျေးနှုန်းရှိကြပါသည်။
ကဏန်းနီ (ခေါ်) ဘုန်းကြီးကဏန်း၏ အသေးစိတ်အချက်အလက် (Scientific Classification)မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
Phylum (မျိုးပေါင်းစု) - Arthropoda
Sub-Phylum (တဆင့်ခံ မျိုးပေါင်းစု) - Crustacea
Class (အမျိုးအစား) – Malacostraca
Order(မျိုးစဥ်) - Decapoda
Family (မျိုးရင်း) - Raninidae
Genus(မျိုးစု) - Ranina
Species (မျိုးစိတ်) - R.ranina ဟူ၍ ဖြစ်ကြပါသည်။
ပင်လယ်ပြာ(ငါးဦးစီး)
Ref: wikipedia.
ဆက်စပ်မေးခွန်းများ
ကရင်မစပါးပါ ပုံပါအတိုင်း ဝါနေလို ဘာဖြစ်တာလည်း
ဦးလင်း • ဖြေကြားချက် 3 ခု
ဆရာ မန်ကိုဇက်နဲ့ အမိုင်နိုအက်စစ် အဲ့ဆေးနှစ်မျိုးတွဲ ဖျန်းလို့ရလားဆရာ
U Yan • ဖြေကြားချက် 1 ခု
ခရမ်းချဉ် အပင်ပုတ်နေလို့ပါဘာဖြစ်လို့လည်းခမျရှင်းပြပေးပါ
Ba Gyan • ဖြေကြားချက် 2 ခု
စပါးလဲနေတာဘာလုပ်ရမလဲ အထွက်စုံနေပီ
aye Myat mon • ဖြေကြားချက် 1 ခု
ယနေ့ နှမ်းစျေးဘယ်လောက် ပေါက်လဲဗျ ကျေးဇုူးပြုပြီး ဖြေကြားပေးစေလိုပါတယ်
si thu • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from နှင်းဖြူဖြူ
အားလုံး
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
မြန်မာမြေက မွေးဖွားခဲ့သော ရှားပါးရတနာ — မြန်မာ့ကြယ်လိပ်
26/01/2026